မြေကြွက်တွေနဲ့ ဇနီးဖြစ်သူကို သတိမေ့လောက်တဲ့အထိ စနောက်ခဲ့တဲ့ ပန်းချီဆရာ



3

4

5

6

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

ဗြိတိသျှလမ်းပေါ်အနုပညာရှင်ဆရာကြီးတစ်ဦးဖြစ်တဲ့ Banksy ဆိုသူဟာ Covid-19ကြောင့် stay home ကာလအတွင်း အိမ်မှာနေရင်း မြို့ပြကြီးရဲ့နေရာတချို့တွေနှင့်ကွန်ကရစ်တွေမှာ ပန်းချီရေးဆွဲခွင့်မရှိတော့တာကောင့် သူဟာ အငြင်းပွါးစရာမလိုတဲ့ သူ့ရဲ့ကျွမ်းကျင်မှုကိုပြသရန် အိမ်တွင်းရှိပန်းချီရေးဆွဲမယ့်နေရာတစ်ခုကို ရှာဖွေခဲ့ပြီးနောက် ရေချိုးခန်းအတွင်း ဗြောင်းဆန်နေကြတဲ့ မြေကြွက်တွေရဲ့ပုံကို “ဇနီးသည်ကကျွန်တော်အိမ်မှာအလုပ်လုပ်တာကိုမကြိုက်ဘူး” ဆိုတဲ့ captionနဲ့ Instagram မှာမျှဝေခဲ့ပြီးနောက် like ၁.၇ သန်းရရှိခဲ့ပါတယ်။ရောဂါဖြစ်ပွါးနေပေမဲ့ Banksyရဲ့ခဲခြစ်ပန်းချီအနုပညာဟာ ရေပန်းစားကာလူကြိုက်များနေခဲ့ပါတယ်။

မြေကြွက်တွေကတော့ အဝေးကနေကြည့်ရင် တကယ့်အစစ်လို့တောင်ထင်သွားစေပြီး ဇနီးသည်ကတော့ တော်တော်လေးအလန့်တကြားဖြစ်သွားခဲ့မှာပါ။Artnet News အရ Banksyရဲ့ပန်းချီတွေဟာ Sothebyအွန်လိုင်းလေလံရောင်းချပွဲမှာ ၁.၄ မီလီယံဒေါ်လာဖြင့် လူအများကိုဘယ်လိုအခြေအနေမျိုးမှာမဆိုဝယ်ယူလိမ့်မည်ဟုသက်သေပြနေခဲ့ပြီး နောက်ဆုံးရောင်းဈေးမှာ ခန့်မှန်းခြေအားဖြင့် ၁.၂ မီလီယံဒေါ်လာအထိရှိခဲ့ပါတယ်။အံ့သဩစရာကောင်းစရာကောင်းတာက ဝယ်သူတွေရဲ့ ၄၇ရာခိုင်နှုန်းဟာ Sothebyအတွက် ဝယ်သူအသစ်တွေဖြစ်နေပြီး လေလံဆွဲသူ ၃၀ရာခိုင်နှုန်းကတော့ အသက် ၄၀ အောက်အရွယ်တွေသာဖြစ်နေခဲ့ပါတယ်။Banksyရဲ့ဈေးအကြီးဆုံးရောင်းချနိုင်ခဲ့တဲ့ပန်းချီကားကတော့ Devolved Parliamentပန်းချီကားဘဲဖြစ်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment