မစားရက်လောက်အောင်ကို အနုစိတ်ပြီးစနစ်တကျပုံဖော်ထားတဲ့ သစ်သီးဝလံများ


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကျွန်တော်တို့အတွက် သစ်သီးတွေဟာ စားဖို့ဘဲလို့ထင်ကြပေမဲ့ ဂျပန်အနုပညာရှင် Tomoko Sato အတွက်ကတော့ သူတို့တွေဟာ နူးညံ့ပြီး အနုစိတ်ကျတဲ့အနုပညာဖန်တီးမှုတွေကို အဆင်သင့်စောင့်နေတဲ့ ကွယ်လပ်တစ်ခုကြီးလို့ဖြစ်နေပါတယ်။Tomokoဟာ ၂၀၀၄ခုနှစ်တုန်းက ထိုင်းနိုင်ငံကို အလည်သွားခဲ့ပြီး ထိုင်းရိုးရာတစ်ခုဖြစ်တဲ့ သစ်သီးဝလံတွေပေါ် ပန်းပုပုံဖော်တဲ့ပညာကို သဘောကျကာ သင်ယူခဲ့ပါတယ်။ထိုင်းလို kae sa lukလို့ခေါ်တဲ့ သစ်သီးပန်းပုဟာ ပန်းချီအနုပညာပုံစံတစ်မျိုးဖြစ်သလို ကိုယ့်စိတ်တိုင်းကျလည်း ပုံဖော်ဖန်တီးနိုင်ပါတယ်။ဘယ်အသီးကိုမဆို အသုံးပြုနိုင်ပြီး အထူးသဖြင့် အလွှာများတဲ့ပန်းတွေ၊သုံးဖက်မြင်နှင်းဆီတွေစတဲ့ အကြီးစားပန်းပုပုံတွေကို ကောင်းကောင်းပုံဖော်နိုင်တဲ့ ဖရဲသီးကို ပိုအသုံးပြုတတ်ကြပါတယ်။အဲ့လို သစ်သီးပန်းပုတွေကို အိမ်စားသောက်ပွဲ၊ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ တွေ့ဖူးကြမယ်လို့ထင်ပါတယ်။တရုတ်လူမျိုးတွေရဲ့ အထူးစားသောက်ပွဲတွေမှာဆိုလည်း ပိုတွေ့ရတတ်ပါတယ်။ဒါကြောင့် သာမန်စားနေကျ့ သစ်သီးဝလံတွေကို ရှုပ်ထွေးနေသလိုလှလည်းလှနေတဲ့သစ်သီးပန်းပုတွေအဖြစ် ပြောင်းလဲနိုင်တဲ့ Tomokoရဲ့မယုံနိုင်လောက်တဲ့ကျွမ်းကျင်မှုတွေကို စာဖတ်သူတို့အဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "မစားရက်လောက်အောင်ကို အနုစိတ်ပြီးစနစ်တကျပုံဖော်ထားတဲ့ သစ်သီးဝလံများ"

Leave a comment

Your email address will not be published.


*