3ႏွစ္ခန္႔ေက်းလက္ေတာနယ္ေတြဆီလွည့္ပတ္ၿပီး ေဒသခံေတြကို မိသားစုဓာတ္ပံုအခမဲ႐ိုက္ကူးေပးခဲ့တဲ့ ဓာတ္ပံုဆရာ

တ႐ုတ္နိုင္ငံအေနာက္ေတာင္ပိုင္းယူနန္ျပည္နယ္ Shidian ေကာင္စီရွိ အသက္၂၅ႏွစ္အရြယ္ ဓာတ္ပုံဆရာ Yang Dongqingဟာ အနီးအနားမွာရွိတဲ့ၿမိဳ့ေတြကို အလည္ခရီးသြားရင္း ေဒသခံေတြရဲ့မိသားစုဓာတ္ပုံေတြကို အခမဲ့ရိုက္ကူးေပးခဲ့တာေၾကာင့္ netizen ေတြကခ်ီးက်ဴးခဲ့ၾကပါတယ္။Yangဟာ သူ႔ေမြးရပ္ေျမ အနီးအနားမွာရွိတဲ့ၿမိဳ့ေတြနဲ႔ေက်းရြာေတြမွာရွိတဲ့ ေဒသခံေတြကို အခေၾကးေငြမယူဘဲ မိသားစုဓာတ္ပုံေတြရိုက္ကူးေပးနိုင္ရန္အတြက္ ၃ႏွစ္အၾကာေလာက္ခရီးသြားခဲ့ေၾကာင္း Shanghaiist သတင္းအရ သိရပါတယ္။သူဟာ ရြာသူရြာသားေပါင္းေထာင္ခ်ီတဲ့အေရအတြက္နဲ႔တူတဲ့ အိမ္ေထာင္စု ၂၀၀ေက်ာ္ေလာက္ကို ဓာတ္ပုံရိုက္ကူးေပးခဲ့ပါတယ္။

Yangဟာ စြန္႔စားခန္းျပဳလုပ္ေနခ်ိန္အတြင္း မိသားစုႀကီးေတြကေန မိသားစုဝင္သုံး၊ေလးေယာက္သာရွိတဲ့မိသားစုေသးေသးေလးေတြအထိ အမ်ိဳးမ်ိဳးေသာလူေတြကို ပက္ပင္းၾကဳံေတြခဲ့ရပါတယ္။ဒါ့အျပင္ သူတို့ေတြထဲကမွ တခ်ိဳ့ဟာ သူတို့ခ်စ္ခင္ရတဲ့လူေတြနဲ႔ ဓာတ္ပုံအတူတြဲရိုက္ဖို့ တစ္ေခါက္ေလးမွေတာင္ အခြင့္အေရးမရွိခဲ့ၾကပါဘူး။Yangက ဓာတ္ပုံေတြဟာ မိသားစုမ်ားစြာကို ေပ်ာ္ရႊင္ေစနိုင္မယ္လို့လည္းေမ်ာ္လင့္ေနပါတယ္။Ma Hongieဆိုတဲ့ ဓာတ္ပုံဆရာတစ္ဦးကလည္း အလားတူစြန္႔စားခန္းကို ျပဳလုပ္ခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာခရီးသြားရင္း တ႐ုတ္နိုင္ငံတစ္ဝွမ္းရွိအိမ္ေထာင္စုအမ်ိဳးမ်ိဳးတို့ရဲ့မိသားစုဓာတ္ပုံေတြကို ရိုက္ကူးခဲ့ပါေသးတယ္။ဒါေပမဲ့ ပုံမွန္မိသားစုပုံတူဓာတ္ပုံအစား သူလည္းမိသားစုဝင္ေတြထဲပါဝင္ကာ အတူတူ ဓာတ္ပုံရိုက္ကူးခဲ့ပါတယ္။

1

2

3

4

5

6

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံအနောက်တောင်ပိုင်းယူနန်ပြည်နယ် Shidian ကောင်စီရှိ အသက်၂၅နှစ်အရွယ် ဓာတ်ပုံဆရာ Yang Dongqingဟာ အနီးအနားမှာရှိတဲ့မြို့တွေကို အလည်ခရီးသွားရင်း ဒေသခံတွေရဲ့မိသားစုဓာတ်ပုံတွေကို အခမဲ့ရိုက်ကူးပေးခဲ့တာကြောင့် netizen တွေကချီးကျူးခဲ့ကြပါတယ်။Yangဟာ သူ့မွေးရပ်မြေ အနီးအနားမှာရှိတဲ့မြို့တွေနဲ့ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အခကြေးငွေမယူဘဲ မိသားစုဓာတ်ပုံတွေရိုက်ကူးပေးနိုင်ရန်အတွက် ၃နှစ်အကြာလောက်ခရီးသွားခဲ့ကြောင်း Shanghaiist သတင်းအရ သိရပါတယ်။သူဟာ ရွာသူရွာသားပေါင်းထောင်ချီတဲ့အရေအတွက်နဲ့တူတဲ့ အိမ်ထောင်စု ၂၀၀ကျော်လောက်ကို ဓာတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။

Yangဟာ စွန့်စားခန်းပြုလုပ်နေချိန်အတွင်း မိသားစုကြီးတွေကနေ မိသားစုဝင်သုံး၊လေးယောက်သာရှိတဲ့မိသားစုသေးသေးလေးတွေအထိ အမျိုးမျိုးသောလူတွေကို ပက်ပင်းကြုံတွေခဲ့ရပါတယ်။ဒါ့အပြင် သူတို့တွေထဲကမှ တချို့ဟာ သူတို့ချစ်ခင်ရတဲ့လူတွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ဖို့ တစ်ခေါက်လေးမှတောင် အခွင့်အရေးမရှိခဲ့ကြပါဘူး။Yangက ဓာတ်ပုံတွေဟာ မိသားစုများစွာကို ပျော်ရွှင်စေနိုင်မယ်လို့လည်းမျော်လင့်နေပါတယ်။Ma Hongieဆိုတဲ့ ဓာတ်ပုံဆရာတစ်ဦးကလည်း အလားတူစွန့်စားခန်းကို ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာခရီးသွားရင်း တရုတ်နိုင်ငံတစ်ဝှမ်းရှိအိမ်ထောင်စုအမျိုးမျိုးတို့ရဲ့မိသားစုဓာတ်ပုံတွေကို ရိုက်ကူးခဲ့ပါသေးတယ်။ဒါပေမဲ့ ပုံမှန်မိသားစုပုံတူဓာတ်ပုံအစား သူလည်းမိသားစုဝင်တွေထဲပါဝင်ကာ အတူတူ ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment