သိသာထင္ရွားေနတဲ့six packေတြေၾကာင့္ လူအမ်ားရဲ့အာ႐ုံစိုက္မႈကိုခံေနရတဲ့ အသက္၆၁ႏွစ္အရြယ္ ၿပိဳင္ကားေမာင္းတဲ့အဘိုးအို

Liang Yuxiang ဆိုသူဟာ အသက္၆၁ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး တ႐ုတ္နိုင္ငံ Chengduၿမိဳ့ရွိ ၿမိဳ့ျဖတ္ကားေမာင္းသူေတြထဲမွ ၿပိဳင္ပြဲဝင္တစ္ဦးျဖစ္သလို ေျမးပိုင္ဆိုင္ထားတဲ့အဘိုးတစ္ဦးလည္းျဖစ္ပါတယ္။သူဟာ သူ႔rallyကားျဖင့္ တ႐ုတ္နိုင္ငံမွေရာမသို့ေမာင္းႏွင္ခဲ့ဖူးသလို ထိုင္ဝမ္ကိုလည္း အႀကိမ္ႀကိမ္အသြားအျပန္လုပ္ခဲ့ၿပီး တ႐ုတ္နိုင္ငံရဲ့လူႀကိဳက္အမ်ားဆုံးအစြန္းေရာက္ေမာင္းႏွင္မွုၿပိဳင္ပြဲျဖစ္တဲ့ Taklimakanၿပိဳင္ပြဲမွာ ပုံမွန္ပါဝင္သူတစ္ဦးလည္းျဖစ္ပါတယ္။Mr.Liangရဲ့ဝမ္းဗိုက္ရွိႂကြက္သားေတြနဲ႔ကိုယ္ထည္ပုံပန္းသ႑န္ေတြရဲ့ဓာတ္ပုံေတြဟာ onlineေပၚေဖာ္ျပခံၿပီးေနာက္ တ႐ုတ္နိုင္ငံရွိအင္တာနက္သုံးစြဲသူတို့ရဲ့ အာ႐ုံကိုဖမ္းစားေစခဲ့ၿပီး ကမၻာတဝွမ္းလုံးရဲ့ခ်စ္ျခင္းေတြကိုလည္း ခံခဲ့ရပါတယ္။အရင္တုန္းက Mr.Liangဟာ အခုလိုပုံစံမ်ိဳးမဟုတ္ခဲ့ပါဘူး။သူဟာ ဆီမီးခြက္လုပ္ငန္းလုပ္ကိုင္ရင္း ၿငီးေငြ႕လာၿပီးအျပင္ေလာကကို ေျခဆန႔္ကာ လြန္ခဲ့တဲ့၁၀ႏွစ္ေလာက္ကမွ အေျခခံအားကစားကို ပိုမိုအားစိုက္ကစားလာခဲ့တာေၾကာင့္ အခုလို ခႏၶာကိုယ္အခ်ိဳးအစားျဖစ္လာခဲ့တာပါ။

သူဟာ ခႏၶာကိုယ္ပုံေျပာင္းရန္ ဆုံးျဖတ္ခဲ့ၿပီး ေနာက္ျပန္ဆုတ္ဖို့လည္း မႀကိဳးစားခဲ့ပါဘူး။Mr.Liangဟာ အစားအေသာက္ကို တစ္တမတ္တည္းစားသုံးရန္ မသတ္မွတ္ထားပါဘူး။”ငါလိုက္နာတဲ့တစ္ခုတည္းေသာစားေသာက္ပုံက ငါတို့အစာအိမ္ကို ၇၀ရာခိုင္ႏွုန္းေလာက္ဘဲျဖည့္စြက္သင့္တယ္ဆိုတဲ့နည္းဘဲ”ဟုPeople’s Daily Online သတင္းကို ျပန္လည္ေျဖၾကားထားၿပီး အသက္အရြယ္ကို မင္းတို့ရဲ့အိမ္မက္ေတြထဲ ေပးမဝင္သင့္ဘူးလို့လူေတြကိုလွုံေဆာ္ေပးခဲ့ပါတယ္။ဓာတ္ပုံေတြက gymကစားထားတဲ့လူတစ္ေယာက္ရဲ့ခႏၶာကိုယ္ကို ျဖတ္ညႇပ္ကပ္လုပ္ၿပီးထည့္ထားတာမဟုတ္ပါဘူး ၁၀၀ရာခိုင္ႏွုန္း တကယ့္Mr.Liangစစ္စစ္ရဲ့ six-packပါတဲ့ ဓာတ္ပုံေတြပါ။

Jasmine (Mckzone Daily)

Source: guff.com

Unicode

1

2

Liang Yuxiang ဆိုသူဟာ အသက်၆၁နှစ်အရွယ်ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံ Chengduမြို့ရှိ မြို့ဖြတ်ကားမောင်းသူတွေထဲမှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သလို မြေးပိုင်ဆိုင်ထားတဲ့အဘိုးတစ်ဦးလည်းဖြစ်ပါတယ်။သူဟာ သူ့rallyကားဖြင့် တရုတ်နိုင်ငံမှရောမသို့မောင်းနှင်ခဲ့ဖူးသလို ထိုင်ဝမ်ကိုလည်း အကြိမ်ကြိမ်အသွားအပြန်လုပ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့လူကြိုက်အများဆုံးအစွန်းရောက်မောင်းနှင်မှုပြိုင်ပွဲဖြစ်တဲ့ Taklimakanပြိုင်ပွဲမှာ ပုံမှန်ပါဝင်သူတစ်ဦးလည်းဖြစ်ပါတယ်။Mr.Liangရဲ့ဝမ်းဗိုက်ရှိကြွက်သားတွေနဲ့ကိုယ်ထည်ပုံပန်းသဏ္ဍန်တွေရဲ့ဓာတ်ပုံတွေဟာ onlineပေါ်ဖော်ပြခံပြီးနောက် တရုတ်နိုင်ငံရှိအင်တာနက်သုံးစွဲသူတို့ရဲ့ အာရုံကိုဖမ်းစားစေခဲ့ပြီး ကမ္ဘာတဝှမ်းလုံးရဲ့ချစ်ခြင်းတွေကိုလည်း ခံခဲ့ရပါတယ်။အရင်တုန်းက Mr.Liangဟာ အခုလိုပုံစံမျိုးမဟုတ်ခဲ့ပါဘူး။သူဟာ ဆီမီးခွက်လုပ်ငန်းလုပ်ကိုင်ရင်း ငြီးငွေ့လာပြီးအပြင်လောကကို ခြေဆန့်ကာ လွန်ခဲ့တဲ့၁၀နှစ်လောက်ကမှ အခြေခံအားကစားကို ပိုမိုအားစိုက်ကစားလာခဲ့တာကြောင့် အခုလို ခန္ဓာကိုယ်အချိုးအစားဖြစ်လာခဲ့တာပါ။

သူဟာ ခန္ဓာကိုယ်ပုံပြောင်းရန် ဆုံးဖြတ်ခဲ့ပြီး နောက်ပြန်ဆုတ်ဖို့လည်း မကြိုးစားခဲ့ပါဘူး။Mr.Liangဟာ အစားအသောက်ကို တစ်တမတ်တည်းစားသုံးရန် မသတ်မှတ်ထားပါဘူး။”ငါလိုက်နာတဲ့တစ်ခုတည်းသောစားသောက်ပုံက ငါတို့အစာအိမ်ကို ၇၀ရာခိုင်နှုန်းလောက်ဘဲဖြည့်စွက်သင့်တယ်ဆိုတဲ့နည်းဘဲ”ဟုPeople’s Daily Online သတင်းကို ပြန်လည်ဖြေကြားထားပြီး အသက်အရွယ်ကို မင်းတို့ရဲ့အိမ်မက်တွေထဲ ပေးမဝင်သင့်ဘူးလို့လူတွေကိုလှုံဆော်ပေးခဲ့ပါတယ်။ဓာတ်ပုံတွေက gymကစားထားတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ဖြတ်ညှပ်ကပ်လုပ်ပြီးထည့်ထားတာမဟုတ်ပါဘူး ၁၀၀ရာခိုင်နှုန်း တကယ့်Mr.Liangစစ်စစ်ရဲ့ six-packပါတဲ့ ဓာတ်ပုံတွေပါ။

Jasmine (Mckzone Daily)

  • Leave a Comment