Lion King ကာတြန္းဇာတ္ကားၾကည့္ရင္း ဝမ္းနည္းပူေဆြးကာ ငိုေႂကြးခဲ့တဲ့ ေခြးမေလး

ကၽြန္ေတာ္တို့အမ်ားစုဟာ ဝမ္းနည္းစရာေကာင္းတဲ့႐ုပ္ရွင္ၾကည့္ေနရင္း စိတ္ခံစားမွုအနည္းငယ္ျဖစ္သြားျခင္းဟာ ပုံမွန္ျဖစ္ေပမဲ့ ေခြးတစ္ေကာင္ရဲ့ဒီလိုမ်ိဳးတုံ႔ျပန္မွုမ်ိဳးကိုေတာ့ သင္ျမင္ဖူးပါသလား။Tennessee ျပည္နယ္၊Chattanooga ၿမိဳ့ရွိအိမ္ေမြးတိရိစၧာန္ပိုင္ရွင္ Josh Myers ႏွင့္ Hannah တို့ဟာ ၁၉၉၄ ခုႏွစ္ Disney ရဲ့အေကာင္းဆုံးကာတြန္းဇာတ္ကားတစ္ကားျဖစ္တဲ့ Lion King ကာတြန္းကားကိုၾကည့္ေနခဲ့ပါတယ္။Luna လို့ေခၚတဲ့ ေခြးမေလးကေတာ့ သူမရဲ့ကစားစရာေတြႏွင့္သာကစားေနခဲ့ၿပီး မၾကာမီမွာေတာ့ ေခြးမေလးဟာ TVဖန္သားျပင္ေပၚသို့ စတင္အာ႐ုံစူးစိုက္လာကာ Lion King ကာတြန္းကားရွိ အစ္ကိုျဖစ္သူ Scar ရဲ့ထိုးႏွက္တိုက္ခိုက္မွုဒဏ္ကို ခံလိုက္ရၿပီးေနာက္ေသဆုံးသြားခဲ့တဲ့ Mufasa ရဲ့အျဖစ္အပ်က္ကိုစိတ္လွုပ္တရွားၾကည့္ရင္း Luna ဟာဝမ္းနည္းေၾကကြဲစြာ ငိုေႂကြးၿငီးတြားေနခဲ့ပါတယ္။TVၾကည့္ရင္းငိုေနတဲ့ Luna ေလးကိုျမင္ရတာ ငါျမင္ဖူးသမၽွထဲမွာအခ်ိဳသာဆုံးပါပဲ၊Simbaက်ားေလးက သူ႔အေဖနားလဲလိုက္ေတာ့ သူမလည္း လိုက္လဲေလ်ာင္းခဲ့တယ္ဟု ပိုင္ရွင္ျဖစ္သူ Josh ကဆိုခဲ့ပါတယ္။အဆိုပါLunaေလးရဲ့ဗီဒီယိုဟာ social media ေပၚပ်ံ႕ႏွံ့သြားၿပီး netizenေတြဟာ မကူညီနိုင္ခဲ့ေပမဲ့ ခ်စ္စရာေကာင္းတဲ့ေခြးမေလးကိုေတာ့ သေဘာက်ကာခ်စ္မဝျဖစ္ခဲ့ၾကရပါတယ္။

1

2

3

4

5

Jasmine (Mckzone Daily)

Source: elitereaders

Unicode

ကျွန်တော်တို့အများစုဟာ ဝမ်းနည်းစရာကောင်းတဲ့ရုပ်ရှင်ကြည့်နေရင်း စိတ်ခံစားမှုအနည်းငယ်ဖြစ်သွားခြင်းဟာ ပုံမှန်ဖြစ်ပေမဲ့ ခွေးတစ်ကောင်ရဲ့ဒီလိုမျိုးတုံ့ပြန်မှုမျိုးကိုတော့ သင်မြင်ဖူးပါသလား။Tennessee ပြည်နယ်၊Chattanooga မြို့ရှိအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင် Josh Myers နှင့် Hannah တို့ဟာ ၁၉၉၄ ခုနှစ် Disney ရဲ့အကောင်းဆုံးကာတွန်းဇာတ်ကားတစ်ကားဖြစ်တဲ့ Lion King ကာတွန်းကားကိုကြည့်နေခဲ့ပါတယ်။Luna လို့ခေါ်တဲ့ ခွေးမလေးကတော့ သူမရဲ့ကစားစရာတွေနှင့်သာကစားနေခဲ့ပြီး မကြာမီမှာတော့ ခွေးမလေးဟာ TVဖန်သားပြင်ပေါ်သို့ စတင်အာရုံစူးစိုက်လာကာ Lion King ကာတွန်းကားရှိ အစ်ကိုဖြစ်သူ Scar ရဲ့ထိုးနှက်တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရပြီးနောက်သေဆုံးသွားခဲ့တဲ့ Mufasa ရဲ့အဖြစ်အပျက်ကိုစိတ်လှုပ်တရှားကြည့်ရင်း Luna ဟာဝမ်းနည်းကြေကွဲစွာ ငိုကြွေးငြီးတွားနေခဲ့ပါတယ်။TVကြည့်ရင်းငိုနေတဲ့ Luna လေးကိုမြင်ရတာ ငါမြင်ဖူးသမျှထဲမှာအချိုသာဆုံးပါပဲ၊Simbaကျားလေးက သူ့အဖေနားလဲလိုက်တော့ သူမလည်း လိုက်လဲလျောင်းခဲ့တယ်ဟု ပိုင်ရှင်ဖြစ်သူ Josh ကဆိုခဲ့ပါတယ်။အဆိုပါLunaလေးရဲ့ဗီဒီယိုဟာ social media ပေါ်ပျံ့နှံ့သွားပြီး netizenတွေဟာ မကူညီနိုင်ခဲ့ပေမဲ့ ချစ်စရာကောင်းတဲ့ခွေးမလေးကိုတော့ သဘောကျကာချစ်မဝဖြစ်ခဲ့ကြရပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment