ဂ်ပန္နိုင္ငံ အင္တာနက္အသုံးျပဳသူေတြဟာ ဂ်ပန္နိုင္ငံ Nagoyaၿမိဳ့ Higashiyamaတိရိစၧာန္႐ုံရွိ အလြန္ၾကည့္ေကာင္းၿပီး ဓာတ္ပုံစားတဲ့ တခ်ိဳ့က”handsome guy”လို့ေတာင္ေခၚတဲ့ silverback western lowland gorilla အမ်ိဳးအစား ေမ်ာက္ဝံShabaniေလးေၾကာင့္ အသည္းႏွလုံးအရည္ေပ်ာ္သြားေစခဲ့ပါတယ္။Shabaniေလးဟာ တိရိစၧာန္႐ုံကို လာေရာက္လည္ပတ္ခဲ့သူေတြက သူ႔ရဲ့ဓာတ္ပုံေတြကို social media ေပၚမၽွေဝခဲ့ၿပီးေနာက္ ၂၀၁၅ခုႏွစ္အေစာပိုင္းေလာက္ကတည္းက အင္တာနက္မွာလူသိမ်ားေက်ာ္ၾကားလာခဲ့ၿပီး ဂ်ပန္နဲ႔အေနာက္နိုင္ငံရွိ မီဒီယာေတြဟာ သူ႔ရဲ့ၾကည့္ေကာင္းတဲ့႐ုပ္ရည္နဲ႔သူ႔အေၾကာင္းေတြကို အစဥ္မပ်က္မၽွေဝေနခဲ့ေၾကာင္း BBCသတင္းအရ သိရပါတယ္။
၁၉၉၇ခုႏွစ္ Belgiumနိုင္ငံမွာ Shabaniေလးကို ေမြးဖြားခဲ့ကာ ဩစေၾတးလ်မွာေနထိုင္ႀကီးျပင္းလာခဲ့ရၿပီးေနာက္ ၂၀၀၇ခုႏွစ္မွာေတာ့ လက္ေဆာင္အျဖစ္ သူေလးကို Nagoyaၿမိဳ့ Higashiyamaတိရိစၧာန္႐ုံသို့ ပို့ခဲ့ၾကပါတယ္။Western lowland gorilla ေလးေတြဟာ ဗဟို အာဖရိကေဒသမွာ အဓိကေနထိုင္က်က္စားၾကၿပီး သူတို့ အသားသို့မဟုတ္အေရျပားေတြကို ေရာင္းဝယ္ရန္အတြက္ အမဲလိုက္ေနၾကတဲ့ တရားမဝင္ဖမ္းဆီးသူေတြကို မၾကာခဏလိုက္လံရွာေဖြတတ္ၾကပါတယ္။Shabaniေလးကို ၾကည့္ေကာင္းတဲ့နာမည္ႀကီးအမ်ိဳးသားေတြနဲ႔လည္း ယွဥ္တြဲႏွိုင္းယွဥ္တတ္ၾကတဲ့လူေတြလည္းရွိေနပါတယ္။အဆိုပါလူေတြထဲမွ တစ္ဦးက အေမရိကန္နာမည္ႀကီးမင္းသား George Clooneyနဲ႔ႏွိုင္းယွဥ္ထားတဲ့ပုံကိုမၽွေဝခဲ့ၿပီး Shabaniရဲ့႐ုပ္သြင္ျပင္ဟာ Clooneyနဲ႔ဆင္ေၾကာင္းကို မေထာက္ခံတဲ့လူ မရွိခဲ့ၾကပါဘူး။
Twitter အသုံးျပဳသူတစ္ဦးက Apple CEOျဖစ္တဲ့ Steve Jobsနဲ႔အထူးသျဖင့္ ေမးေထာက္ေနတဲ့ပုံကပိုဆင္ေၾကာင္း အႀကံေပးခဲ့ပါေသးတယ္။Shabaniဟာဘယ္သူဘယ္ဝါနဲ႔ဘဲတူေနပါေစ၊သူ႔နည္းသူ႔ဟန္နဲ႔နာမည္ႀကီးေက်ာ္ၾကားေနတာေတာ့ အမွန္ပါဘဲ။ဓာတ္ပုံဆရာေတြအတြက္ မဟုတ္ခဲ့ရင္ေတာ့ ဂ်ပန္နိုင္ငံတစ္ဝွမ္းရွိ ကုန္ပစၥည္းေတြရဲ့ေၾကာ္ျငာေတြမွာ Shabaniေလးကို ျမင္ေတြ႕နိုင္ၿပီး တိရိစၧာန္႐ုံမွာ စူပါစတားျဖစ္ေန႐ုံသာမက Nagoyaၿမိဳ့အေျခစိုက္စတိုးဆိုင္တစ္ခုျဖစ္တဲ့ Parcoရဲ့ေမာ္ဒယ္လည္းျဖစ္ေနပါေသးတယ္။
1
2
3
4
5
Jasmine (Mckzone Daily)
Source: nextshark.
Unicode
ဂျပန်နိုင်ငံ အင်တာနက်အသုံးပြုသူတွေဟာ ဂျပန်နိုင်ငံ Nagoyaမြို့ Higashiyamaတိရိစ္ဆာန်ရုံရှိ အလွန်ကြည့်ကောင်းပြီး ဓာတ်ပုံစားတဲ့ တချို့က”handsome guy”လို့တောင်ခေါ်တဲ့ silverback western lowland gorilla အမျိုးအစား မျောက်ဝံShabaniလေးကြောင့် အသည်းနှလုံးအရည်ပျော်သွားစေခဲ့ပါတယ်။Shabaniလေးဟာ တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်ခဲ့သူတွေက သူ့ရဲ့ဓာတ်ပုံတွေကို social media ပေါ်မျှဝေခဲ့ပြီးနောက် ၂၀၁၅ခုနှစ်အစောပိုင်းလောက်ကတည်းက အင်တာနက်မှာလူသိများကျော်ကြားလာခဲ့ပြီး ဂျပန်နဲ့အနောက်နိုင်ငံရှိ မီဒီယာတွေဟာ သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်နဲ့သူ့အကြောင်းတွေကို အစဉ်မပျက်မျှဝေနေခဲ့ကြောင်း BBCသတင်းအရ သိရပါတယ်။
That handsome gorilla does look eerily similar to handsome George Clooney.#HigashiyamaZoo pic.twitter.com/M7OMVYrfHP
— Kate Cunningham (@KateLCunningham) June 26, 2015
၁၉၉၇ခုနှစ် Belgiumနိုင်ငံမှာ Shabaniလေးကို မွေးဖွားခဲ့ကာ ဩစတြေးလျမှာနေထိုင်ကြီးပြင်းလာခဲ့ရပြီးနောက် ၂၀၀၇ခုနှစ်မှာတော့ လက်ဆောင်အဖြစ် သူလေးကို Nagoyaမြို့ Higashiyamaတိရိစ္ဆာန်ရုံသို့ ပို့ခဲ့ကြပါတယ်။Western lowland gorilla လေးတွေဟာ ဗဟို အာဖရိကဒေသမှာ အဓိကနေထိုင်ကျက်စားကြပြီး သူတို့ အသားသို့မဟုတ်အရေပြားတွေကို ရောင်းဝယ်ရန်အတွက် အမဲလိုက်နေကြတဲ့ တရားမဝင်ဖမ်းဆီးသူတွေကို မကြာခဏလိုက်လံရှာဖွေတတ်ကြပါတယ်။Shabaniလေးကို ကြည့်ကောင်းတဲ့နာမည်ကြီးအမျိုးသားတွေနဲ့လည်း ယှဉ်တွဲနှိုင်းယှဉ်တတ်ကြတဲ့လူတွေလည်းရှိနေပါတယ်။အဆိုပါလူတွေထဲမှ တစ်ဦးက အမေရိကန်နာမည်ကြီးမင်းသား George Clooneyနဲ့နှိုင်းယှဉ်ထားတဲ့ပုံကိုမျှဝေခဲ့ပြီး Shabaniရဲ့ရုပ်သွင်ပြင်ဟာ Clooneyနဲ့ဆင်ကြောင်းကို မထောက်ခံတဲ့လူ မရှိခဲ့ကြပါဘူး။
@KateLCunningham I don't know. Now I'm thinking it's more of a Steve Jobs look. #fb #apple #handsomegorilla pic.twitter.com/V0cxf6gonG
— Phil Scroggs (@phillustrations) June 28, 2015
Twitter အသုံးပြုသူတစ်ဦးက Apple CEOဖြစ်တဲ့ Steve Jobsနဲ့အထူးသဖြင့် မေးထောက်နေတဲ့ပုံကပိုဆင်ကြောင်း အကြံပေးခဲ့ပါသေးတယ်။Shabaniဟာဘယ်သူဘယ်ဝါနဲ့ဘဲတူနေပါစေ၊သူ့နည်းသူ့ဟန်နဲ့နာမည်ကြီးကျော်ကြားနေတာတော့ အမှန်ပါဘဲ။ဓာတ်ပုံဆရာတွေအတွက် မဟုတ်ခဲ့ရင်တော့ ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ကုန်ပစ္စည်းတွေရဲ့ကြော်ငြာတွေမှာ Shabaniလေးကို မြင်တွေ့နိုင်ပြီး တိရိစ္ဆာန်ရုံမှာ စူပါစတားဖြစ်နေရုံသာမက Nagoyaမြို့အခြေစိုက်စတိုးဆိုင်တစ်ခုဖြစ်တဲ့ Parcoရဲ့မော်ဒယ်လည်းဖြစ်နေပါသေးတယ်။
Jasmine (Mckzone Daily)
Be the first to comment on "ၾကည္႔ေကာင္းျပီးဓာတ္ပုံစားတဲ့႐ုပ္ရည္ပိုင္ဆိုင္ထားလို႔ လူအေတာ္အမ်ားကိုဆြဲေဆာင္ႏိုင္ခဲ့တဲ့ လူဝံ"