ထမင်းစားတူကိုင်ရင်း မှောက်လဲကျသွားခဲ့လို့ ပါးစပ်ကနေဦးနှောက်အထိ တူထိုးဖောက်ဝင်သွားခဲ့တဲ့ 1နှစ်ခွဲအရွယ်ကလေး

ကလေးငယ်တွေဆိုတာက သဘာဝအရငြိမ်ငြိမ်မနေတတ်ကြပါဘူး ၊ အထူးသဖြင့် ထမင်းစားနေတဲ့အချိန်တွေမှာပါ ။ မိဘတွေကလည်း လျှောက်ပြေးနေတဲ့ ကငေယ်တွေနောက်ကို လိုက်ဖမ်းပြီးထမင်းကြွေးနေရတဲ့ အရွယ်မျိုးတွေပါ ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက တစ်နှစ်ခွဲအရွယ် ကလေးမလေးဟာ မနက်စာစားနေချိန်မှာလုံးဝကို အငြိမ်မနေနိုင်ပါဘူး ။ ပြီးတော့ သူမ၏မိဘများကလည်း သူမကိုပတ်ပြေးခွင့်ပေးထားခဲ့ပြီး ထမင်းလိုက်ကြွေးနေခဲ့တာပါ ။ သတင်းအရင်းအမြစ်အရ ကလေးမလေးဟာ အခြားတစ်နှစ်ခွဲအရွယ်ကလေးတွေကို လမ်းစလျှောက်တတ်တဲ့အရွယ်ဖြစ်နေခဲ့ပြီး အိမ်ပတ်လည် ပတ်ပြေးနေခဲ့ပါတယ် ။ သူမဟာလမ်းလျှောက်တာလည်း လုံးဝမငြိမ်သေးတဲ့အပြင် လက်မှာလည်း ထမင်းစားတူကိုကိုင်ပြီး ပတ်ပြေးနေခဲ့တာပါ ။

၎င်းကဲ့သို့ ပတ်ပြေးနေစဉ် ခလုတ်တိုက်မိပြီးကြမ်းပြင်ပေါ်သို့မှောက်လဲကျသွားခဲ့ကာ သူမကိုင်ဆောင်ထားခဲ့သောထမင်းစားတူမှာလည်း သူမ၏ပါးစပ်ပေါက်ကနေ အနောက်ဖက်ဦးနှောက်အထိ ထိုးဖောက်ဝင်သွားခဲ့ပါတော့တယ် ။ ကလေးငယ်မှာပါးစပ်မှာ ထမင်းစားတူတန်းလန်းဖြင့် အတော်လေးကိုနာကျင်နေခဲ့ပြီး အော်ဟစ်ငိုကြွေးနေခဲ့ပါတော့တယ် ။

အဆိုပါအဖြစ်အပျက်ကြောင့် သူမ၏မိသားစုဝင်များဟာ အတော်လေးအံ့သြထိတ်လန့်သွားခဲ့ကြပြီး သူမကို CT scan ရိုက်ရန်အတွက် ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ ကလေးမလေးကို ခွဲစိတ်ကုသပေးခဲ့တဲ့ဆရာဝန်၏ပြောပြချက်အရ သူမ၏ပါးစပ်ထဲသို့ထိုးဖောက်ဝင်သွားသောထမင်းစားတူကို ထုတ်ပေးနေချိန်အတွင်း သူမ၏ဦးနှောက်အတွင်းသို့ 2cm ခန့်အထိ ထမင်းစားတူဝင်ရောက်နေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့အပြင် ထမင်းစားတူမှာ လည်သွေးပြန်ကြောအတွင်းအထိ ထိုးဖောက်ဝင်သွားခဲ့သည့်အပြင် ပိုဆိုးဝါးတာကတော့ ထမင်းစားတူ၏ထိပ်ဖက်မှာထမင်းစေ့ ကပ်နေခဲ့တာဖြစ်ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ထမင်းစားတူမှာ ကလေးငယ်၏ဦးနှောက်အတွင်းဖက်အနက်ပိုင်းအထိ ဝင်ရောက်သွားခဲ့တာမဟုတ်ခဲ့သည့်အတွက် ခွဲစိတ်ကုသမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါတယ် ။ ယခုလက်ရှိအချိန်မှာတော့ ကလေးငယ်မှာအရေးပေါ်ဆေးကုသမှုခံယူနေလျက်ရှိပြီး သူမ၏ဦးခေါင်းအတွင်းပိုင်းမှာလည်း ကူးစက်ရောဂါရနိုင်သည့် အန္တရာယ်မျိုးနှင့်ကြုံတွေ့ရနိုင်သည့် အလားအလာရှိနေကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

