မွန္မ်က္ႏွာၾကက္ေပၚကေန ေန႔စဥ္ သခင့္ကို CCTVကင္မရာလို ေစာင့္ၾကည့္ေနတတ္ၾကတဲ့ ေၾကာင္ေလးေတြ (႐ုပ္သံ)

ေၾကာင္ေလးေတြဟာ အလြန္ဂ႐ုတစိုက္ေစာင့္ၾကည့္တတ္႐ုံသာမက အရမ္းလည္း စူးစမ္းလိုစိတ္ရွိၾကပါတယ္။ေအးေအးေဆးေဆးေစာင့္ၾကည့္နိုင္တဲ့ေနရာေတြမွာ အျမဲတမ္းရွိေနရျခင္းဟာ သူတို့သဘာဝပါ။ဥပမာ မွန္မ်က္ႏွာၾကက္တစ္ခုရဲ့ေနာက္ကြယ္ကလိုေပါ့။မၾကာေသးမီက ထိုင္ဝမ္နိုင္ငံရွိ Twitterအသုံးျပဳသူ@SCMcrocodileဟာ သူငယ္ခ်င္းျဖစ္သူရဲ့ဆိုင္ရွိ မွန္မ်က္ႏွာၾကက္ေပၚက ေၾကာင္ေလးေတြရဲ့ဓာတ္ပုံတခ်ိဳ့ကိုမၽွေဝခဲ့ပါတယ္။သူ႔သူငယ္ခ်င္းဟာ ထပ္ခိုးခန္းပါတဲ့ စတိုးဆိုင္ငယ္ေလးတစ္ခုပိုင္ဆိုင္ထားၿပီး ထပ္ခိုးခန္းလို့ေခၚရတဲ့အခန္းက သူ႔အတြက္အပန္းေျဖဖို့ေနရာဆိုေပမဲ့ သူ႔ေၾကာင္ေလးရဲ့အေပါင္းအေဖာ္ေတြအတြက္ အထူးေနရာလိုျဖစ္ေနပါတယ္။အခုမ်က္ႏွာၾကက္ဟာ အရင္ကရိုးရိုးအုတ္ႂကြပ္မ်က္ႏွာၾကက္ျဖစ္ေနခဲ့တာပါ။

သုံးေကာင္ရွိပုံထင္ရတဲ့သူ႔ေၾကာင္ရဲ့သူငယ္ခ်င္းေတြဟာ မွန္မ်က္ႏွာၾကက္ေပၚေနရင္း အိပ္လိုက္၊ေအာ္လိုက္နဲ႔ ေန႔တိုင္းနီးပါး ေအာက္ကို အျမဲတပ္ၾကပ္စိုက္ၾကည့္ေနခဲ့ၾကပါတယ္။သင္ေကာ မွန္စားပြဲေအာက္ကေန သင့္အိမ္ေမြးတိရိစၧာန္ေလးေတြကို ၾကည့္ဖူးပါသလား။ဒီမွာက မွန္မ်က္ႏွာၾကက္ျဖစ္ေနေပမဲ့ ရလဒ္ကေတာ့ အတူတူပါဘဲ။@SCMcrocodileက ေၾကာင္ေလးေတြဟာ အစာေကၽြးခ်ိန္မမွန္ရင္ တခုခုလုပ္တတ္ေသးတယ္ဆိုၿပီး ဓာတ္ပုံေနာက္တစ္ပုံကိုလည္း မၽွေဝထားပါေသးတယ္။အဲဒီေၾကာင္ေလးေတြဟာ CCTVကင္မရာလို ေစာင့္ၾကည့္တတ္႐ုံသာမက အစာအခ်ိန္မွန္မွန္မေကၽြးရင္လည္း ဖ်က္လိုဖ်က္ဆီးလုပ္တတ္ၿပီး Alarm စနစ္တစ္ခုလိုပုံစံမ်ိဳးျဖစ္ေနပါတယ္။

ခ်စ္ဖို့ေကာင္းတဲ့မွန္မ်က္ႏွာၾကက္ေပၚကေၾကာင္ေလးေတြကို ျမင္ၿပီးေနာက္ အင္တာနက္သုံးစြဲသူေတြဟာ သေဘာက်ႏွစ္သက္သြားခဲ့ၾကၿပီး စေနာက္ကာ မွတ္ခ်က္ေပါင္းမ်ားစြာေပးခဲ့ၾကပါတယ္။Netizen တစ္ဦးက အဲဒါဆို CCTVရဲ့အဓိပၸါယ္အစစ္က Cat Ceiling Top View(မ်က္ႏွာၾကက္ေၾကာင္ေလးရဲ့ထိပ္ဆုံးၾကည့္ရွုမွု)တဲ့လား ဆိုၿပီး စေနာက္ခဲ့ပါေသးတယ္။ေၾကာင္ေလးေတြရဲ့ခ်စ္စရာေကာင္းေနမွုေၾကာင့္ likes၁၇၈,၉၀၀ေက်ာ္နဲ႔ျပန္စာေပါင္း ၆၇,၀၀၀ေက်ာ္ရရွိခဲ့ၿပီး Netizen တို့ရဲ့အခ်စ္ေတြကို အပိုင္သိမ္းခဲ့ၾကပါတယ္။

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကြောင်လေးတွေဟာ အလွန်ဂရုတစိုက်စောင့်ကြည့်တတ်ရုံသာမက အရမ်းလည်း စူးစမ်းလိုစိတ်ရှိကြပါတယ်။အေးအေးဆေးဆေးစောင့်ကြည့်နိုင်တဲ့နေရာတွေမှာ အမြဲတမ်းရှိနေရခြင်းဟာ သူတို့သဘာဝပါ။ဥပမာ မှန်မျက်နှာကြက်တစ်ခုရဲ့နောက်ကွယ်ကလိုပေါ့။မကြာသေးမီက ထိုင်ဝမ်နိုင်ငံရှိ Twitterအသုံးပြုသူ@SCMcrocodileဟာ သူငယ်ချင်းဖြစ်သူရဲ့ဆိုင်ရှိ မှန်မျက်နှာကြက်ပေါ်က ကြောင်လေးတွေရဲ့ဓာတ်ပုံတချို့ကိုမျှဝေခဲ့ပါတယ်။သူ့သူငယ်ချင်းဟာ ထပ်ခိုးခန်းပါတဲ့ စတိုးဆိုင်ငယ်လေးတစ်ခုပိုင်ဆိုင်ထားပြီး ထပ်ခိုးခန်းလို့ခေါ်ရတဲ့အခန်းက သူ့အတွက်အပန်းဖြေဖို့နေရာဆိုပေမဲ့ သူ့ကြောင်လေးရဲ့အပေါင်းအဖော်တွေအတွက် အထူးနေရာလိုဖြစ်နေပါတယ်။အခုမျက်နှာကြက်ဟာ အရင်ကရိုးရိုးအုတ်ကြွပ်မျက်နှာကြက်ဖြစ်နေခဲ့တာပါ။

သုံးကောင်ရှိပုံထင်ရတဲ့သူ့ကြောင်ရဲ့သူငယ်ချင်းတွေဟာ မှန်မျက်နှာကြက်ပေါ်နေရင်း အိပ်လိုက်၊အော်လိုက်နဲ့ နေ့တိုင်းနီးပါး အောက်ကို အမြဲတပ်ကြပ်စိုက်ကြည့်နေခဲ့ကြပါတယ်။သင်ကော မှန်စားပွဲအောက်ကနေ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေကို ကြည့်ဖူးပါသလား။ဒီမှာက မှန်မျက်နှာကြက်ဖြစ်နေပေမဲ့ ရလဒ်ကတော့ အတူတူပါဘဲ။@SCMcrocodileက ကြောင်လေးတွေဟာ အစာကျွေးချိန်မမှန်ရင် တခုခုလုပ်တတ်သေးတယ်ဆိုပြီး ဓာတ်ပုံနောက်တစ်ပုံကိုလည်း မျှဝေထားပါသေးတယ်။အဲဒီကြောင်လေးတွေဟာ CCTVကင်မရာလို စောင့်ကြည့်တတ်ရုံသာမက အစာအချိန်မှန်မှန်မကျွေးရင်လည်း ဖျက်လိုဖျက်ဆီးလုပ်တတ်ပြီး Alarm စနစ်တစ်ခုလိုပုံစံမျိုးဖြစ်နေပါတယ်။

ချစ်ဖို့ကောင်းတဲ့မှန်မျက်နှာကြက်ပေါ်ကကြောင်လေးတွေကို မြင်ပြီးနောက် အင်တာနက်သုံးစွဲသူတွေဟာ သဘောကျနှစ်သက်သွားခဲ့ကြပြီး စနောက်ကာ မှတ်ချက်ပေါင်းများစွာပေးခဲ့ကြပါတယ်။Netizen တစ်ဦးက အဲဒါဆို CCTVရဲ့အဓိပ္ပါယ်အစစ်က Cat Ceiling Top View(မျက်နှာကြက်ကြောင်လေးရဲ့ထိပ်ဆုံးကြည့်ရှုမှု)တဲ့လား ဆိုပြီး စနောက်ခဲ့ပါသေးတယ်။ကြောင်လေးတွေရဲ့ချစ်စရာကောင်းနေမှုကြောင့် likes၁၇၈,၉၀၀ကျော်နဲ့ပြန်စာပေါင်း ၆၇,၀၀၀ကျော်ရရှိခဲ့ပြီး Netizen တို့ရဲ့အချစ်တွေကို အပိုင်သိမ်းခဲ့ကြပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment