ရာသီဥတုအလိုက်ပြောင်းလဲနေတဲ့ ကမ္ဘာပေါ်ရှိအလှတရားများရဲ့ တစ်နှစ်တာအကောင်းဆုံးဓာတ်ပုံများ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

25

26

Jasmine (Mckzone Daily)

Source: .boredpanda

Unicode

ယခုနှစ်မှာတော့ Royal Meteorological Society နဲ့ ရာသီဥတုကြိုတင်ခန့်မှန်းတဲ့AccuWeatherတို့ဟာ သူတို့ရဲ့တစ်နှစ်တာအကောင်းဆုံးရာသီဥတုဓာတ်ပုံပြိုင်ပွဲအတွက် ဓာတ်ပုံပေါင်း ၇,၇၀၀ကျော်ကို လက်ခံရရှိခဲ့ကြပါတယ်။မြစ်တွေကနေ မိုးတိမ်တွေ၊မိုးကြိုးမုန်တိုင်းတွေအထိ ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုလ်ပေါ်သို့ကျရောက်လာတဲ့ ရာသီဥတုအမျိုးမျိုးတို့ကိုပြသနေတဲ့ဓာတ်ပုံတွေဟာ သူတို့အားအခက်တွေ့ကာ ရွေးချယ်ရခက်စေအောင် လှပဆန်းသစ်နေခဲ့ကြပါတယ်။ဒါပေမဲ့ မတတ်နိုင်ပါဘူး၊အနိုင်ရသူကို ရွေးထုတ်ဖို့သူတို့တိုင်ပင်ရွေးချယ်ခဲ့ကြရပါတယ်။ဓာတ်ပုံဆရာ Rudolf Sulganကတော့ သူ့ရဲ့ နှင်းမုန်တိုင်းအကြား Brooklynတံတားပေါ်ဖြတ်သန်းသွားလာနေကြတဲ့လူတွေရဲ့ဓာတ်ပုံ အတွက် ရရှိသွားတဲ့ပထမဆုကြီးကို ပိုက်ကာ အိမ်သို့သယ်ယူသွားခဲ့ပါပြီ။ရာသီဥတုဟာကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးအပေါ် အမြဲသက်ရောက်မှုရှိနေပြီး ဒီပုံက အဲတာကို အပြည့်အဝဖော်ညွန်းနေတယ်လို့ Royal Meteorological Society (RMetS)ရဲ့အမှုဆောင်အရာရှိချုပ် Liz Bentleyကဆိုထားပါတယ်။ဒါပေမဲ့ အခြားဆုရှင်တွေနဲ့ နောက်ဆုံးပြိုင်ပွဲဝင်တို့ကလည်း သူတို့ရရှိသင့်တဲ့ အာရုံစိုက်မှုအားလုံးတွေကို ခံယူဖို့ထိုက်တန်နေတာကြောင့် သူတို့ရဲ့ဓာတ်ပုံလေးတွေကိုပါ စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ရာသီဥတုအလိုက်ပြောင်းလဲနေတဲ့ ကမ္ဘာပေါ်ရှိအလှတရားများရဲ့ တစ်နှစ်တာအကောင်းဆုံးဓာတ်ပုံများ"

Leave a comment

Your email address will not be published.


*