တစ်ညလုံး သီချင်းနားထောင်ပြီး အိပ်စက်ခဲ့လို့ ဖုန်းပေါက်ကွဲကာ ဦးခေါင်းကွဲကြေပြီးသေဆုံးသွားခဲ့ရတဲ့ မိန်းကလေး

အသက် 14နှစ်အရွယ်ကောင်မလေးတစ်ယောက်ဟာ ဖုန်းကိုတစ်ညလုံးသူမ၏အနီးတွင်ထားပြီးအားသွင်းထားကာ သီချင်းနားထောင်နေခဲ့တဲ့အတွက် ဖုန်းပေါက်ကွဲသွားခဲ့ပြီး သူမ၏ဦးခေါင်းတွင်လည်းဒဏ်ရာများစွာရရှိခဲ့ကာ သေဆုံးသွားခဲ့ရပါတယ် ။ Kazakhstan နိုင်ငံမှာနေထိုင်တဲ့ Alua Asetkyzy Abzalbek အမည်ရှိတဲ့ကောင်မလေးဟာ အားသွင်းထားတဲ့ဖုန်းနဲ့ တစ်ညလုံးသီချင်းဖွင့်ပြီးအိပ်ရာဝင်သွားခဲ့တာပါ ။ သူမ၏ဆွေမျိုးတော်စပ်သူက သူမကိုသေဆုံးလျက်တွေ့ရှိခဲ့တဲ့အတွက် ဆေးဖက်အကူများကိုအကြောင်းကြားပြီး အကူအညီတောင်းခံခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ သူမ၏ဖုန်းကိုတစ်ညလုံးအားသွင်းထားခဲ့တဲ့အတွက် ဖုန်းရဲ့ဘက်ထရီက မနက်ခင်းမှာမှထပြီးပေါက်ကွဲသွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ သူမဖုန်းရဲ့ တံဆိပ်အမျိုးအစားကိုတော့ ဖော်ပြထားခြင်းမျိုးမရှိပါဘူး ။

သူမရဲ့အချစ်ဆုံးသူငယ်ချင်းကတော့ ” ငါအခုထိမယုံနိုင်သေးဘူး ၊ နင်က အကောင်းဆုံးပဲ ၊ ငါတို့ကလေးဘဝကတည်းက အတူတူရှိနေခဲ့ကြတာလေ ၊ နင်မရှိတော့ အတော်လေးကိုခက်ခဲတယ် ၊ ငါနင့်ကို အရမ်းသတိရတယ် ၊ နင်ငါ့ကို တစ်သက်လုံးအပြီးတိုင်ထားခဲ့ပြီပဲ ” ဆိုပြီးသူမရဲ့ facebook မှာရေးသားထားခဲ့ပါတယ် ။

ဒီလိုမတော်တဆမှုမျိုးကတော့ လူတိုင်းလိုလိုမှာဖြစ်သွားနိုင်ပါတယ် ။ သင့်အထင်မှာတော့ ငါလည်းတစ်ညလုံးဖုန်းအားသွင်းတာပဲဆိုပြီဘားမှမဖြစ်ပါဘူးလို့ထင်နေပေမဲ့လည်း အန္တရာယ်ဆိုတဲ့အရာက ကြိုတင်မမြင်နိုင်ပါဘူး ။ အထူးသဖြင့် တစ်ညလုံးဖုန်းအားသွင်းဖြစ်မယ်ဆိုရင်လည်း ကိုယ့်ရဲ့အဝေးမှာသာထားပြီး သွင်းသင့်ပါတယ် ။ ထို့အပြင် ဖုန်းအားသွင်းနေတုန်းဖုန်းကို လုံးဝအသုံးမပြုသင့်ပါဘူး ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

အသက္ 14ႏွစ္အရြယ္ေကာင္မေလးတစ္ေယာက္ဟာ ဖုန္းကိုတစ္ညလံုးသူမ၏အနီးတြင္ထားၿပီးအားသြင္းထားကာ သီခ်င္းနားေထာင္ေနခဲ့တဲ့အတြက္ ဖုန္းေပါက္ကြဲသြားခဲ့ၿပီး သူမ၏ဦးေခါင္းတြင္လည္းဒဏ္ရာမ်ားစြာရ႐ွိခဲ့ကာ ေသဆံုးသြားခဲ့ရပါတယ္ ။ Kazakhstan ႏိုင္ငံမွာေနထိုင္တဲ့ Alua Asetkyzy Abzalbek အမည္႐ွိတဲ့ေကာင္မေလးဟာ အားသြင္းထားတဲ့ဖုန္းနဲ႔ တစ္ညလံုးသီခ်င္းဖြင့္ၿပီးအိပ္ရာဝင္သြားခဲ့တာပါ ။ သူမ၏ေဆြမ်ိဳးေတာ္စပ္သူက သူမကိုေသဆံုးလ်က္ေတြ႔႐ွိခဲ့တဲ့အတြက္ ေဆးဖက္အကူမ်ားကိုအေၾကာင္းၾကားၿပီး အကူအညီေတာင္းခံခဲ့ပါတယ္ ။ သတင္းအရင္းအျမစ္အရ သူမ၏ဖုန္းကိုတစ္ညလံုးအားသြင္းထားခဲ့တဲ့အတြက္ ဖုန္းရဲ႕ဘက္ထရီက မနက္ခင္းမွာမွထၿပီးေပါက္ကြဲသြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ သူမဖုန္းရဲ႕ တံဆိပ္အမ်ိဳးအစားကိုေတာ့ ေဖာ္ျပထားျခင္းမ်ိဳးမ႐ွိပါဘူး ။

သူမရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းကေတာ့ ” ငါအခုထိမယံုႏိုင္ေသးဘူး ၊ နင္က အေကာင္းဆံုးပဲ ၊ ငါတို႔ကေလးဘဝကတည္းက အတူတူ႐ွိေနခဲ့ၾကတာေလ ၊ နင္မ႐ွိေတာ့ အေတာ္ေလးကိုခက္ခဲတယ္ ၊ ငါနင့္ကို အရမ္းသတိရတယ္ ၊ နင္ငါ့ကို တစ္သက္လံုးအၿပီးတိုင္ထားခဲ့ၿပီပဲ ” ဆိုၿပီးသူမရဲ႕ facebook မွာေရးသားထားခဲ့ပါတယ္ ။

ဒီလိုမေတာ္တဆမႈမ်ိဳးကေတာ့ လူတိုင္းလိုလိုမွာျဖစ္သြားႏိုင္ပါတယ္ ။ သင့္အထင္မွာေတာ့ ငါလည္းတစ္ညလံုးဖုန္းအားသြင္းတာပဲဆိုၿပီဘားမွမျဖစ္ပါဘူးလို႔ထင္ေနေပမဲ့လည္း အႏၱရာယ္ဆိုတဲ့အရာက ႀကိဳတင္မျမင္ႏိုင္ပါဘူး ။ အထူးသျဖင့္ တစ္ညလံုးဖုန္းအားသြင္းျဖစ္မယ္ဆိုရင္လည္း ကိုယ့္ရဲ႕အေဝးမွာသာထားၿပီး သြင္းသင့္ပါတယ္ ။ ထို႔အျပင္ ဖုန္းအားသြင္းေနတုန္းဖုန္းကို လံုးဝအသံုးမျပဳသင့္ပါဘူး ။

Jasmine (Mckzone Daily)

Be the first to comment on "တစ်ညလုံး သီချင်းနားထောင်ပြီး အိပ်စက်ခဲ့လို့ ဖုန်းပေါက်ကွဲကာ ဦးခေါင်းကွဲကြေပြီးသေဆုံးသွားခဲ့ရတဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*