အစ္မျဖစ္သူဆံုးပါးသြားလို႔ စိတ္ဒဏ္ရာရၿပီးနာမက်န္းျဖစ္ေနတဲ့မိခင္အတြက္ မိန္းမဝတ္စံုဝတ္ဆင္ကာျပဳစုေစာင့္ေ႐ွာက္ေပးေနတဲ့ အမ်ိဳးသား (႐ုပ္သံ)

တ႐ုတ္နိုင္ငံရွိ အမည္မေဖာ္ထားတဲ့အမ်ိဳးသားတစ္ဦးဟာ ကြယ္လြန္သြားၿပီျဖစ္တဲ့အစ္မရဲ့ဝတ္စားဆင္ယင္ပုံေတြကို နာမက်န္းျဖစ္ေနတဲ့မိခင္အတြက္ ဝတ္ဆင္ေပးခဲ့ပါတယ္။မိခင္ဟာ သမီးျဖစ္သူေသဆုံးသြားျခင္းကို ယူက်ဴံးမရျဖစ္ခဲ့ရတဲ့အတြက္ သူမရဲ့စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးခ်ိဳ့ယြင္းလာခဲ့ရပါတယ္။အဆိုပါ အမ်ိဳးသားဟာ လြန္ခဲ့တဲ့အႏွစ္ ၂၀ နီးပါးက အစ္မျဖစ္သူဝတ္စားခဲ့သလို ဟန္ေဆာင္ဝတ္ဆင္ရန္အႀကံအစည္ရခဲ့ကာ သူ႔ရဲ့ အဝတ္အစားေတြကိုစတင္ေျပာင္းလဲခဲ့ၿပီး အဲ့ဒီအခ်ိန္မွစၿပီး အခုထိဝတ္စားေနခဲ့ပါတယ္။”အျခားသူေတြရဲ့ထင္ျမင္ယူဆခ်က္ကို ဂ႐ုမစိုက္ပါဘူး။အေမ အရမ္းေပ်ာ္ေနခဲ့တဲ့အတြက္ ငါဆက္လုပ္ေနမယ္” ဟုလည္းေျဖၾကားခဲ့ၿပီး သူဟာ သူ႔ဆံပင္အရွည္နဲ႔အသြင္အျပင္တို့ကို ပိုအေလးေပးဂ႐ုစိုက္ခဲ့ပါတယ္။သူရဲ့တစ္ေန႔တာအမ်ားစုဟာ ဖ်ားနာေနတဲ့မိခင္ကို ၾကည့္ရွုေစာင့္ေရွာက္ျခင္းအတြက္သာျဖစ္ၿပီး သူဟာ ပုေလြမွုတ္ျခင္းျဖင့္ သူစိမ္းေတြထံမွ ပိုက္ဆံရွာေဖြခဲ့ပါတယ္။မိခင္ျဖစ္သူကို အဆက္မျပတ္ ေစာင့္ေရွာက္ေပးေနမွုေၾကာင့္ လက္မထပ္ရေသးတဲ့ အဆိုပါအမ်ိဳးသားဟာ တျခားသူေတြရဲ့ထင္ျမင္ယူဆခ်က္ကို အထူးတလည္ဂ႐ုမစိုက္သလို မိခင္ျဖစ္သူ ေပ်ာ္ရႊင္ေနသ၍ ဒီအတိုင္းဆက္လက္ဝတ္ဆင္ေနအုံးမယ္လို့လည္း ယုံၾကည္စြာနဲ႔ ေမၽွာ္လင့္ေနမိပါတယ္။

1

2

3

4

5

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံရှိ အမည်မဖော်ထားတဲ့အမျိုးသားတစ်ဦးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အစ်မရဲ့ဝတ်စားဆင်ယင်ပုံတွေကို နာမကျန်းဖြစ်နေတဲ့မိခင်အတွက် ဝတ်ဆင်ပေးခဲ့ပါတယ်။မိခင်ဟာ သမီးဖြစ်သူသေဆုံးသွားခြင်းကို ယူကျူံးမရဖြစ်ခဲ့ရတဲ့အတွက် သူမရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းလာခဲ့ရပါတယ်။အဆိုပါ အမျိုးသားဟာ လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးက အစ်မဖြစ်သူဝတ်စားခဲ့သလို ဟန်ဆောင်ဝတ်ဆင်ရန်အကြံအစည်ရခဲ့ကာ သူ့ရဲ့ အဝတ်အစားတွေကိုစတင်ပြောင်းလဲခဲ့ပြီး အဲ့ဒီအချိန်မှစပြီး အခုထိဝတ်စားနေခဲ့ပါတယ်။”အခြားသူတွေရဲ့ထင်မြင်ယူဆချက်ကို ဂရုမစိုက်ပါဘူး။အမေ အရမ်းပျော်နေခဲ့တဲ့အတွက် ငါဆက်လုပ်နေမယ်” ဟုလည်းဖြေကြားခဲ့ပြီး သူဟာ သူ့ဆံပင်အရှည်နဲ့အသွင်အပြင်တို့ကို ပိုအလေးပေးဂရုစိုက်ခဲ့ပါတယ်။သူရဲ့တစ်နေ့တာအများစုဟာ ဖျားနာနေတဲ့မိခင်ကို ကြည့်ရှုစောင့်ရှောက်ခြင်းအတွက်သာဖြစ်ပြီး သူဟာ ပုလွေမှုတ်ခြင်းဖြင့် သူစိမ်းတွေထံမှ ပိုက်ဆံရှာဖွေခဲ့ပါတယ်။မိခင်ဖြစ်သူကို အဆက်မပြတ် စောင့်ရှောက်ပေးနေမှုကြောင့် လက်မထပ်ရသေးတဲ့ အဆိုပါအမျိုးသားဟာ တခြားသူတွေရဲ့ထင်မြင်ယူဆချက်ကို အထူးတလည်ဂရုမစိုက်သလို မိခင်ဖြစ်သူ ပျော်ရွှင်နေသ၍ ဒီအတိုင်းဆက်လက်ဝတ်ဆင်နေအုံးမယ်လို့လည်း ယုံကြည်စွာနဲ့ မျှော်လင့်နေမိပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment