ခက်ခဲတယ်လို့ထင်ရတဲ့ ရေကိုအလေးပေးဆေးခြယ်တဲ့ ပန်းချီတွေကို အံ့သြပြောင်မြောက်အောင် ရေးဆွဲပြခဲ့သူ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

Jasmine (Mckzone Daily)

Source: boredpanda

Unicode

Brazilian အနုပညာရှင်တစ်ဦးဖြစ်တဲ့ Marcos Beccariဟာ စိန်ခေါ်မှုတစ်ခုကို ခေါင်းမရှောင်ဘဲ ထိပ်တိုက်ရင်ဆိုင်တတ်သူတစ်ဦးဖြစ်သလို အခုလက်ရှိမှာ သူဟာ Paranáပြည်နယ် Federalတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခအဖြစ် ဒီဇိုင်းပညာနှင့်ပတ်သက်တဲ့သင်ခန်းစာတွေကို သင်ကြားပို့ချပေးနေပြီး အားလပ်ချိန်မှာတော့ ပန်းချီရေးဆွဲခြင်းဖြင့် သူ့ရဲ့အချိန်တွေကိုကုန်ဆုံးလေ့ရှိပါတယ်။သူ့ရဲ့ပန်းချီကားတွေကို ကြည့်ရင်တော့ ရေကိုဘဲအဓိကအာရုံစိုက်ထားပြီး လူတွေကိုနောက်ခံသို့တွန်းပို့ပုံဖော်ရေးဆွဲထားတာကို တွေ့ရမှာပါ။အကြောင်းက Beccariဟာ ရေကိုပုံဖော်ရခြင်းက သူ့အတွက်အခက်ခဲဆုံးအားနည်းချက်တစ်ခုလို့ထင်နေပြီး အဲဒီအတွေးကို ဖယ်ရှားပစ်လိုတာကြောင့် ဖြစ်ပါတယ်။အခက်ခဲဆုံးဆိုတဲ့အရာကိုတောင် ပြောင်မြောက်အောင်ရေးဆွဲနိုင်တယ်ဆိုတော့ သူ့ရဲ့တခြားပန်းချီကားတွေဆို အတော်လေးလှနေတော့မှာပါ။Beccari ဟာ အဆိုပါပန်းချီကားတွေကို ရောင်းချဖို့အတွက်မဟုတ်ဘဲ သူ့ပညာကို ပိုမိုတိုးတက်လာအောင် အသုံးချသင်ကြားနေခြင်းသာဖြစ်ပါတယ်။ဒါကြောင့် ရေပြင်ကိုအလေးပေးဆေးခြယ်ရေးဆွဲထားတဲ့ Beccari ရဲ့လက်ရာပြောင်မြောက်လှတဲ့ပန်းချီကားတချို့ကို အတူတူကြည့်ရှုခံစားနိုင်စေရန် စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment