ကျေးလက်ဒေသသဘာဝရှုခင်းတွေကို အပေါ်စီးကနေ ချည်ထိုးပန်းချီနဲ့ အံ့သြလောက်အောင် ပုံဖော်ပြခဲ့သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကျွန်တော်တို့ဟာ ကမ္ဘာကြီးရဲ့သဘာဝအတိုင်းလှပနေတဲ့အလှတရားတို့ရဲ့ဓာတ်ပုံတွေ၊ဗီဒီယိုတွေကို ကြည့်ရှုခံစားနိုင်ဖို့ droneတွေကိုအသုံးပြုကြရပြီး ကိုယ်တိုင်ကိုယ်ကျခံစားနိုင်ဖို့ဆိုရင်တော့ လေယာဉ်ပျံတွေစတဲ့အပေါ်စီးကနေမြင်ခွင့်ပေးတဲ့အရာတွေကိုသာ အသုံးပြုကြရပါတယ်။ကောင်းပါပြီ၊အခုတော့ သဘာဝတရားကြီးရဲ့အလှကိုခံစားရဖို့ အဲတာတွေ မလိုအပ်တော့ပါဘူး။Victoria Rose Richardsဆိုတဲ့ ပရော်ဖက်ရှင်နယ်လက်ထိုးအလှဆင်သူတစ်ဦးဟာ သာမန်ထက်ထူးကဲလှပနေတဲ့အင်္ဂလိပ်ကျေးလက်ဒေသရှိရှုခင်းတွေရဲ့အပေါ်စီးအလှလက်ထိုးပန်းချီကားတချို့ကို ဖော်ပြခဲ့ပါတယ်။အဆိုပါလက်ထိုးပန်းချီကားတွေဟာ ဆေးရေးပန်းချီတွေလို စိတ်တိုင်းကျပုံစံပုံဖော်နိုင်ပေမဲ့ သူတို့ကတော့ စိတ်ရှည်ရှည်နဲ့အသေးစိတ်ဂရုစိုက်ရပြီး ပန်းချီတစ်ချပ်ရဖို့ အချိန်ပိုကြာကြာပေးရကာ အနုစိတ်ပိုကျပါတယ်။ကျွန်တော်ကတော့ အဲ့လို ပန်းချီကားတွေလည်းရှိနေတာကို အခုမှဘဲ ပထမဆုံးသိရတာပါဗျာ။ဒါကြောင့် လှပတဲ့ကျေးလက်ဒေသရှုခင်းတို့ရဲ့အပေါ်စီးအလှတွေကို လက်ဖြင့်ထိုးဆွဲပုံဖော်ထားတဲ့ Victoriaရဲ့လက်ထိုးပန်းချီတချို့ကို စာဖတ်သူတို့လည်း ကြည့်ရှုခံစားနိုင်အောင် မျှဝေပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ကျေးလက်ဒေသသဘာဝရှုခင်းတွေကို အပေါ်စီးကနေ ချည်ထိုးပန်းချီနဲ့ အံ့သြလောက်အောင် ပုံဖော်ပြခဲ့သူ"

Leave a comment

Your email address will not be published.


*