ဆိုးရြားလြန္းတဲ့ရာသီဥတုဒဏ္ေၾကာင့္ သေဘာၤနစ္ျမဳပ္ၿပီး သေဘၤာသားမ်ားပင္လယ္ထဲ အေရးေပၚခုန္ခ်ခဲ့ရတဲ့အျဖစ္

ေအာက္တိုဘာ ၂၇ ရက္မေန႔မနက္မွာ မေလးရွားနိုင္ငံရွိ Miri ပင္လယ္ေရျပင္အနီးအေရးေပၚအခ်က္ျပမွုကို Sapura ေဆာက္လုပ္ေရးကုမၸဏီက လက္ခံရရွိခဲ့ၿပီးေနာက္ မေလးရွားေရေၾကာင္းအာဏာပိုင္အဖြဲ႕ (MMEA) အား သတင္းပို့ေပးခဲ့ၾကပါတယ္။Sapura ေဆာက္လုပ္ေရးသေဘၤာဟာ ဒုကၡေရာက္ေနတဲ့သေဘၤာရဲ့တည္ေနရာကိုအတိအက်ရွာေဖြရန္သြားခဲ့ၿပီး အခင္းျဖစ္ပြါးရာေနရာသို့ေရာက္ရွိသြားတဲ့အခါမွာေတာ့ Dayang Topaz သေဘၤာဟာအနည္းငယ္စတင္ႏွစ္ျမဳပ္ေနၿပီျဖစ္တယ္လို့ Berita Harian သတင္းက ေျပာၾကားခဲ့ပါတယ္။Dayang Topaz သေဘၤာမွ ပင္လယ္ျပင္သို့ခုန္ခ်ခဲ့တဲ့သေဘၤာသား ၁၈၅ဦး အနက္ ၁၈၃ဦးကိုကယ္တင္နိုင္ခဲ့ၿပီး ၄င္းတို့ထဲမွႏွစ္ဦးကေသဆုံးခဲ့တယ္ လို့ MMEA ကအတည္ျပဳထားပါတယ္။

သေဘၤာေဘးကင္းလုံျခဳံေရးအတြက္ သေဘၤာသား၁၂ဦးဟာ သေဘၤာေပၚေနရစ္ခဲ့ၿပီး က်န္သေဘၤာသားေတြကိုေတာ့ကၽြန္းေပၚသို့ပို့ေဆာင္ကာ Covid-19 စစ္ေဆးမွုေတြခံယူေနေၾကာင္း Maritime Unitသတင္းအရသိရပါတယ္။အဆိုပါအျဖစ္အပ်က္ဟာ ရာသီဥတုအေျခအေနအေတာ္ဆိုးရြားေနခဲ့ၿပီး ဧရာမလွိုင္းလုံးေတြဟာ သေဘၤာထဲရွိ ေရနံစင္အနီးသို့ ဝင္ေရာက္လာခဲ့တဲ့အျပင္ ေက်ာက္ဆူးႀကိဳးဟာ သေဘၤာႏွင့္ခ်ိတ္ဆက္ရန္အခ်ိန္အၾကာၾကာမေတာင့္ခံနိုင္ခဲ့တာေၾကာင့္ သေဘၤာႏွစ္ျမဳပ္ခဲ့တယ္လို့သိရွိထားရၿပီး Petronas, Shell၊ မေလးရွားေလတပ္ယူနစ္၊ Bomba၊ National Search Coordination Centre Brunei ႏွင့္ေဒသခံတံငါသည္ေတြကလည္း ရွာေဖြေရးႏွင့္ကယ္ဆယ္ေရးအတြက္ကူညီရန္သြားေရာက္ေပးခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အောက်တိုဘာ ၂၇ ရက်မနေ့မနက်မှာ မလေးရှားနိုင်ငံရှိ Miri ပင်လယ်ရေပြင်အနီးအရေးပေါ်အချက်ပြမှုကို Sapura ဆောက်လုပ်ရေးကုမ္ပဏီက လက်ခံရရှိခဲ့ပြီးနောက် မလေးရှားရေကြောင်းအာဏာပိုင်အဖွဲ့ (MMEA) အား သတင်းပို့ပေးခဲ့ကြပါတယ်။Sapura ဆောက်လုပ်ရေးသင်္ဘောဟာ ဒုက္ခရောက်နေတဲ့သင်္ဘောရဲ့တည်နေရာကိုအတိအကျရှာဖွေရန်သွားခဲ့ပြီး အခင်းဖြစ်ပွါးရာနေရာသို့ရောက်ရှိသွားတဲ့အခါမှာတော့ Dayang Topaz သင်္ဘောဟာအနည်းငယ်စတင်နှစ်မြုပ်နေပြီဖြစ်တယ်လို့ Berita Harian သတင်းက ပြောကြားခဲ့ပါတယ်။Dayang Topaz သင်္ဘောမှ ပင်လယ်ပြင်သို့ခုန်ချခဲ့တဲ့သင်္ဘောသား ၁၈၅ဦး အနက် ၁၈၃ဦးကိုကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ထဲမှနှစ်ဦးကသေဆုံးခဲ့တယ် လို့ MMEA ကအတည်ပြုထားပါတယ်။

သင်္ဘောဘေးကင်းလုံခြုံရေးအတွက် သင်္ဘောသား၁၂ဦးဟာ သင်္ဘောပေါ်နေရစ်ခဲ့ပြီး ကျန်သင်္ဘောသားတွေကိုတော့ကျွန်းပေါ်သို့ပို့ဆောင်ကာ Covid-19 စစ်ဆေးမှုတွေခံယူနေကြောင်း Maritime Unitသတင်းအရသိရပါတယ်။အဆိုပါအဖြစ်အပျက်ဟာ ရာသီဥတုအခြေအနေအတော်ဆိုးရွားနေခဲ့ပြီး ဧရာမလှိုင်းလုံးတွေဟာ သင်္ဘောထဲရှိ ရေနံစင်အနီးသို့ ဝင်ရောက်လာခဲ့တဲ့အပြင် ကျောက်ဆူးကြိုးဟာ သင်္ဘောနှင့်ချိတ်ဆက်ရန်အချိန်အကြာကြာမတောင့်ခံနိုင်ခဲ့တာကြောင့် သင်္ဘောနှစ်မြုပ်ခဲ့တယ်လို့သိရှိထားရပြီး Petronas, Shell၊ မလေးရှားလေတပ်ယူနစ်၊ Bomba၊ National Search Coordination Centre Brunei နှင့်ဒေသခံတံငါသည်တွေကလည်း ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအတွက်ကူညီရန်သွားရောက်ပေးခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment