မ်က္ႏွာေျပာင္ၿပီး လၽွာအျမဲထုတ္ျပကာ ေပါေတာေတာမ်က္ႏွာထားေလး ပိုင္ဆိုင္ထားတဲ့ ေၾကာင္ေလး

အဂၤလန္နိုင္ငံ Yorkshireၿမိဳ့ ရွိ Rich ႏွင့္ Emma တို့ဟာ ေၾကာင္website တစ္ခုမွာ Ikiruေၾကာင္ေလးရဲ့ဓာတ္ပုံကိုေတြ႕ခဲ့ၿပီး ခ်စ္ဖို့ေကာင္းေနတဲ့ ေၾကာင္ေလးကိုခ်စ္ခင္သြားခဲ့ၾကပါတယ္။သူတို့ ပထမဆုံးအႀကိမ္သြားၾကည့္တုန္းကေၾကာင္ေလးဟာ ေမြးၿပီးၿပီးခ်င္းအရမ္းငယ္ေနေသးတာေၾကာင့္ ၄ပတ္အၾကာေစာင့္ၿပီးမွ ေၾကာင္ေလးကို အိမ္သို့ေခၚေဆာင္လာခဲ့ၾကပါတယ္။သူတို့ဟာ Ikiru ရဲ့ေန႔စဥ္ဘဝကိုမွတ္တမ္းတင္ဖို့အတြက္ Instagram အေကာင့္တစ္ခုကိုဖန္တီးေပးလိုက္ၿပီးေနာက္ lkiru ဟာ ေတာ္ေတာ္ေလးအင္တာနက္ေပၚ မွာ ေက်ာ္ၾကားလာခဲ့ပါတယ္။Ikiru ဟာမ်က္ႏွာေျပာင္တဲ့ေနရာမွာ ဆရာႀကီးျဖစ္ၿပီး ေပါေတာေတာႏွင့္ရယ္စရာေကာင္းတဲ့ မ်က္ႏွာပုံစံေတြေၾကာင့္ လူအမ်ားက သူ႔ပိုင္ရွင္ေတြကို သူႏွင့္အဆင္ေျပေနလားဟု မၾကာခဏေမးေလ့ရွိၾကပါတယ္။

ပိုင္ရွင္ေတြက “သူကတကယ္က်န္းမာပါတယ္။သူ႔ဆီမွာသန္မာတဲ့သြားေတြရွိတာကို ငါတို့ကို ေျပာတာပါ”လို့ ျပန္ေျဖၾကားခဲ့ပါတယ္။Ikiru ဟာ ထူးျခားတဲ့ေျခေထာက္တိုတိုေလးနဲ႔အနည္းငယ္ဝၿဖိဳးေနတဲ့ မ်က္ႏွာပုံသ႑ာန္ရွိေပမဲ့ အလြန္တက္ႂကြတဲ့ေၾကာင္တစ္ေကာင္ေလးပါ။သူကအျမဲတမ္းလၽွာမထုတ္ေနတတ္ပါဘူး ဒါေပမဲ့တမွုထူးျခားတဲ့ပင္ကိုစရိုက္ေၾကာင့္ ရယ္စရာမ်က္ႏွာေပးရွိေနခဲ့တာပါ။ခ်စ္ဖို့ေကာင္းတဲ့ေၾကာင္ေလးရဲ့နာမည္ကို ပိုင္ရွင္ရဲ့အႀကိဳက္ဆုံး႐ုပ္ရွင္ကားတစ္ကားျဖစ္တဲ့ Akira Kurosawa ဇာတ္ကားရွိ ဂ်ပန္လို”အသက္ရွင္ျခင္း”လို့အဓိပၸါယ္ရတဲ့ Ikiru လို့နာမည္ေပးထားတာပါ။

ထူးဆန္းတာတစ္ခုကေတာ့ ikiru ဟာ ဥမင္လိုဏ္ေခါင္းလိုမ်ိဳး ေစာင္ေတြ၊စကၠဴေတြ ဖုံးအုပ္ထားတာကိုႀကိဳက္ႏွစ္သက္ေနပါတယ္။Rich ႏွင့္ Emma ဟာ သူတို့ရဲ့ ေက်ာ္ၾကားတဲ့ေၾကာင္ရဲ့ေလွာင္ေျပာင္သေရာ္တဲ့ မ်က္ႏွာထားအသြင္အျပင္ေတြက သူတို့ကိုအျမဲတမ္းရယ္ေမာေစတယ္ဟုဆိုၾကပါတယ္။Ikiru ရဲ့လၽွာထုတ္ေနတဲ့ပုံေလးက ခ်စ္စရာေကာင္းၿပီး သူ႔ရဲ့ေက်ာ္ၾကားထင္ရွားတဲ့မ်က္ႏွာ နဲ႔ သူ႔ရဲ့ကိုယ္ရည္ကိုယ္ေသြးေတြဟာ သူတို့ရဲ့ တေန႔တာကိုေတာက္ပေစခဲ့တယ္ လို့ ကမၻာတစ္ဝွမ္းကမက္ေဆ့ခ်္ေတြကိုလည္း ရရွိခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: boredpanda

