2နှစ်အရွယ် မြေးမလေးကို 6လွှာမှာရှိတဲ့ပုတင်းပေါက်ကနေ ပစ်ချပြီး မသိမသာပြန်ပြီးအိပ်ယာဝင်နေခဲ့တဲ့ အဘွာ

သားအချစ် ၊ မြေးအနှစ်ဆိုပြီး မြေလေးတွေကိုချစ်ရှာလွန်းတဲ့အဘိုးအဘွားတွေရဲ့ချစ်မေတ္တာကို အဲ့လိုပုံစံနဲ့စာဖွဲ့ကြပေမဲ့လည်း အိန္ဒိယနိုင်ငံမှာရှိတဲ့ အဘွားတစ်ယောက်ကတော့ လူတွေအကြွင်းမဲ့ယုံကြည်ထားကြတဲ့ အဘိုးအဘွားတွေရဲ့ချစ်မေတ္တာဟာလည်း တစ်ခါတစ်ရံမှာလွဲမှားနေတတ်ကြောင်း သက်သေပြခဲ့ပါတယ် ။ အဲဒါကတော့ အဘွားဖြစ်သူဟာ ဘားမှထပ်ပြီးစဉ်းစားမနေတော့ဘဲ 6လွှာမှာရှိတဲ့တိုက်ခန်းကနေ သူမရဲ့2နှစ်သားအရွယ်မြေးမလေးကို ပစ်ချပြီး သတ်ပစ်ခဲ့တာဖြစ်ပာတယ် ။ အဆိုပါအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ Mumbai မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ 29ရက်နေ့ မနက်ခင်း 5:30 နှင့် 5:45 အချိန်ကြားမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ် ။ 2နှစ်သားအရွယ် Jiya Ansari အမည်ရှိတဲ့ ကလေးမလေးကိုတော့ သူမတို့နေထိုင်တဲ့နေအိမ်အပြင်ဖက်မြေကြီးပေါ်မှာ သွေးများစွာဖြင့်လဲကျနေခဲ့တာတွေ့ရှိခဲ့ကြတာပါ ။

သူမ၏မိသားစုဝင်များက အိမ်နီးနားချင်းတွေကို ခေါ်ထပြီး ၊ ကလေးငယ်ကိုဆေးရုံသို့ အလျင်အမြန်ခေါ်ဆောင်သွားခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ပဲ ကလေးငယ်ဟာဆေးရုံသို့ရောက်ရှိလာစဉ်ကတည်းက အသက်မရှိတော့ပါဘူး ။ ရဲအရာရှိများ စုံစမ်းစစ်ဆေးခဲ့ချိန်မှာတော့ ကလေးငယ်ပြုတ်ကျနိုင်တယ်လို့ယူဆရတဲ့ အရှေ့ဖက်တံခါးနှင့် မီးဖိုချောင်ရှိပုတင်းပေါက် နှစ်ခုလုံးကို ပိတ်ထားလျက်နှင့်တွေ့ရှိခဲ့တဲ့အတွက် ကလေးငယ်သေဆုံးမှုဟာ အပြင်လူတွေရဲ့လက်ချက်မဟုတ်ဘဲ ၊ မိသားစုဝင်တွေရဲ့လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနိုင်ခဲ့ကြပါတယ် ။

“Jiya ရဲ့ခန္ဓာကိုယ်ပေါ်မှာ တွေ့ရတဲ့လက္ခဏာတွေက သူမပစ်ချခံခဲ့ရတာကို ညွန်ပြနေခဲ့တာပါ ” ဆိုပြီး အမှုကိုစစ်ဆေးနေခဲ့တဲ့ ရဲအရာရှိက ပြောဆိုခဲ့ပါတယ် ။ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ Jiya ရဲ့အဘွားဖြစ်သူဟာ သူမမွေးဖွားလာစဉ်ကတည်းက သူမကိုတစ်စက်လေးတောင်ကြိုက်နှစ်သက်ခြင်းမရှိသည့်အပြင် အဘွားဖြစ်သူနှင်အတူနေထိုင်ခဲ့တဲ့အတွက် အမြဲသူမကိုစက်ဆုပ်ရွံရှာပြီး အထင်သေးခဲ့ကြောင်းလည်း သိရှိရပါတယ် ။ပြီးခဲ့တဲ့ နှစ်ရက်က အဘွားဖြစ်သူဟာ သူမ၏သားဖြစ်သူ နှင့် ချွေးမတို့ကို ရန်ဖြစ်ခဲ့ပြီး အတော်လေးကိုဒေါသထွက်ခဲ့ကြောင်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း ပြီးခဲ့တဲ့သောကြာနေ့ညက ကလေးငယ်ဟာ အဖျားတက်ပြီး မရပ်မနားတမ်းငိုယိုနေခဲ့ကာ တစ်မိသားစုလုံး မနက် 3နာရီအချိန်မှာ နှိုးထလာခဲ့ကြပါတော့တယ် ။ စိတ်ပျက်လွန်ပြီး ဒေါသတွေပုန်ထနေခဲ့တဲ့ အဘွားဖြစ်သူဟာ 2နှစ်အရွယ် Jiya လေးကိုအိပ်ယာကနေ မချီပြီး မီးဖိုချောင်ပုတင်းပေါက်ကနေ ပစ်ချပစ်ခဲ့ပါတယ် ၊ ထို့နောက်ပုတင်းပေါက်ကို ပြန်ပိတ်ပြီး အိပ်ယာပြန်ဝင်ခဲ့ပါတော့တယ် ။ Jiya ရဲ့အဘွားဖြစ်သူဟာ မည်သည့်ပြစ်မှုမျိုးချမှတ်ခံရမယ်မှန်းတော့ မသိရသေးပေမဲ့လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

သားအခ်စ္ ၊ ေျမးအႏွစ္ဆိုၿပီး ေျမေလးေတြကိုခ်စ္႐ွာလြန္းတဲ့အဘိုးအဘြားေတြရဲ႕ခ်စ္ေမတာၱကို အဲ့လိုပံုစံနဲ႔စာဖြဲ႔ၾကေပမဲ့လည္း အိႏၵိယႏိုင္ငံမွာ႐ွိတဲ့ အဘြားတစ္ေယာက္ကေတာ့ လူေတြအႂကြင္းမဲ့ယံုၾကည္ထားၾကတဲ့ အဘိုးအဘြားေတြရဲ႕ခ်စ္ေမတၱာဟာလည္း တစ္ခါတစ္ရံမွာလြဲမွားေနတတ္ေၾကာင္း သက္ေသျပခဲ့ပါတယ္ ။ အဲဒါကေတာ့ အဘြားျဖစ္သူဟာ ဘားမွထပ္ၿပီးစဥ္းစားမေနေတာ့ဘဲ 6လႊာမွာ႐ွိတဲ့တိုက္ခန္းကေန သူမရဲ႕2ႏွစ္သားအရြယ္ေျမးမေလးကို ပစ္ခ်ၿပီး သတ္ပစ္ခဲ့တာျဖစ္ပာတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ အိႏၵိယႏိုင္ငံ Mumbai ၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ျပီးခဲ့တဲ့ စက္တင္ဘာလ 29ရက္ေန႔ မနက္ခင္း 5:30 ႏွင့္ 5:45 အခ်ိန္ၾကားမွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္ ။ 2ႏွစ္သားအရြယ္ Jiya Ansari အမည္ရွိတဲ့ ကေလးမေလးကိုေတာ့ သူမတို႔ေနထိုင္တဲ့ေနအိမ္အျပင္ဖက္ေျမႀကီးေပၚမွာ ေသြးမ်ားစြာျဖင့္လဲက်ေနခဲ့တာေတြ႔႐ွိခဲ့ၾကတာပါ ။

သူမ၏မိသားစုဝင္မ်ားက အိမ္နီးနားခ်င္းေတြကို ေခၚထၿပီး ၊ ကေလးငယ္ကိုေဆးရံုသို႔ အလ်င္အျမန္ေခၚေဆာင္သြားခဲ့ေပမဲ့လည္း ကံဆိုးစြာနဲ႔ပဲ ကေလးငယ္ဟာေဆးရံုသို႔ေရာက္႐ွိလာစဥ္ကတည္းက အသက္မ႐ွိေတာ့ပါဘူး ။ ရဲအရာ႐ွိမ်ား စံုစမ္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ ကေလးငယ္ျပဳတ္က်ႏိုင္တယ္လို႔ယူဆရတဲ့ အေ႐ွ႕ဖက္တံခါးႏွင့္ မီးဖိုေခ်ာင္႐ွိပုတင္းေပါက္ ႏွစ္ခုလံုးကို ပိတ္ထားလ်က္ႏွင့္ေတြ႔႐ွိခဲ့တဲ့အတြက္ ကေလးငယ္ေသဆံုးမႈဟာ အျပင္လူေတြရဲ႕လက္ခ်က္မဟုတ္ဘဲ ၊ မိသားစုဝင္ေတြရဲ႕လက္ခ်က္ျဖစ္ေၾကာင္း အခိုင္အမာ ေျပာဆိုႏိုင္ခဲ့ၾကပါတယ္ ။

“Jiya ရဲ႕ခႏၶာကိုယ္ေပၚမွာ ေတြ႔ရတဲ့လကၡဏာေတြက သူမပစ္ခ်ခံခဲ့ရတာကို ၫြန္ျပေနခဲ့တာပါ ” ဆိုၿပီး အမႈကိုစစ္ေဆးေနခဲ့တဲ့ ရဲအရာ႐ွိက ေျပာဆိုခဲ့ပါတယ္ ။ ဆက္လက္စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးခ်ိန္မွာေတာ့ Jiya ရဲ႕အဘြားျဖစ္သူဟာ သူမေမြးဖြားလာစဥ္ကတည္းက သူမကိုတစ္စက္ေလးေတာင္ႀကိဳက္ႏွစ္သက္ျခင္းမ႐ွိသည့္အျပင္ အဘြားျဖစ္သူႏွင္အတူေနထိုင္ခဲ့တဲ့အတြက္ အျမဲသူမကိုစက္ဆုပ္ရြံ႐ွာၿပီး အထင္ေသးခဲ့ေၾကာင္းလည္း သိ႐ွိရပါတယ္ ။ၿပီးခဲ့တဲ့ ႏွစ္ရက္က အဘြားျဖစ္သူဟာ သူမ၏သားျဖစ္သူ ႏွင့္ ေခြၽးမတို႔ကို ရန္ျဖစ္ခဲ့ၿပီး အေတာ္ေလးကိုေဒါသထြက္ခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ေသာၾကာေန႔ညက ကေလးငယ္ဟာ အဖ်ားတက္ၿပီး မရပ္မနားတမ္းငိုယိုေနခဲ့ကာ တစ္မိသားစုလံုး မနက္ 3နာရီအခ်ိန္မွာ ႏႈိးထလာခဲ့ၾကပါေတာ့တယ္ ။ စိတ္ပ်က္လြန္ၿပီး ေဒါသေတြပုန္ထေနခဲ့တဲ့ အဘြားျဖစ္သူဟာ 2ႏွစ္အရြယ္ Jiya ေလးကိုအိပ္ယာကေန မခ်ီၿပီး မီးဖိုေခ်ာင္ပုတင္းေပါက္ကေန ပစ္ခ်ပစ္ခဲ့ပါတယ္ ၊ ထို႔ေနာက္ပုတင္းေပါက္ကို ျပန္ပိတ္ၿပီး အိပ္ယာျပန္ဝင္ခဲ့ပါေတာ့တယ္ ။ Jiya ရဲ႕အဘြားျဖစ္သူဟာ မည္သည့္ျပစ္မႈမ်ိဳးခ်မွတ္ခံရမယ္မွန္းေတာ့ မသိရေသးေပမဲ့လည္း စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "2နှစ်အရွယ် မြေးမလေးကို 6လွှာမှာရှိတဲ့ပုတင်းပေါက်ကနေ ပစ်ချပြီး မသိမသာပြန်ပြီးအိပ်ယာဝင်နေခဲ့တဲ့ အဘွာ"

Leave a comment

Your email address will not be published.


*