ကံကောင်းအောင် လိပ်ကိုရေကန်ထဲလွတ်လိုက်ကာမှ သက်ရှိပတ်ဝန်းကျင်ကိုအတော်လေးဒုက္ခပေးတတ်သည့်မျိုးစိပ်ဖြစ်နေ

လူတွေဟာ ဘိုးဘွားစဉ်ဆက်တစ်လျှောက် မွေးမြူထားကြတဲ့တိရစ္ဆာန်တွေကြီးထွားလာပြီဆိုရင် တောကြီးထဲကိုလွတ်ပေးပြီးနောက် ကုသိုလ်ယူကြတယ်ဆိုပေမဲ့လည်း အမှန်တကယ်တော့ အချို့သောအကောင်တွေက သက်ရှိပတ်ဝန်းကျင်ဖွဲ့စည်းတည်ဆောက်မှုကို အတော်လေးထိခိုက်ပျက်ဆီးစေလျက်ရှိနေပါတယ် ။ အထူးသဖြင့် မူရင်ဒေသခံမဟုတ်တဲ့တိရစ္ဆာန်တွေကတော့ ကျွန်ုပ်တို့ရဲ့အခြားသောတောရိုင်းတိရစ္ဆာန်များကိုပါ အတော်လေးထိခိုက်အန္တရာယ်ဖြစ်စေနိုင်ပါတယ် ။ အခြားသောတိရစ္ဆာန်တွေရဲ့ဘဝကိုတင်မဟုတ်သေးပါဘူး အပင်တွေနဲ့ အဏုဇီဝရုပ်တွေကိုပါ ဖျက်ဆီးနိုင်ကြပါတယ် ။ ဒါကြောင့်မို့ တိရစ္ဆာန်တွေတိုင်းကို ဘယ်နေရာမှာပဲဖြစ်ဖြစ် အလွယ်တကူလွတ်ပေးလိုက်ခြင်းက မှန်ကန်တဲ့နည်းလမ်းမျိုးတော့မဟုတ်ပါဘူး ။

ဒီတစ်ခေါက်လည်း Twitter မှာအတော်လေးကိုရေပန်းစားနေခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အဘိုးအဘွားအုပ်စုတစ်စုဟာ Alligator snapping turtle လို့ခေါ်တဲ့ အလွန်အန္တရာယ်ရှိလွန်းလှတဲ့ လိပ်မျိုးစိပ်တစ်ခုကို မလေးရှားနိုင်ငံမှာရှိတဲ့ Putrajaya ရေကန်အတွင်းသို့ လွတ်မြောက်ပေးနေတဲ့ရုပ်ပုံတွေဖြစ်ပါတယ် ။ မြင်ယောင်ကြည့်ပါအုံး တစ်စုံတစ်ယောက်က မတော်တဆအဲ့ရေကန်အတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အဆိုပါလိပ်၏အနီးနားသို့ကျရောက်သွားခဲ့မယ်ဆိုရင်တော့ အတော်လေးကိုမတွေးဝံ့စရာပါပဲ ။ သို့ပေမဲ့လည်း အဆိုပါအဘိုးအဘွားတွေ လိပ်ကိုလွတ်ပေးခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကံကောင်းခြင်းတွေရရှိလာဖို့အတွက်ကြောင့်ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ Twitter ပေါ်မှာ အတော်လေးကိုရေပန်းစားသွားခဲ့ချိန်မှာတော့ လူအများစုကအဆိုပါလိပ်မျိုးစိပ်ကို လွတ်ပေးလိုက်ခြင်းက ဒေသရင်းအပင်များနှင့် ဒေသရင်းတိရစ္ဆာန်များကို ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် သက်ရှိပတ်ဝန်းကျင်နှင့် လုံးဝထိတွေ့ခွင့်မပေးသင့်သည့်တိရစ္ဆာန်မျျိုးစပ်ဖြစ်သောကြောင်း လူများစွာကပြစ်တင်ရှုံ့ချခဲ့ကြပါတယ် ။ ဥပမာအနေနဲ့ပြောပြရမယ်ဆိုရင် Cane toads လို့ခေါ်တဲ့ဖားမျိုးစိပ်တစ်ခုကို Australia သို့ခေါ်ဆောင်လာခဲ့သည့်အတွက် ကုန်နေရေနေတိရစ္ဆာန်များ ကူးစက်ရောဂါခံစားခဲ့ရပြီး အဆိပ်သင့်သွားခဲ့တဲ့အတွက် ဒေသရင်း သားရဲတိရစ္ဆာန်တွေရဲ့လုံးဝပျက်သုန်းသွားခဲ့ရသောကြောင့် မိမိသယ်ဆောင်လာခဲ့တဲ့သားရဲမျိုးစိပ်တွေကို ဘယ်လိုကြပ်မတ်သင့်သလဲဆိုတာ နားလည်သဘောပေါက်လောက်မှာပါ ။ Putrajaya မြို့ရှိတာဝန်ရှိသော အဖွဲ့အစည်းများကလည်း အဆိုပါကိစ္စရပ်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေလျက်ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

လူေတြဟာ ဘိုးဘြားစဥ္ဆက္တစ္ေလ်ွာက္ ေမြးျမဴထားၾကတဲ့တိရစာၦန္ေတြႀကီးထြားလာၿပီဆိုရင္ ေတာႀကီးထဲကိုလြတ္ေပးၿပီးေနာက္ ကုသိုလ္ယူၾကတယ္ဆိုေပမဲ့လည္း အမွန္တကယ္ေတာ့ အခ်ိဳ႕ေသာအေကာင္ေတြက သက္႐ွိပတ္ဝန္းက်င္ဖြဲ႔စည္းတည္ေဆာက္မႈကို အေတာ္ေလးထိခိုက္ပ်က္ဆီးေစလ်က္႐ွိေနပါတယ္ ။ အထူးသျဖင့္ မူရင္ေဒသခံမဟုတ္တဲ့တိရစာၦန္ေတြကေတာ့ ကြၽႏ္ုပ္တို႔ရဲ႕အျခားေသာေတာ႐ိုင္းတိရစာၦန္မ်ားကိုပါ အေတာ္ေလးထိခိုက္အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္ ။ အျခားေသာတိရစာၦန္ေတြရဲ႕ဘဝကိုတင္မဟုတ္ေသးပါဘူး အပင္ေတြနဲ႔ အဏုဇီဝ႐ုပ္ေတြကိုပါ ဖ်က္ဆီးႏိုင္ၾကပါတယ္ ။ ဒါေၾကာင့္မို႔ တိရစာၦန္ေတြတိုင္းကို ဘယ္ေနရာမွာပဲျဖစ္ျဖစ္ အလြယ္တကူလြတ္ေပးလိုက္ျခင္းက မွန္ကန္တဲ့နည္းလမ္းမ်ိဳးေတာ့မဟုတ္ပါဘူး ။

ဒီတစ္ေခါက္လည္း Twitter မွာအေတာ္ေလးကိုေရပန္းစားေနခဲ့တဲ့ သတင္းတစ္ပုဒ္ကေတာ့ အဘိုးအဘြားအုပ္စုတစ္စုဟာ Alligator snapping turtle လို႔ေခၚတဲ့ အလြန္အႏၱရာယ္႐ွိလြန္းလွတဲ့ လိပ္မ်ိဳးစိပ္တစ္ခုကို မေလး႐ွားႏိုင္ငံမွာ႐ွိတဲ့ Putrajaya ေရကန္အတြင္းသို႔ လြတ္ေျမာက္ေပးေနတဲ့႐ုပ္ပံုေတြျဖစ္ပါတယ္ ။ ျမင္ေယာင္ၾကည့္ပါအံုး တစ္စံုတစ္ေယာက္က မေတာ္တဆအဲ့ေရကန္အတြင္းသို႔ျပဳတ္က်သြားခဲ့ၿပီး အဆိုပါလိပ္၏အနီးနားသို႔က်ေရာက္သြားခဲ့မယ္ဆိုရင္ေတာ့ အေတာ္ေလးကိုမေတြးဝံ့စရာပါပဲ ။ သို႔ေပမဲ့လည္း အဆိုပါအဘိုးအဘြားေတြ လိပ္ကိုလြတ္ေပးခဲ့တဲ့ ရည္ရြယ္ခ်က္ကေတာ့ ကံေကာင္းျခင္းေတြရ႐ွိလာဖို႔အတြက္ေၾကာင့္ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

အဆိုပါအျဖစ္အပ်က္ဟာ Twitter ေပၚမွာ အေတာ္ေလးကိုေရပန္းစားသြားခဲ့ခ်ိန္မွာေတာ့ လူအမ်ားစုကအဆိုပါလိပ္မ်ိဳးစိပ္ကို လြတ္ေပးလိုက္ျခင္းက ေဒသရင္းအပင္မ်ားႏွင့္ ေဒသရင္းတိရစာၦန္မ်ားကို ထိခိုက္ပ်က္စီးေစႏိုင္သည့္အတြက္ သက္႐ွိပတ္ဝန္းက်င္ႏွင့္ လံုးဝထိေတြ႔ခြင့္မေပးသင့္သည့္တိရစာၦန္မ််ိဳးစပ္ျဖစ္ေသာေၾကာင္း လူမ်ားစြာကျပစ္တင္႐ႈံ့ခ်ခဲ့ၾကပါတယ္ ။ ဥပမာအေနနဲ႔ေျပာျပရမယ္ဆိုရင္ Cane toads လို႔ေခၚတဲ့ဖားမ်ိဳးစိပ္တစ္ခုကို Australia သို႔ေခၚေဆာင္လာခဲ့သည့္အတြက္ ကုန္ေနေရေနတိရစာၦန္မ်ား ကူးစက္ေရာဂါခံစားခဲ့ရၿပီး အဆိပ္သင့္သြားခဲ့တဲ့အတြက္ ေဒသရင္း သားရဲတိရစာၦန္ေတြရဲ႕လံုးဝပ်က္သုန္းသြားခဲ့ရေသာေၾကာင့္ မိမိသယ္ေဆာင္လာခဲ့တဲ့သားရဲမ်ိဳးစိပ္ေတြကို ဘယ္လိုၾကပ္မတ္သင့္သလဲဆိုတာ နားလည္သေဘာေပါက္ေလာက္မွာပါ ။ Putrajaya ၿမိဳ႕႐ွိတာဝန္႐ွိေသာ အဖြဲ႔အစည္းမ်ားကလည္း အဆိုပါကိစၥရပ္အတြက္ စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနလ်က္႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "ကံကောင်းအောင် လိပ်ကိုရေကန်ထဲလွတ်လိုက်ကာမှ သက်ရှိပတ်ဝန်းကျင်ကိုအတော်လေးဒုက္ခပေးတတ်သည့်မျိုးစိပ်ဖြစ်နေ"

Leave a comment

Your email address will not be published.


*