Covid ေၾကာင့္ကြဲကြာေနၾကရၿပီး ျပန္လည္ေတြ႕ဆုံနိုင္ဖို႔ နယ္စပ္မွာ ရြက္ေလွျဖင့္ ႏႈတ္ဆက္လွမ္းေမ်ွာ္ေနၾကရတဲ့ မိသားစုဝင္မ်ား(႐ုပ္သံ)

ၿပီးခဲ့တဲ့စေန ေအာက္တိုဘာလ၂၄ရက္ေန႔က မေလးရွားနိုင္ငံသား အေယာက္၅၀ေက်ာ္ခန္႔ဟာ ရြက္ေလွျဖင့္ စင္ကာပူနိုင္ငံမွာရွိေနတဲ့သူတို့ရဲ့မိသားစုဝင္ေတြကို မနီးမေဝးတစ္ေနရာမွ လွမ္းေမၽွာ္ၾကည့္ခဲ့ၾကပါတယ္။Covid-19 ေၾကာင့္ နယ္စပ္ျဖတ္ခရီးသြားျခင္းကို ပိတ္ပင္တားျမစ္ထားၿပီး မေလးရွားနိုင္ငံသားမ်ားစြာနဲ႔ စင္ကာပူမွာအလုပ္လုပ္ကိုင္ေနၾကတဲ့ သူတို့ရဲ့မိသားစုဝင္ေတြဟာ လြန္ခဲ့တဲ့လေပါင္းမ်ားစြာကတည္းက တသီးတျခားစီေနထိုင္ခဲ့ၾကရပါတယ္။R&F Princess Cove မွ Johorရဲ့သတင္းအရ မေလးရွားလူမ်ိဳးေတြကို ရြက္ေလွမွ သူတို့ခ်စ္ျမတ္နိုးရတဲ့သူေတြနဲ႔ ျပန္လည္ေတြ႕ဆုံနိုင္မဲ့ ပြဲတစ္ခုကို မေလးရွားနိုင္ငံဘက္က စီစဥ္ေပးခဲ့ပါတယ္။

အဆိုပါပြဲဟာ မိသားစု အစု ၂၀ခန္႔ကို အနီးဆုံးအကြာအေဝးတစ္ခုမွ ေသခ်ာျမင္ေတြ႕ရေအာင္ လုပ္ေပးနိုင္ခဲ့ပါတယ္။ရြက္ေလွေပၚႏွင့္ စင္ကာပူနိုင္ငံ Woodlands Waterfrontပန္းၿခံရွိ မိသားစုဝင္ေတြဟာ သူတို့ ခ်စ္ခင္ေၾကာင္း၊သတိရေနေၾကာင္းေဖာ္ျပနိုင္ရန္ “I love you “၊”we miss you “စတဲ့စကားလုံးေတြပါတဲ့ စာတန္းေတြ၊ဆိုင္းဘုတ္ေတြကို အျပန္အလွန္ ေထာင္ျပခဲ့ၾကပါတယ္။ေနာက္ဆုံးေတာ့ ရက္ေပါင္း ၂၀၀ေက်ာ္ၿပီးမွ မိသားစုဝင္ေတြအခ်င္းခ်င္း ျပန္ေတြ႕ၾကရေတာ့ တခ်ိဳ့ဟာ မ်က္ရည္ေတြက်ခဲ့ၾကရၿပီး တခ်ိဳ့က”ခ်စ္တယ္ မိန္းမရယ္”၊”ေက်းဇူးတင္တယ္”လို့လည္း ေအာ္ေနခဲ့ၾကပါတယ္။

စင္ကာပူနိုင္ငံရွိ ေရွ႕တန္းအလုပ္သမားမ်ားအပါအဝင္ မေလးရွားလူမ်ိဳးေတြဟာ သူတို့ဇနီးမ်ား၊ကေလးမ်ားႏွင့္ေတြ႕ဆုံနိုင္ခဲ့တဲ့အခြင့္အေရးေပးတဲ့အတြက္ ေက်းဇူးတင္စကားဆိုခဲ့ေၾကာင္း 8World Newsသတင္းအရ သိရပါတယ္။Covid-19 ကူးစက္ေရာဂါႀကီးမၾကာမီအျမန္ၿပီးဆုံးသြားၿပီး ကြဲကြာေနၾကရတဲ့ ဇနီးေမာင္ႏွံေတြနဲ႔ မိသားစုဝင္တို့အျမန္ဆုံးျပန္လည္ဆုံစည္းနိုင္ပါေစလို့လည္း ေမၽွာ္လင့္တႀကီး ဆုေတာင္းမိေနပါတယ္။