ကေလးငယ္ေတြဆိုတာက သဘာဝအရၿငိမ္ၿငိမ္မေနတတ္ၾကပါဘူး ၊ အထူးသျဖင့္ ထမင္းစားေနတဲ့အခ်ိန္ေတြမွာပါ ။ မိဘေတြကလည္း ေလ်ွာက္ေျပးေနတဲ့ ကေငယ္ေတြေနာက္ကို လိုက္ဖမ္းၿပီးထမင္းေႂကြးေနရတဲ့ အရြယ္မ်ိဳးေတြပါ ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံက တစ္ႏွစ္ခြဲအရြယ္ ကေလးမေလးဟာ မနက္စာစားေနခ်ိန္မွာလံုးဝကို အၿငိမ္မေနႏိုင္ပါဘူး ။ ၿပီးေတာ့ သူမ၏မိဘမ်ားကလည္း သူမကိုပတ္ေျပးခြင့္ေပးထားခဲ့ၿပီး ထမင္းလိုက္ေႂကြးေနခဲ့တာပါ ။ သတင္းအရင္းအျမစ္အရ ကေလးမေလးဟာ အျခားတစ္ႏွစ္ခြဲအရြယ္ကေလးေတြကို လမ္းစေလ်ွာက္တတ္တဲ့အရြယ္ျဖစ္ေနခဲ့ၿပီး အိမ္ပတ္လည္ ပတ္ေျပးေနခဲ့ပါတယ္ ။ သူမဟာလမ္းေလ်ွာက္တာလည္း လံုးဝမၿငိမ္ေသးတဲ့အျပင္ လက္မွာလည္း ထမင္းစားတူကိုကိုင္ၿပီး ပတ္ေျပးေနခဲ့တာပါ ။

၎ကဲ့သို႔ ပတ္ေျပးေနစဥ္ ခလုတ္တိုက္မိၿပီးၾကမ္းျပင္ေပၚသို႔ေမွာက္လဲက်သြားခဲ့ကာ သူမကိုင္ေဆာင္ထားခဲ့ေသာထမင္းစားတူမွာလည္း သူမ၏ပါးစပ္ေပါက္ကေန အေနာက္ဖက္ဦးေႏွာက္အထိ ထိုးေဖာက္ဝင္သြားခဲ့ပါေတာ့တယ္ ။ ကေလးငယ္မွာပါးစပ္မွာ ထမင္းစားတူတန္းလန္းျဖင့္ အေတာ္ေလးကိုနာက်င္ေနခဲ့ၿပီး ေအာ္ဟစ္ငိုေႂကြးေနခဲ့ပါေတာ့တယ္ ။

အဆိုပါအျဖစ္အပ်က္ေၾကာင့္ သူမ၏မိသားစုဝင္မ်ားဟာ အေတာ္ေလးအံ့ၾသထိတ္လန္႔သြားခဲ့ၾကၿပီး သူမကို CT scan ႐ိုက္ရန္အတြက္ ေဆးရံုသို႔ေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ ကေလးမေလးကို ခြဲစိတ္ကုသေပးခဲ့တဲ့ဆရာဝန္၏ေျပာျပခ်က္အရ သူမ၏ပါးစပ္ထဲသို႔ထိုးေဖာက္ဝင္သြားေသာထမင္းစားတူကို ထုတ္ေပးေနခ်ိန္အတြင္း သူမ၏ဦးေႏွာက္အတြင္းသို႔ 2cm ခန္႔အထိ ထမင္းစားတူဝင္ေရာက္ေနခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ထို႔အျပင္ ထမင္းစားတူမွာ လည္ေသြးျပန္ေၾကာအတြင္းအထိ ထိုးေဖာက္ဝင္သြားခဲ့သည့္အျပင္ ပိုဆိုးဝါးတာကေတာ့ ထမင္းစားတူ၏ထိပ္ဖက္မွာထမင္းေစ့ ကပ္ေနခဲ့တာျဖစ္ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ထမင္းစားတူမွာ ကေလးငယ္၏ဦးေႏွာက္အတြင္းဖက္အနက္ပိုင္းအထိ ဝင္ေရာက္သြားခဲ့တာမဟုတ္ခဲ့သည့္အတြက္ ခြဲစိတ္ကုသမႈကိုေအာင္ျမင္စြာျပဳလုပ္ႏိုင္ခဲ့ပါတယ္ ။ ယခုလက္႐ွိအခ်ိန္မွာေတာ့ ကေလးငယ္မွာအေရးေပၚေဆးကုသမႈခံယူေနလ်က္႐ွိၿပီး သူမ၏ဦးေခါင္းအတြင္းပိုင္းမွာလည္း ကူးစက္ေရာဂါရႏိုင္သည့္ အႏၱရာယ္မ်ိဳးႏွင့္ၾကံဳေတြ႔ရႏိုင္သည့္ အလားအလာ႐ွိေနေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "ထမင်းစားတူကိုင်ရင်း မှောက်လဲကျသွားခဲ့လို့ ပါးစပ်ကနေဦးနှောက်အထိ တူထိုးဖောက်ဝင်သွားခဲ့တဲ့ 1နှစ်ခွဲအရွယ်ကလေး"

Leave a comment

Your email address will not be published.


*