ခရီးအလည္အပတ္သြားရင္ Grab ယာဥ္ေမာင္းအမ်ိဳးသမီးနဲ႔ ဖူးစာဆံုခဲ့တဲ့အမ်ိဳးသား

မေလးရွားနိုင္ငံရွိ Grab ကားေမာင္းတဲ့ အမ်ိဳးသမီး ျဖစ္သူ Aiffa Syakirin Abd Maji ဟာ လြန္ခဲ့တဲ့ ၂ ႏွစ္က ေတြ႕ဆုံခဲ့တဲ့ Morocco နိုင္ငံသား ခရီးသည္ Badr Kebdani ႏွင့္ ေႏွာင္ႀကိဳးထုံးဖြဲ႕ခဲ့ကာ မဂၤလာပြဲဓာတ္ပုံေတြ႕ပ်ံ႕ႏွံ့သြားၿပီးေနာက္ netizenေတြဟာ သူတို့စုံတြဲကို ဂုဏ္ျပဳခဲ့ၾကပါတယ္။သူတို့စုံတြဲရဲ့အခ်စ္ဇာတ္လမ္းဟာ Badr စင္ကာပူႏွင့္မေလးရွားအားလပ္ရက္ခရီးသြားခဲ့တဲ့အခ်ိန္တုန္းက စတင္ခဲ့တာပါ။Badr ဟာ မေလးရွားနိုင္ငံ၊ Johor ၿမိဳ့ရွိ Senai ေလဆိပ္သို့သြားရန္ Sharing App Grab မွတဆင့္ကားစီးရန္ေတာင္းဆိုခဲ့ၿပီး Badr ရဲ့ကားဆရာဟာ ေဖာ္ေရြပ်ဴဌာတဲ့ Aiffa ျဖစ္ေနခဲ့ပါတယ္။အခ်ိန္ပိုင္းအလုပ္လုပ္ရင္း Grabကားပါေမာင္းေနတဲ့သူမနဲ႔ Badr တို့ႏွစ္ဦးဟာ ကားထဲမွာ စကားစျမည္ေျပာဆိုခဲ့ၾကၿပီး တစ္ဦးႏွင့္တစ္ဦး ဆက္သြယ္နိုင္တဲ့အခ်က္အလက္ေတြပါ ဖလွယ္ခဲ့ၾကပါတယ္။

Aiffa ႏွင့္ Badr ႏွစ္ဦးစလုံးဟာ Whats App၊ Skype ႏွင့္ Facebookေတြမွတစ္ဆင့္ online ေပၚမွာ အခ်င္းခ်င္းဆက္သြယ္တာေတြ တစ္ႏွစ္ေလာက္လုပ္ခဲ့ေပမဲ့ ေဝးကြာေနတဲ့သူတို့ရဲ့ဆက္ဆံေရးကို (LDRS)တစ္ဆင့္သို့တက္ရန္ ဆုံးျဖတ္ခဲ့ၾကပါတယ္။Badr ဟာ Moroccoေဆာင္းရာသီအတြင္းအနားယူရန္ မေလးရွားသို့ေနာက္ထပ္အလည္ခရီးသြားခဲ့ပါတယ္။Badr ဟာ Aiffaအား သူ႔ရဲ့ခ်စ္ျခင္းေမတၱာေတြကိုဖြင့္ေျပာကာ ခ်စ္ခြင့္ပန္ခဲ့ၿပီး သူမဟာလည္း ယုံၾကည္စြာနဲ႔လက္ခံခဲ့တဲ့အတြက္ေၾကာင့္ အဆိုပါခရီးဟာ သူတို့ႏွစ္ေယာက္ရဲ့ ဘ၀ကို ထာဝရေျပာင္းလဲေစခဲ့ပါတယ္။

Aiffa ဟာ Instagram account @missjumboqueenမွာ သူတို့ရဲ့အံ့ဩေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့အခ်ိန္ေတြကိုမၽွေဝခဲ့ၿပီးေနာက္ Instagram သုံးစြဲသူေတြထံမွ ဂုဏ္ျပဳစကားသံေတြၾကားခဲ့ရပါတယ္။Badr က ကၽြန္မအေလးခ်ိန္နဲ႔ပတ္သက္ၿပီး ကိုယ့္ကိုယ္ကို သတိမျပဳမိေစခဲ့ပါဘူး၊သူက ကၽြန္မရဲ့ျဖစ္တည္မွုႏွင့္ရိုးသားမွုကို လက္ခံၿပီးခ်စ္ေပးခဲ့တယ္၊ကၽြန္မကိုအဆိုျပဳဖို့ နဲ႔ ကၽြန္မမိသားစုေတြကိုေတြ႕ဆုံဖို့အတြက္ ရည္ရြယ္ခ်က္ရွိရွိဒီေနရာကိုေရာက္လာၿပီး ကၽြန္မကိုခ်စ္ခြင့္ပန္ခဲ့တယ္ ဟု Aiffa ကေျပာျပခဲ့ပါတယ္။တကယ္ခ်စ္ရင္ အျပစ္မျမင္ေတာ့တာကအမွန္ပါဘဲ။သူတို့ႏွစ္ဦးလည္း တစ္ေယာက္ကိုတစ္ေယာက္အျမဲနားလည္ၿပီး ယုံယုံၾကည္ၾကည္နဲ႔ တစ္သက္လုံးေပါင္းသင္းနိုင္ပါေစလို့လည္း ဂုဏ္ျပဳဆုေတာင္းေပးေနမိပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

မလေးရှားနိုင်ငံရှိ Grab ကားမောင်းတဲ့ အမျိုးသမီး ဖြစ်သူ Aiffa Syakirin Abd Maji ဟာ လွန်ခဲ့တဲ့ ၂ နှစ်က တွေ့ဆုံခဲ့တဲ့ Morocco နိုင်ငံသား ခရီးသည် Badr Kebdani နှင့် နှောင်ကြိုးထုံးဖွဲ့ခဲ့ကာ မင်္ဂလာပွဲဓာတ်ပုံတွေ့ပျံ့နှံ့သွားပြီးနောက် netizenတွေဟာ သူတို့စုံတွဲကို ဂုဏ်ပြုခဲ့ကြပါတယ်။သူတို့စုံတွဲရဲ့အချစ်ဇာတ်လမ်းဟာ Badr စင်ကာပူနှင့်မလေးရှားအားလပ်ရက်ခရီးသွားခဲ့တဲ့အချိန်တုန်းက စတင်ခဲ့တာပါ။Badr ဟာ မလေးရှားနိုင်ငံ၊ Johor မြို့ရှိ Senai လေဆိပ်သို့သွားရန် Sharing App Grab မှတဆင့်ကားစီးရန်တောင်းဆိုခဲ့ပြီး Badr ရဲ့ကားဆရာဟာ ဖော်ရွေပျူဌာတဲ့ Aiffa ဖြစ်နေခဲ့ပါတယ်။အချိန်ပိုင်းအလုပ်လုပ်ရင်း Grabကားပါမောင်းနေတဲ့သူမနဲ့ Badr တို့နှစ်ဦးဟာ ကားထဲမှာ စကားစမြည်ပြောဆိုခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်တဲ့အချက်အလက်တွေပါ ဖလှယ်ခဲ့ကြပါတယ်။

Aiffa နှင့် Badr နှစ်ဦးစလုံးဟာ Whats App၊ Skype နှင့် Facebookတွေမှတစ်ဆင့် online ပေါ်မှာ အချင်းချင်းဆက်သွယ်တာတွေ တစ်နှစ်လောက်လုပ်ခဲ့ပေမဲ့ ဝေးကွာနေတဲ့သူတို့ရဲ့ဆက်ဆံရေးကို (LDRS)တစ်ဆင့်သို့တက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။Badr ဟာ Moroccoဆောင်းရာသီအတွင်းအနားယူရန် မလေးရှားသို့နောက်ထပ်အလည်ခရီးသွားခဲ့ပါတယ်။Badr ဟာ Aiffaအား သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုဖွင့်ပြောကာ ချစ်ခွင့်ပန်ခဲ့ပြီး သူမဟာလည်း ယုံကြည်စွာနဲ့လက်ခံခဲ့တဲ့အတွက်ကြောင့် အဆိုပါခရီးဟာ သူတို့နှစ်ယောက်ရဲ့ ဘဝကို ထာဝရပြောင်းလဲစေခဲ့ပါတယ်။

Aiffa ဟာ Instagram account @missjumboqueenမှာ သူတို့ရဲ့အံ့ဩပျော်ရွှင်ဖွယ်ကောင်းတဲ့အချိန်တွေကိုမျှဝေခဲ့ပြီးနောက် Instagram သုံးစွဲသူတွေထံမှ ဂုဏ်ပြုစကားသံတွေကြားခဲ့ရပါတယ်။Badr က ကျွန်မအလေးချိန်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတိမပြုမိစေခဲ့ပါဘူး၊သူက ကျွန်မရဲ့ဖြစ်တည်မှုနှင့်ရိုးသားမှုကို လက်ခံပြီးချစ်ပေးခဲ့တယ်၊ကျွန်မကိုအဆိုပြုဖို့ နဲ့ ကျွန်မမိသားစုတွေကိုတွေ့ဆုံဖို့အတွက် ရည်ရွယ်ချက်ရှိရှိဒီနေရာကိုရောက်လာပြီး ကျွန်မကိုချစ်ခွင့်ပန်ခဲ့တယ် ဟု Aiffa ကပြောပြခဲ့ပါတယ်။တကယ်ချစ်ရင် အပြစ်မမြင်တော့တာကအမှန်ပါဘဲ။သူတို့နှစ်ဦးလည်း တစ်ယောက်ကိုတစ်ယောက်အမြဲနားလည်ပြီး ယုံယုံကြည်ကြည်နဲ့ တစ်သက်လုံးပေါင်းသင်းနိုင်ပါစေလို့လည်း ဂုဏ်ပြုဆုတောင်းပေးနေမိပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ခရီးအလည္အပတ္သြားရင္ Grab ယာဥ္ေမာင္းအမ်ိဳးသမီးနဲ႔ ဖူးစာဆံုခဲ့တဲ့အမ်ိဳးသား"

Leave a comment

Your email address will not be published.


*