သွားကြားထိုးတံကိုက်ပြီး အိပ်ပျော်သွားခဲ့လို့ ဝမ်းဗိုက်မှာသွားကြားထိုးတံ 6လ လောက်ခံနေခဲ့တဲ့အမျိုးသား

တရုတ်နိုင်ငံက အသက် 69နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ၏ဝမ်းဗိုက်အတော်လေးကိုနာကျင်ခဲ့လို့စစ်ဆေးခဲ့ချိန်မှာတော့ ဝမ်းဗိုက်ထဲသွားကြားထိုးတံခံနေခဲ့ပြီး ဝမ်းဗိုက်ဘေးဖက်နံရံကိုလည်း အပေါက်နှစ်ခုဖြစ်သွားစေခဲ့တာကို တွေ့ရှိသွားခဲ့ပါတယ် ။ သတင်းအရင်းအမြစ်အရ အဆိုပါအမျိုးသားဟာပြီးခဲ့တဲ့ ဧပြီလကတည်းက ဝမ်းဗိုက်အတော်လေးနာကျင်နေခဲ့၍ ဗိုက်အောင့် ၊ ဗိုက်နာနေတယ်လို့သာ ထင်နေခဲ့ပြီး ဆေးများသာသောက်သုံးခဲ့ပြီး ကိုယ့်ကိုကုသနေခဲ့ပါတယ် ။ သို့ပေမဲ့လည်း စက်တင်ဘာလအတွင်းမှာတော့ သူ၏ဝမ်းဗိုက်ဟာထပ်ပြီး အတော်လေးကိုနာကျင်လာခဲ့သဖြင့် ဆရာဝန်နားသွားပြခဲ့ပြီး ဝမ်းဗိုက်ထဲမှာဘာများခံနေလဲဆိုပြီး သိရအောင် gastroscope ထည့်ပြီးစစ်ဆေးခဲ့ပါတယ် ။

ဆိုးဝါးစွာနဲ့ပဲ ဝမ်းဗိုက်အတွင်းဖက်နံရံကို သွားကြားထိုးတံ စူးဝင်နေတာကိုတွေ့ရှိခဲ့ရပြီး ၊ သူ၏ ပန်ကရိယ ကိုလည်းအပေါက်ရာများ ဖြစ်စေခဲ့ပါသေးတယ် ။ ထို့ကြောင့် အဆိုပါအမျိုးသားဟာ ယခုကဲ့သို့ဖြစ်ရပ်မျိုးမဖြစ်ပွားစဉ်အချိန်က သွားကြားထိုးတံကိုက်ထားလေ့ရှိတဲ့အကျင့်မျိုးရှိခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလက ပါးစပ်မှာသွားကြားထိုးတံ အကိုက်လိုက်ဖြင့် TV ကြည့်ရင်းအိပ်ပျော်သွားခဲ့ပါတယ် ။ အိပ်ရာကနေ နှိုးထလာခဲ့ချိန်မှာတော့ သွားကြားထိုးတံကိုရှာမတွေ့တော့ဘဲ လုံးဝပျောက်သွားခဲ့တာကို သတိထားမိခဲ့ပါတယ် ။ အဲ့အချိန်တုန်းက သွားကြားထိုးတံက ဆိုဖာတွေအကြားထဲသာကျသွားခဲ့သည်ဟုထင်မိခဲ့ပြီး ဘာမှထပ်ပြီးမစဉ်းစားပဲ ဘာသိဘာသာနေနေခဲ့တာပါ ။ သူသတိထားမိခဲ့ချိန်မှာတော့ သွားကြားထိုးတံဟာ သူ၏ဝမ်းဗိုက်အတွင်းမှာရှိနေခဲ့တာ 6လ ခန့်ရှိနေခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

ဆရာဝန်ကလည်း အဆိုပါသွားကြားထိုးတံကို ဝမ်းဗိုက်အတွင်းမှအောင်မြင်စွာထုတ်ပေးနိုင်ခဲ့ပြီး တိုင်တာကြည့်ခဲ့ချိန်မှာတော့ အရှည် 6cm ခန့်ရှိကြောင်းသိရှိခဲ့ရပါတယ် ။ ” အဲ့ဒီသွားကြားထိုးတံက ဝမ်းဗိုက်နံရံကို အပေါက်နှစ်ပေါက်ဖောက်ပစ်ခဲ့ရုံတင်မကသေးပါဘူး ဝမ်းဗိုက်နံရံအပေါက်ကနေတစ်ဆင့် ပန်ကရိယ ကိုလည်းထိုးဖောက်မိခဲ့ပါသေးတယ် ၊ ပန်ကရိယ တစ်လျှောက်မှာလည်း ပြည်တည်နာခြင်း နှင့် ကူးစက်ရောဂါကိုလည်း ဖြစ်စေခဲ့ပါသေးတယ် ” ဆိုပြီး ဆရာဝန်မှ ရှင်းပြခဲ့ပါတယ် ။

ထို့အပြင် အဆိုပါသွားကြားထိုးတံကို အချိန်မီမထုတ်ပေးနိုင်ခဲ့ရင် ပန်ကရိယ မှာဖြစ်ပွားခဲ့တဲ့အပေါက်အရာက အတော်လေးကိုကြီးထွားလာနိုင်ပြီး ပန်ကရိယကို ကူးစက်ရောဂါများဖြစ်ပွားမှုတိုးပွားလာနိုင်ပြီး ၊ သွေးကြောတစ်လျှောက် အတော်လေးကို အန္တရာယ်ဖြစ်ပွားစေနိုင်ကြောင်လည်း အဆိုပါအမျိုးသားကသူ၏ဖြစ်ရပ်ခံစားခဲ့ရမှုကို ထပ်လောင်းပြောဆိုခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

တ႐ုတ္ႏိုင္ငံက အသက္ 69ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ သူ၏ဝမ္းဗိုက္အေတာ္ေလးကိုနာက်င္ခဲ့လို႔စစ္ေဆးခဲ့ခ်ိန္မွာေတာ့ ဝမ္းဗိုက္ထဲသြားၾကားထိုးတံခံေနခဲ့ၿပီး ဝမ္းဗိုက္ေဘးဖက္နံရံကိုလည္း အေပါက္ႏွစ္ခုျဖစ္သြားေစခဲ့တာကို ေတြ႕႐ွိသြားခဲ့ပါတယ္ ။ သတင္းအရင္းအျမစ္အရ အဆိုပါအမ်ိဳးသားဟာၿပီးခဲ့တဲ့ ဧၿပီလကတည္းက ဝမ္းဗိုက္အေတာ္ေလးနာက်င္ေနခဲ့၍ ဗိုက္ေအာင့္ ၊ ဗိုက္နာေနတယ္လို႔သာ ထင္ေနခဲ့ၿပီး ေဆးမ်ားသာေသာက္သံုးခဲ့ၿပီး ကိုယ့္ကိုကုသေနခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း စက္တင္ဘာလအတြင္းမွာေတာ့ သူ၏ဝမ္းဗိုက္ဟာထပ္ၿပီး အေတာ္ေလးကိုနာက်င္လာခဲ့သျဖင့္ ဆရာဝန္နားသြားျပခဲ့ၿပီး ဝမ္းဗိုက္ထဲမွာဘာမ်ားခံေနလဲဆိုၿပီး သိရေအာင္ gastroscope ထည့္ၿပီးစစ္ေဆးခဲ့ပါတယ္ ။

ဆိုးဝါးစြာနဲ႔ပဲ ဝမ္းဗိုက္အတြင္းဖက္နံရံကို သြားၾကားထိုးတံ စူးဝင္ေနတာကိုေတြ႔႐ွိခဲ့ရၿပီး ၊ သူ၏ ပန္ကရိယ ကိုလည္းအေပါက္ရာမ်ား ျဖစ္ေစခဲ့ပါေသးတယ္ ။ ထို႔ေၾကာင့္ အဆိုပါအမ်ိဳးသားဟာ ယခုကဲ့သို႔ျဖစ္ရပ္မ်ိဳးမျဖစ္ပြားစဥ္အခ်ိန္က သြားၾကားထိုးတံကိုက္ထားေလ့႐ွိတဲ့အက်င့္မ်ိဳး႐ွိခဲ့ေၾကာင္း ျပန္လည္ေျပာဆိုခဲ့ပါတယ္ ။ ၿပီးခဲ့တဲ့ ဧၿပီလက ပါးစပ္မွာသြားၾကားထိုးတံ အကိုက္လိုက္ျဖင့္ TV ၾကည့္ရင္းအိပ္ေပ်ာ္သြားခဲ့ပါတယ္ ။ အိပ္ရာကေန ႏႈိးထလာခဲ့ခ်ိန္မွာေတာ့ သြားၾကားထိုးတံကို႐ွာမေတြ႔ေတာ့ဘဲ လံုးဝေပ်ာက္သြားခဲ့တာကို သတိထားမိခဲ့ပါတယ္ ။ အဲ့အခ်ိန္တုန္းက သြားၾကားထိုးတံက ဆိုဖာေတြအၾကားထဲသာက်သြားခဲ့သည္ဟုထင္မိခဲ့ၿပီး ဘာမွထပ္ၿပီးမစဥ္းစားပဲ ဘာသိဘာသာေနေနခဲ့တာပါ ။ သူသတိထားမိခဲ့ခ်ိန္မွာေတာ့ သြားၾကားထိုးတံဟာ သူ၏ဝမ္းဗိုက္အတြင္းမွာ႐ွိေနခဲ့တာ 6လ ခန္႔႐ွိေနခဲ့ၿပီျဖစ္ေၾကာင္း သိ႐ွိခဲ့ရပါတယ္ ။

ဆရာဝန္ကလည္း အဆိုပါသြားၾကားထိုးတံကို ဝမ္းဗိုက္အတြင္းမွေအာင္ျမင္စြာထုတ္ေပးႏိုင္ခဲ့ၿပီး တိုင္တာၾကည့္ခဲ့ခ်ိန္မွာေတာ့ အ႐ွည္ 6cm ခန္႔႐ွိေၾကာင္းသိ႐ွိခဲ့ရပါတယ္ ။ ” အဲ့ဒီသြားၾကားထိုးတံက ဝမ္းဗိုက္နံရံကို အေပါက္ႏွစ္ေပါက္ေဖာက္ပစ္ခဲ့ရံုတင္မကေသးပါဘူး ဝမ္းဗိုက္နံရံအေပါက္ကေနတစ္ဆင့္ ပန္ကရိယ ကိုလည္းထိုးေဖာက္မိခဲ့ပါေသးတယ္ ၊ ပန္ကရိယ တစ္ေလ်ွာက္မွာလည္း ျပည္တည္နာျခင္း ႏွင့္ ကူးစက္ေရာဂါကိုလည္း ျဖစ္ေစခဲ့ပါေသးတယ္ ” ဆိုၿပီး ဆရာဝန္မွ ႐ွင္းျပခဲ့ပါတယ္ ။

ထို႔အျပင္ အဆိုပါသြားၾကားထိုးတံကို အခ်ိန္မီမထုတ္ေပးႏိုင္ခဲ့ရင္ ပန္ကရိယ မွာျဖစ္ပြားခဲ့တဲ့အေပါက္အရာက အေတာ္ေလးကိုႀကီးထြားလာႏိုင္ၿပီး ပန္ကရိယကို ကူးစက္ေရာဂါမ်ားျဖစ္ပြားမႈတိုးပြားလာႏိုင္ၿပီး ၊ ေသြးေၾကာတစ္ေလ်ွာက္ အေတာ္ေလးကို အႏၱရာယ္ျဖစ္ပြားေစႏိုင္ေၾကာင္လည္း အဆိုပါအမ်ိဳးသားကသူ၏ျဖစ္ရပ္ခံစားခဲ့ရမႈကို ထပ္ေလာင္းေျပာဆိုခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "သွားကြားထိုးတံကိုက်ပြီး အိပ်ပျော်သွားခဲ့လို့ ဝမ်းဗိုက်မှာသွားကြားထိုးတံ 6လ လောက်ခံနေခဲ့တဲ့အမျိုးသား"

Leave a comment

Your email address will not be published.


*