ကိုယ့္ရဲ႕အိတ္ကပ္ထဲက ပိုက္ဆံေတြကိုလံုးဝမထိဘဲ ကူပြန္ေဘာက္ခ်ာေတြကိုသာသံုးၿပီး 35 ႏွစ္ၾကာ႐ွင္သန္​ေနထိုင္ခဲ့သူ

ဂ်ပန္နိုင္ငံရွိ အသက္ ၇၁ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ Kiriya Hiroshi ဆိုသူဟာ အသက္ ၃၅ ႏွစ္အရြယ္တုန္းကတည္းက စေတာ့ရွယ္ယာေတြကိုစတင္ရင္းႏွီးျမႇုပ္ႏွံခဲ့ပါတယ္။ဂ်ပန္စေတာ့ရွယ္ယာေဈးကြက္မွာ ေငြအေျမာက္အမ်ားထည့္သြင္းထားတဲ့ ရင္းႏွီးျမႇုပ္ႏွံသူတစ္ဦးဟာ ကူပြန္ေဘာက္ခ်ာမ်ားစြာကို ဆုတစ္ခုအျဖစ္ ရရွိနိုင္တဲ့ စနစ္တစ္ခုရွိေနၿပီး Kiriya Hiroshi ပိုင္ဆိုင္တဲ့ စေတာ့ရွယ္ယာေတြရဲ့ေစ်းကြက္တန္ဖိုးမွာ ယန္း ၃၀၀ မီလံယံ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ Kiriya ဟာ ကုမၸဏီေပါင္း ၉၀၀ ေက်ာ္မွာရင္းႏွီးျမဳပ္ႏွံထားၿပီး ကုမၸဏီေတြက ေဝစုရဲ့ကူပြန္ေဘာက္ခ်ာေတြကို သူ႔အား ႏွစ္တိုင္း တရားမၽွတစြာေပးေနပါတယ္။

桐谷広人 元将棋棋士 投資家

ရွိုးတစ္ခုမွာေတာ့ အဆိုပါကူပြန္ေတြကို ေန႔စဥ္လိုအပ္ခ်က္ေတြျဖစ္တဲ့ ဆန္၊ ဆီ၊ ဆား၊ အဝတ္အထည္၊ ဖိနပ္ အျပင္ စက္ဘီးတစ္စီးႏွင့္လည္း လဲလွယ္ခဲ့ေၾကာင္း Kiriya ကေျပာျပခဲ့ပါတယ္။Kiriya ဟာ သူ႔ရဲ့ ဘတ္ဂ်က္ေငြေတြကိုတင္းတင္းက်ပ္က်ပ္ထားေလ့ရွိၿပီး သူရဲ့ေဘာက္ခ်ာတန္ဖိုးထက္ ပိုၿပီးကုန္က်ေနတတ္တဲ့ အရာေတြကိုလည္း မသုံးစြဲခဲ့ပါဘူး။Kiriya ဟာ သယ္ယူပို့ေဆာင္ေရးအတြက္ စက္ဘီးကိုသာအသုံးျပဳၿပီး သူ႔ပိုက္ဆံအိတ္ဟာလည္း သာမန္ပိုက္ဆံအိတ္တစ္လုံးလို ပိုက္ဆံသို့မဟုတ္ကဒ္တခ်ိဳ့ေတြပါရွိေနတာမ်ိဳးမဟုတ္ဘဲ ကူပြန္ေဘာက္ခ်ာေတြနဲ႔ျပည့္ေနတာကိုေတြ႕ရမွာပါ။ေခၽြတာစုေဆာင္းသူေဌးေလာင္းဆိုတဲ့စကားပုံအတိုင္း Kiriya လို စုေဆာင္းသင့္ၿပီး သူ႔လိုေကာ သင္ ေနခ်င္ပါသလား။

1

2

3

4

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဂျပန်နိုင်ငံရှိ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Kiriya Hiroshi ဆိုသူဟာ အသက် ၃၅ နှစ်အရွယ်တုန်းကတည်းက စတော့ရှယ်ယာတွေကိုစတင်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဂျပန်စတော့ရှယ်ယာဈေးကွက်မှာ ငွေအမြောက်အများထည့်သွင်းထားတဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဟာ ကူပွန်ဘောက်ချာများစွာကို ဆုတစ်ခုအဖြစ် ရရှိနိုင်တဲ့ စနစ်တစ်ခုရှိနေပြီး Kiriya Hiroshi ပိုင်ဆိုင်တဲ့ စတော့ရှယ်ယာတွေရဲ့ဈေးကွက်တန်ဖိုးမှာ ယန်း ၃၀၀ မီလံယံ ဖြစ်ပါတယ်။လက်ရှိမှာတော့ Kiriya ဟာ ကုမ္ပဏီပေါင်း ၉၀၀ ကျော်မှာရင်းနှီးမြုပ်နှံထားပြီး ကုမ္ပဏီတွေက ဝေစုရဲ့ကူပွန်ဘောက်ချာတွေကို သူ့အား နှစ်တိုင်း တရားမျှတစွာပေးနေပါတယ်။

ရှိုးတစ်ခုမှာတော့ အဆိုပါကူပွန်တွေကို နေ့စဉ်လိုအပ်ချက်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ဖိနပ် အပြင် စက်ဘီးတစ်စီးနှင့်လည်း လဲလှယ်ခဲ့ကြောင်း Kiriya ကပြောပြခဲ့ပါတယ်။Kiriya ဟာ သူ့ရဲ့ ဘတ်ဂျက်ငွေတွေကိုတင်းတင်းကျပ်ကျပ်ထားလေ့ရှိပြီး သူရဲ့ဘောက်ချာတန်ဖိုးထက် ပိုပြီးကုန်ကျနေတတ်တဲ့ အရာတွေကိုလည်း မသုံးစွဲခဲ့ပါဘူး။Kiriya ဟာ သယ်ယူပို့ဆောင်ရေးအတွက် စက်ဘီးကိုသာအသုံးပြုပြီး သူ့ပိုက်ဆံအိတ်ဟာလည်း သာမန်ပိုက်ဆံအိတ်တစ်လုံးလို ပိုက်ဆံသို့မဟုတ်ကဒ်တချို့တွေပါရှိနေတာမျိုးမဟုတ်ဘဲ ကူပွန်ဘောက်ချာတွေနဲ့ပြည့်နေတာကိုတွေ့ရမှာပါ။ချွေတာစုဆောင်းသူဌေးလောင်းဆိုတဲ့စကားပုံအတိုင်း Kiriya လို စုဆောင်းသင့်ပြီး သူ့လိုကော သင် နေချင်ပါသလား။

Jasmine (Mckzone Daily)

  • Leave a Comment