မျက်လုံးခွဲစိတ်ကုသနိုင်ဖို့ လမ်းမကြီးဘေးမှာ မုန့်ထုပ်လေးတွေ လိုက်ရောင်းနေခဲ့ရတဲ့ အဘိုးအို



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလို့ရာသီမှာစီးပွါးရေးမရေရာမှုကြောင့် လူအများစုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအတွက်မရှိမဖြစ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ရန် ရုန်းကန်နေကြရပါတယ်။လူမျိုးတစ်မျိုးအနေနဲ့ကျွန်တော်တို့ဟာ ဒီလိုခက်ခဲတဲ့အချိန်ကာလအတွင်းအချင်းချင်းကူညီရန် ကျွန်တော်တို့တတ်နိုင်သမျှလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံရှိ Jitra မြို့မှ ဆင်းရဲတဲ့ Kedah ဆိုသူဦးလေးတစ်ဦးဟာ သူ့ရဲ့အမြင်အာရုံကိုပြုပြင်ကုသနိုင်ရန်အတွက် နေ့စဉ်နေ့တိုင်းလမ်းဘေးမှာ မလေးရှားရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ kuih အစားအစာထုပ်တွေရောင်းနေခဲ့ပါတယ်။ဦးလေးရဲ့ရိုးသားတဲ့လူနေမှုဘဝကို လူအများအာရုံစူးစိုက်လာစေရန်အတွက် Netizen တစ်ဦးဟာ မကြာသေးမီက Twitter မှာဦးလေးအကြောင်းကိုတင်ကာမျှဝေခဲ့ပါတယ်။ဆီးချိုရောဂါကြောင့် အမြင်အာရုံပျက်စီးနေခဲ့တာကြောင့် သူ့ရဲ့မျက်လုံးခွဲစိတ်ကုသမှုခံယူနိုင်ရန်အတွက် တတ်နိုင်သမျှနေ့စဉ်လမ်းဘေးမှာ kuihရောင်းနေခဲ့ရပြီး သူ့မျက်လုံးခွဲစိတ်ကုသမှုအတွက်ကုန်ကျစရိတ်မှာ ရင်းဂစ် ၃၀၀၀ ဖြစ်ပြီး ယခုအချိန်မှာ သူ့မှာရာဂဏန်းအနည်းငယ်သာရှိကြောင်း Kedah က ဆိုခဲ့ပါတယ်။

Twitter အသုံးပြုသူတစ်ဦးဟာ kuih အမျိုးမျိုးကို ဝယ်ယူခြင်းဖြင့် ဦးလေး Kedah အားကူညီရန် အနီးတစ်ဝိုက်ရှိပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။ဦးလေးဟာ ငှက်ပျောသီး kuih ၊ပုစွန်ဆိတ်ဆန်ကောက်ညှင်း kuih ၊အုန်းသီးဆန်ကောက်ညှင်း kuih မျိုးစုံကို ကြိုက်တာယူ လေးထုပ်ကို ကျသင့်ငွေ ရင်းဂစ်၂.၀၀ ဖြင့်ရောင်းချနေပါတယ်။အင်တာနက်အသုံးပြုသူတော်တော်များများက အသက်ကြီးပေမဲ့လည်း သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီကိုရောက်အောင် ကြိုးစားလုပ်ဆောင်ခြင်းအတွက် ဦးလေးကို ချီးကျူးခဲ့ကြပါတယ်။ဦးလေးလည်း ကူညီပေးမယ့်လူတွေနဲ့ အမှန်ဆုံးတွေ့ဆုံနိုင်ပါစေလို့ မျှော်လင့်နေမိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment