ဝန်ထမ်းတွေ အချောင်မခိုရန် တမင်ဥာဏ်ဆင်ကာ အိမ်သာမှာအချိန်တိုင်းစက်ကိရိယာတပ်ဆင်ခဲ့တဲ့ ကုမ္ပဏီ
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
မကြာသေးမီက တရုတ်နိုင်ငံရှိ ကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းတွေရဲ့အိမ်သာမှာ အချိန်တိုင်းစက်ကိရိယာတစ်ခုကို တပ်ဆင်ထားခဲ့တဲ့အတွက် အငြင်းပွါးစရာတွေဖြစ်သွားခဲ့ပါတယ်။Kwang Wah Daily သတင်းအရ အချိန်တိုင်းစက်ပါနေတဲ့ အိမ်သာဓာတ်ပုံနှစ်ပုံဟာ Weiboမှာ ပျံ့နှံ့သွားပြီးနောက် Netizen တွေဟာ ကုမ္ပဏီအနေနဲ့ သူတို့ဝန်ထမ်းအပေါ် စည်းကမ်းကျပ်ကာ အကျိုးသက်ရောက်မှုတွေရှိစေရန်အတွက် အချိန်တိုင်းစက်ကို အသုံးချပြီး သေချာအောင် ပြုလုပ်နေခြင်းကို ဒေါသထွက်ခဲ့ကြပါတယ်။ဓာတ်ပုံတွေပျံ့နှံ့သွားပြီးနောက် ကုမ္ပဏီဟာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အကြောင်းပြချက်တချို့ကို ရှင်းလင်းဖြေကြားခဲ့ပါတယ်။သူတို့ဖြေရှင်းချက်အရ အကြောင်းအရင်းတစ်ခုကြောင့် အချိန်တိုင်းစက်ကို အိမ်သာတစ်ခုတည်းမှာသာ တပ်ဆင်ထားကြောင်းဆိုထားပါတယ်။
အဆိုပါအကြောင်းအရင်းက ကုမ္ပဏီအဆောက်အဦးမှာ အိမ်သာအနည်းငယ်သာရှိတာကြောင့် ဝန်ထမ်းတွေအနေနဲ့ အိမ်သာကို အချိန်အပိုင်းအခြားတစ်ခုထားကာ တက်စေရန် နှင့်အဆောက်အဦးတည်ဆောက်ပုံကြောင့်လည်း အိမ်သာတွေထပ်မဆောက်နိုင်ခဲ့ကြောင်း၊သယ်ဆောင်ရလွယ်ကူတဲ့အိမ်သာတွေကိုဘယ်လောက် မှာယူဖို့ ဆုံးဖြတ်နိုင်ရန်ဖြစ်ပြီး တစ်ရက်ကို အိမ်သာဘယ်နှကြိမ်တက်ကြပြီး တက်နေတုန်းကြာချိန်ဘယ်လောက်ရှိလဲဆိုတာကိုကြည့်ရှုရန် အချိန်တိုင်းစက်ကို တပ်ဆင်ထားရကြောင်းလည်း ဖြေကြားထားပါတယ်။သိရပုံအရ ကုမ္ပဏီက ဝန်ထမ်းတွေ အချောင်မခိုရန် တမင်ဉာဏ်ဆင်ပြီး တပ်ဆင်ထားပုံရသလို ဒါမှမဟုတ် တကယ်စည်းကမ်းကျပ်တဲ့ကုမ္ပဏီဖြစ်ပြီး အပြင်ကို ပေါက်မကြားသွားအောင် လိမ်ဆင်တွေနဲ့ ဖြေကြားခဲ့ပုံလည်းရပါတယ်။ဒီတော့ သင်တို့ရဲ့ကုမ္ပဏီလည်း အိမ်သာမှာအချိန်တိုင်းစက်တပ်ထားရင်ကော ဘယ်လိုလုပ်ဖို့စဉ်းစားထားပါသလဲ။
Jasmine (Mckzone Daily)
Be the first to comment on "ဝန်ထမ်းတွေ အချောင်မခိုရန် တမင်ဥာဏ်ဆင်ကာ အိမ်သာမှာအချိန်တိုင်းစက်ကိရိယာတပ်ဆင်ခဲ့တဲ့ ကုမ္ပဏီ"
Leave a comment
Your email address will not be published.
*