1

2

3

4

5

Unicode

အင်္ဂလန်နိုင်ငံ Yorkshireမြို့ ရှိ Rich နှင့် Emma တို့ဟာ ကြောင်website တစ်ခုမှာ Ikiruကြောင်လေးရဲ့ဓာတ်ပုံကိုတွေ့ခဲ့ပြီး ချစ်ဖို့ကောင်းနေတဲ့ ကြောင်လေးကိုချစ်ခင်သွားခဲ့ကြပါတယ်။သူတို့ ပထမဆုံးအကြိမ်သွားကြည့်တုန်းကကြောင်လေးဟာ မွေးပြီးပြီးချင်းအရမ်းငယ်နေသေးတာကြောင့် ၄ပတ်အကြာစောင့်ပြီးမှ ကြောင်လေးကို အိမ်သို့ခေါ်ဆောင်လာခဲ့ကြပါတယ်။သူတို့ဟာ Ikiru ရဲ့နေ့စဉ်ဘဝကိုမှတ်တမ်းတင်ဖို့အတွက် Instagram အကောင့်တစ်ခုကိုဖန်တီးပေးလိုက်ပြီးနောက် lkiru ဟာ တော်တော်လေးအင်တာနက်ပေါ် မှာ ကျော်ကြားလာခဲ့ပါတယ်။Ikiru ဟာမျက်နှာပြောင်တဲ့နေရာမှာ ဆရာကြီးဖြစ်ပြီး ပေါတောတောနှင့်ရယ်စရာကောင်းတဲ့ မျက်နှာပုံစံတွေကြောင့် လူအများက သူ့ပိုင်ရှင်တွေကို သူနှင့်အဆင်ပြေနေလားဟု မကြာခဏမေးလေ့ရှိကြပါတယ်။

ပိုင်ရှင်တွေက “သူကတကယ်ကျန်းမာပါတယ်။သူ့ဆီမှာသန်မာတဲ့သွားတွေရှိတာကို ငါတို့ကို ပြောတာပါ”လို့ ပြန်ဖြေကြားခဲ့ပါတယ်။Ikiru ဟာ ထူးခြားတဲ့ခြေထောက်တိုတိုလေးနဲ့အနည်းငယ်ဝဖြိုးနေတဲ့ မျက်နှာပုံသဏ္ဍာန်ရှိပေမဲ့ အလွန်တက်ကြွတဲ့ကြောင်တစ်ကောင်လေးပါ။သူကအမြဲတမ်းလျှာမထုတ်နေတတ်ပါဘူး ဒါပေမဲ့တမှုထူးခြားတဲ့ပင်ကိုစရိုက်ကြောင့် ရယ်စရာမျက်နှာပေးရှိနေခဲ့တာပါ။ချစ်ဖို့ကောင်းတဲ့ကြောင်လေးရဲ့နာမည်ကို ပိုင်ရှင်ရဲ့အကြိုက်ဆုံးရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Akira Kurosawa ဇာတ်ကားရှိ ဂျပန်လို”အသက်ရှင်ခြင်း”လို့အဓိပ္ပါယ်ရတဲ့ Ikiru လို့နာမည်ပေးထားတာပါ။

ထူးဆန်းတာတစ်ခုကတော့ ikiru ဟာ ဥမင်လိုဏ်ခေါင်းလိုမျိုး စောင်တွေ၊စက္ကူတွေ ဖုံးအုပ်ထားတာကိုကြိုက်နှစ်သက်နေပါတယ်။Rich နှင့် Emma ဟာ သူတို့ရဲ့ ကျော်ကြားတဲ့ကြောင်ရဲ့လှောင်ပြောင်သရော်တဲ့ မျက်နှာထားအသွင်အပြင်တွေက သူတို့ကိုအမြဲတမ်းရယ်မောစေတယ်ဟုဆိုကြပါတယ်။Ikiru ရဲ့လျှာထုတ်နေတဲ့ပုံလေးက ချစ်စရာကောင်းပြီး သူ့ရဲ့ကျော်ကြားထင်ရှားတဲ့မျက်နှာ နဲ့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေဟာ သူတို့ရဲ့ တနေ့တာကိုတောက်ပစေခဲ့တယ် လို့ ကမ္ဘာတစ်ဝှမ်းကမက်ဆေ့ချ်တွေကိုလည်း ရရှိခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment