လြန္ဆြဲၿပိဳင္ပြဲတစ္ခုမွာ ပါဝင္ကူညီကစားဖို႔ အလြန္စိတ္အားထက္သန္ေနခဲ့တဲ့ ေခြးေလး

တ႐ုတ္နိုင္ငံရွိ doggo ဆိုတဲ့ gold retriever ေခြးေလးတစ္ေကာင္ဟာ လမ္းရဲ့တျခားတဖက္ရွိ ၿပိဳင္ပြဲတစ္ခုကိုေတြ႕ၿပီးေနာက္ သခင္ျဖစ္သူအား ဆြဲေခၚၿပီး ၿပိဳင္ပြဲထဲဝင္ကစားခဲ့တဲ့ဗီဒီယိုဟာ onlineေပၚပ်ံ႕ႏွံ့သြားၿပီးေနာက္ လူအမ်ားရဲ့ႏွလုံးသားကို အရည္ေပ်ာ္သြားေစခဲ့ပါတယ္။အေၾကာင္းအရာအေသးစိတ္ကေတာ့ doggoေလးဟာ သခင္ျဖစ္သူနဲ႔ hot-pot ဆိုင္တစ္ဆိုင္ေရွ႕ျဖတ္သြားေတာ့ စားေသာက္ဆိုင္ဝန္ထမ္းေတြက ဆိုင္ေရွ႕မွာ လြန္ဆြဲၿပိဳင္ပြဲကိုကစားေနၾကတာကိုေတြ႕ေတာ့ စိတ္အားထက္သန္စြာနဲ႔ ကူညီရန္ တဖက္လမ္းကိုကူးခဲ့ၿပီး သူသန္မာေၾကာင္းကိုျပရန္ လြန္ႀကိဳးကိုလွမ္းဆြဲဖို့လုပ္ေပမဲ့ သခင္ျဖစ္သူက မလြတ္ေပးဘဲ doggoေလးကို ဆြဲထားခဲ့ပါတယ္။အဆုံးမွာေတာ့ သခင္က ႀကိဳးလြတ္ေပးလိုက္ကာ ဝင္ကူညီေပးဖို့ ခြင့္ျပဳေပးခဲ့ၿပီး သူဟာ အသင္းရဲ့အျပင္းထန္ဆုံးအဖြဲ႕ဝင္အလား ၿပိဳင္ပြဲရွိ သူ႔အသင္းသားေတြနဲ႔အတူ ႀကိဳးကိုကိုက္ကာ အလြန္အမင္းဆြဲခဲ့ၾကၿပီးေနာက္ သူပါဝင္တဲ့အသင္းကအနိုင္ရရွိသြားခဲ့ပါတယ္။သန္မာၿပီး ကူညီရန္စိတ္အားထက္တန္ေနတဲ့ doggoေလးရဲ့ဗီဒီယိုဟာ Webioေပၚပ်ံ႕ႏွံ့သြားၿပီး လူတခ်ိဳ့ရဲ့ ႏွလုံးသားကို ဖမ္းစားနိုင္ခဲ့ပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံရှိ doggo ဆိုတဲ့ gold retriever ခွေးလေးတစ်ကောင်ဟာ လမ်းရဲ့တခြားတဖက်ရှိ ပြိုင်ပွဲတစ်ခုကိုတွေ့ပြီးနောက် သခင်ဖြစ်သူအား ဆွဲခေါ်ပြီး ပြိုင်ပွဲထဲဝင်ကစားခဲ့တဲ့ဗီဒီယိုဟာ onlineပေါ်ပျံ့နှံ့သွားပြီးနောက် လူအများရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ်။အကြောင်းအရာအသေးစိတ်ကတော့ doggoလေးဟာ သခင်ဖြစ်သူနဲ့ hot-pot ဆိုင်တစ်ဆိုင်ရှေ့ဖြတ်သွားတော့ စားသောက်ဆိုင်ဝန်ထမ်းတွေက ဆိုင်ရှေ့မှာ လွန်ဆွဲပြိုင်ပွဲကိုကစားနေကြတာကိုတွေ့တော့ စိတ်အားထက်သန်စွာနဲ့ ကူညီရန် တဖက်လမ်းကိုကူးခဲ့ပြီး သူသန်မာကြောင်းကိုပြရန် လွန်ကြိုးကိုလှမ်းဆွဲဖို့လုပ်ပေမဲ့ သခင်ဖြစ်သူက မလွတ်ပေးဘဲ doggoလေးကို ဆွဲထားခဲ့ပါတယ်။အဆုံးမှာတော့ သခင်က ကြိုးလွတ်ပေးလိုက်ကာ ဝင်ကူညီပေးဖို့ ခွင့်ပြုပေးခဲ့ပြီး သူဟာ အသင်းရဲ့အပြင်းထန်ဆုံးအဖွဲ့ဝင်အလား ပြိုင်ပွဲရှိ သူ့အသင်းသားတွေနဲ့အတူ ကြိုးကိုကိုက်ကာ အလွန်အမင်းဆွဲခဲ့ကြပြီးနောက် သူပါဝင်တဲ့အသင်းကအနိုင်ရရှိသွားခဲ့ပါတယ်။သန်မာပြီး ကူညီရန်စိတ်အားထက်တန်နေတဲ့ doggoလေးရဲ့ဗီဒီယိုဟာ Webioပေါ်ပျံ့နှံ့သွားပြီး လူတချို့ရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment