ယာဥ္တိုက္မႈဆိုးဆိုးဝါးဝါးျဖစ္ခဲ့လို႔ လမ္းခြဲေပးဖို့ေတာင္းဆိုခဲ့တဲ့ခ်စ္သူေကာင္ေလးကို မဂၤလာဝတ္စုံဝတ္ကာ ခ်စ္ခြင့္ပန္ခဲ့တဲ့မိန္းကေလး (႐ုပ္သံ)

ထိုင္ဝမ္နိုင္ငံ New Taipei ၿမိဳ့ရွိ အမ်ိဳးသမီးတစ္ဦးဟာ ယာဥ္တိုက္မွုေၾကာင့္ျဖစ္လာမယ့္ဆိုးက်ိဳးကို ေတြးရင္း စိတ္ဓာတ္က်ေနခဲ့တဲ့ သူမရဲ့ခ်စ္သူေကာင္ေလးကို ေဆး႐ုံမွာ ခ်စ္ခြင့္ပန္ခဲ့ပါတယ္။သူတို့စုံတြဲဟာ ၂၀၁၈ခုႏွစ္အတြင္း လက္ထက္ဖို့လုပ္ထားခဲ့ၾကေပမဲ့ ခ်စ္သူေကာင္ေလးကယာဥ္တိုက္မွုမေတာ္တဆျဖစ္သြားခဲ့တာေၾကာင့္ သူတို့ရဲ့အစီအစဥ္ေတြဟာ မေမၽွာ္လင့္ဘဲ ပ်က္စီးသြားခဲ့ရပါတယ္။ဆရာဝန္ေတြက ခ်စ္သူေကာင္ေလးရဲ့ကုသမွုအက်ိဳးဆက္ေတြဟာ သူတို့ႏွစ္ဦးရဲ့အိမ္ေထာင္ေရးဘဝကို ထိခိုက္ေစနိုင္တာေၾကာင့္ သူတို့ရဲ့ဆက္ဆံေရးကို ျဖတ္ေတာက္ရန္အႀကံျပဳခဲ့ၾကပါတယ္။အဲတာေၾကာင့္ ေကာင္ေလးက သူ႔ကိုေဘးကေနအရိပ္တၾကည္ၾကည္နဲ႔ဂ႐ုတစိုက္ျပဳစုေပးေနတဲ့ ခ်စ္သူေကာင္မေလးလြတ္လပ္သြားေအာင္ လမ္းခြဲေပးဖို့ဆုံးျဖတ္ခဲ့ေၾကာင္းကို ဗီဒီယိုရဲ့ေရွ႕ဆုံးနားေလးမွာ ေကာင္မေလးကေျပာျပထားပါတယ္။

ဒါေပမဲ့ ခ်စ္သူေကာင္မေလးက သေဘာမတူခဲ့တဲ့ အျပင္ ေရွ႕ေရးမွာၾကဳံလာမယ့္ အဆိုးအေကာင္းေတြကို ဂ႐ုမစိုက္ဘဲ လူတစ္စုနဲ႔အတူ ေဆး႐ုံခန္းထဲကိုဝင္လာၿပီး ခ်စ္ခြင့္ေတာင္ ပန္လိုက္ပါေသးတယ္။မဂၤလာေဆာင္ဝတ္စုံဂါဝန္အျဖဴေလးဝတ္ထားတဲ့ေကာင္မေလးကပန္းစည္းကိုင္ရင္း”နင္ငါ့ကို နင့္ဇနီးအျဖစ္လက္တြဲမယ္ဆိုရင္ ဒီပန္းစည္းကို လက္ခံေပးနိုင္မလား”လို့ေမးခဲ့ၿပီး “ငါဒီထက္ပိုေကာင္းေအာင္ အတတ္နိုင္ဆုံးႀကိဳးစားသြားမွာပါ၊ၿပီးေတာ့ ငါ့ရဲ့က်န္ရွိေနတဲ့တစ္ဘဝလုံးကို နင့္လက္ဆြဲကိုင္ရင္း ျဖတ္သန္းသြားမယ္”လို့ခ်စ္သူေကာင္ေလးက ျပန္ေျဖရင္း ေကာင္မေလးကိုနမ္းကာ ရင္ခြင္ထဲေပြ႕ဖက္ထားခဲ့ပါတယ္။ဘာေတြဘဲျဖစ္ေနျဖစ္ေန ႏွစ္ဦးႏွစ္ဖက္စလုံးခ်စ္ေနၾကရင္ေတာ့ ၾကဳံလာတဲ့အခက္အခဲမွန္သမၽွကို ယုံယုံၾကည္ၾကည္နဲ႔ လက္တြဲမျဖဳတ္ဘဲ အတူတူရင္ဆိုင္ေျဖရွင္းသင့္ပါတယ္။သူတို့ႏွစ္ဦးရဲ့ ဗီဒီယိုဟာ လူအမ်ားကို မ်က္ရည္က်ေစခဲ့သလို ၾကည္ႏူးမွုေလးေတြပါ ခံစားမိေစခဲ့ပါတယ္။

1

2

3

4

5

6

Jasmine (Mckzone Daily)

Source: nextshark

Unicode

ထိုင်ဝမ်နိုင်ငံ New Taipei မြို့ရှိ အမျိုးသမီးတစ်ဦးဟာ ယာဉ်တိုက်မှုကြောင့်ဖြစ်လာမယ့်ဆိုးကျိုးကို တွေးရင်း စိတ်ဓာတ်ကျနေခဲ့တဲ့ သူမရဲ့ချစ်သူကောင်လေးကို ဆေးရုံမှာ ချစ်ခွင့်ပန်ခဲ့ပါတယ်။သူတို့စုံတွဲဟာ ၂၀၁၈ခုနှစ်အတွင်း လက်ထက်ဖို့လုပ်ထားခဲ့ကြပေမဲ့ ချစ်သူကောင်လေးကယာဉ်တိုက်မှုမတော်တဆဖြစ်သွားခဲ့တာကြောင့် သူတို့ရဲ့အစီအစဉ်တွေဟာ မမျှော်လင့်ဘဲ ပျက်စီးသွားခဲ့ရပါတယ်။ဆရာဝန်တွေက ချစ်သူကောင်လေးရဲ့ကုသမှုအကျိုးဆက်တွေဟာ သူတို့နှစ်ဦးရဲ့အိမ်ထောင်ရေးဘဝကို ထိခိုက်စေနိုင်တာကြောင့် သူတို့ရဲ့ဆက်ဆံရေးကို ဖြတ်တောက်ရန်အကြံပြုခဲ့ကြပါတယ်။အဲတာကြောင့် ကောင်လေးက သူ့ကိုဘေးကနေအရိပ်တကြည်ကြည်နဲ့ဂရုတစိုက်ပြုစုပေးနေတဲ့ ချစ်သူကောင်မလေးလွတ်လပ်သွားအောင် လမ်းခွဲပေးဖို့ဆုံးဖြတ်ခဲ့ကြောင်းကို ဗီဒီယိုရဲ့ရှေ့ဆုံးနားလေးမှာ ကောင်မလေးကပြောပြထားပါတယ်။

ဒါပေမဲ့ ချစ်သူကောင်မလေးက သဘောမတူခဲ့တဲ့ အပြင် ရှေ့ရေးမှာကြုံလာမယ့် အဆိုးအကောင်းတွေကို ဂရုမစိုက်ဘဲ လူတစ်စုနဲ့အတူ ဆေးရုံခန်းထဲကိုဝင်လာပြီး ချစ်ခွင့်တောင် ပန်လိုက်ပါသေးတယ်။မင်္ဂလာဆောင်ဝတ်စုံဂါဝန်အဖြူလေးဝတ်ထားတဲ့ကောင်မလေးကပန်းစည်းကိုင်ရင်း”နင်ငါ့ကို နင့်ဇနီးအဖြစ်လက်တွဲမယ်ဆိုရင် ဒီပန်းစည်းကို လက်ခံပေးနိုင်မလား”လို့မေးခဲ့ပြီး “ငါဒီထက်ပိုကောင်းအောင် အတတ်နိုင်ဆုံးကြိုးစားသွားမှာပါ၊ပြီးတော့ ငါ့ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံးကို နင့်လက်ဆွဲကိုင်ရင်း ဖြတ်သန်းသွားမယ်”လို့ချစ်သူကောင်လေးက ပြန်ဖြေရင်း ကောင်မလေးကိုနမ်းကာ ရင်ခွင်ထဲပွေ့ဖက်ထားခဲ့ပါတယ်။ဘာတွေဘဲဖြစ်နေဖြစ်နေ နှစ်ဦးနှစ်ဖက်စလုံးချစ်နေကြရင်တော့ ကြုံလာတဲ့အခက်အခဲမှန်သမျှကို ယုံယုံကြည်ကြည်နဲ့ လက်တွဲမဖြုတ်ဘဲ အတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်။သူတို့နှစ်ဦးရဲ့ ဗီဒီယိုဟာ လူအများကို မျက်ရည်ကျစေခဲ့သလို ကြည်နူးမှုလေးတွေပါ ခံစားမိစေခဲ့ပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ယာဥ္တိုက္မႈဆိုးဆိုးဝါးဝါးျဖစ္ခဲ့လို႔ လမ္းခြဲေပးဖို့ေတာင္းဆိုခဲ့တဲ့ခ်စ္သူေကာင္ေလးကို မဂၤလာဝတ္စုံဝတ္ကာ ခ်စ္ခြင့္ပန္ခဲ့တဲ့မိန္းကေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*