1

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့စနေ အောက်တိုဘာလ၂၄ရက်နေ့က မလေးရှားနိုင်ငံသား အယောက်၅၀ကျော်ခန့်ဟာ ရွက်လှေဖြင့် စင်ကာပူနိုင်ငံမှာရှိနေတဲ့သူတို့ရဲ့မိသားစုဝင်တွေကို မနီးမဝေးတစ်နေရာမှ လှမ်းမျှော်ကြည့်ခဲ့ကြပါတယ်။Covid-19 ကြောင့် နယ်စပ်ဖြတ်ခရီးသွားခြင်းကို ပိတ်ပင်တားမြစ်ထားပြီး မလေးရှားနိုင်ငံသားများစွာနဲ့ စင်ကာပူမှာအလုပ်လုပ်ကိုင်နေကြတဲ့ သူတို့ရဲ့မိသားစုဝင်တွေဟာ လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက တသီးတခြားစီနေထိုင်ခဲ့ကြရပါတယ်။R&F Princess Cove မှ Johorရဲ့သတင်းအရ မလေးရှားလူမျိုးတွေကို ရွက်လှေမှ သူတို့ချစ်မြတ်နိုးရတဲ့သူတွေနဲ့ ပြန်လည်တွေ့ဆုံနိုင်မဲ့ ပွဲတစ်ခုကို မလေးရှားနိုင်ငံဘက်က စီစဉ်ပေးခဲ့ပါတယ်။

အဆိုပါပွဲဟာ မိသားစု အစု ၂၀ခန့်ကို အနီးဆုံးအကွာအဝေးတစ်ခုမှ သေချာမြင်တွေ့ရအောင် လုပ်ပေးနိုင်ခဲ့ပါတယ်။ရွက်လှေပေါ်နှင့် စင်ကာပူနိုင်ငံ Woodlands Waterfrontပန်းခြံရှိ မိသားစုဝင်တွေဟာ သူတို့ ချစ်ခင်ကြောင်း၊သတိရနေကြောင်းဖော်ပြနိုင်ရန် “I love you “၊”we miss you “စတဲ့စကားလုံးတွေပါတဲ့ စာတန်းတွေ၊ဆိုင်းဘုတ်တွေကို အပြန်အလှန် ထောင်ပြခဲ့ကြပါတယ်။
နောက်ဆုံးတော့ ရက်ပေါင်း ၂၀၀ကျော်ပြီးမှ မိသားစုဝင်တွေအချင်းချင်း ပြန်တွေ့ကြရတော့ တချို့ဟာ မျက်ရည်တွေကျခဲ့ကြရပြီး တချို့က”ချစ်တယ် မိန်းမရယ်”၊”ကျေးဇူးတင်တယ်”လို့လည်း အော်နေခဲ့ကြပါတယ်။

စင်ကာပူနိုင်ငံရှိ ရှေ့တန်းအလုပ်သမားများအပါအဝင် မလေးရှားလူမျိုးတွေဟာ သူတို့ဇနီးများ၊ကလေးများနှင့်တွေ့ဆုံနိုင်ခဲ့တဲ့အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်စကားဆိုခဲ့ကြောင်း 8World Newsသတင်းအရ သိရပါတယ်။Covid-19 ကူးစက်ရောဂါကြီးမကြာမီအမြန်ပြီးဆုံးသွားပြီး ကွဲကွာနေကြရတဲ့ ဇနီးမောင်နှံတွေနဲ့ မိသားစုဝင်တို့အမြန်ဆုံးပြန်လည်ဆုံစည်းနိုင်ပါစေလို့လည်း မျှော်လင့်တကြီး ဆုတောင်းမိနေပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment