ပန္ဒါဝက္ဝံရဲ့မစင္အညစ္အေၾကးေတြကို တစ္ရွူးစကၠဴအျဖစ္ ျပန္လည္အသုံးျပဳထုတ္လုပ္ခဲ့တဲ့ ကုမၸဏီ

တ႐ုတ္နိုင္ငံ Sichuanျပည္နယ္အေျခစိုက္ ကုမၸဏီတစ္ခုဟာ ပန္ဒါဝက္ဝံရဲ့မစင္အညစ္အေၾကးေတြကို ျပန္လည္အသုံးျပဳၿပီး တစ္ရွူးစကၠဴအျဖစ္ေျပာင္းလဲထုတ္လုပ္ရန္ တ႐ုတ္ထိန္းသိမ္းေရးႏွင့္သုေတသနစင္တာတို့နဲ႔ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၾကပါတယ္။Sichuan Qianwei Fengshengဆိုတဲ့စကၠဴထုတ္လုပ္တဲ့ကုမၸဏီဟာ Dujiangyanၿမိဳ့၊Wolongၿမိဳ့ႏွင့္ Bifengxiaၿမိဳ့တို့ရွိ သုေတသနာစင္တာအေျခစိုက္စခန္းသုံးခုမွ ထြက္ရွိတဲ့ ပန္ဒါအညစ္အေၾကးနဲ႔အစားအႂကြင္းအက်န္ေတြကို လည္ျပန္အသုံးျပဳမည္ျဖစ္ေၾကာင္း တနလၤာေန႔က ေၾကာျငာခဲ့ပါတယ္။သုေတသနစင္တာမွသုေတသီ Huang Yanရဲ့အဆိုအရ အရြယ္ေရာက္ၿပီးပန္ဒါတစ္ေကာင္ဟာ တစ္ေန႔ကို ဝါး ၁၂ကေန၁၅ကီလိုဂရမ္အၾကားစားသုံးနိုင္ၿပီး ဝါးဟာ ပန္ဒါရဲ့အစာေခ်စနစ္ကို ေရာက္သြားတဲ့အခါ fructoseလို့ေခၚတဲ့အခ်ိဳဓာတ္တစ္မ်ိဳးကို စုပ္ယူခံရၿပီးေနာက္ ဖိုင္ဘာႂကြယ္ဝတဲ့မစင္ ၁၀ကီလိုဂရမ္ကို ထုတ္လုပ္ရရွိေၾကာင္း ဆိုထားပါတယ္။

ကုမၸဏီအေနနဲ႔ သေဘာတူညီခ်က္အရ အဓိကအပိုင္းက ပန္ဒါရဲ့မစင္ျဖစ္ေပမဲ့ ပန္ဒါေတြမစားဘဲေထြးထုတ္တဲ့စြန္႔ပစ္ပစၥည္းေတြရဲ့၅၀ ကီလိုဂရမ္ကိုပါ ယူသုံးမည္ျဖစ္ပါတယ္။သေဘာတူညီမွုေတြမရွိခင္တုန္းက အဆိုပါအညစ္အေၾကးစြန္႔ပစ္ပစၥည္းေတြကို ေျမဩဇာအျဖစ္ အသုံးျပဳခဲ့ၾကတာပါ။စကၠဴကုမၸဏီဥကၠဌ Yang Chaolin က သေဘာတူညီစာခ်ဳပ္ဟာ ပါဝင္တဲ့ပါတနာႏွစ္ဖက္လုံးအတြက္ မ်ားစြာအက်ိဳးျဖစ္ထြန္းေစေၾကာင္းႏွင့္”panda poo”အမွတ္တံဆိပ္ တစ္ရွူးကို တစ္ဘူး ၄၃ယြမ္(ေဒၚလာ ၆.၅၄)နဲ႔ေစ်းဦးေရာင္းမည္ျဖစ္ေၾကာင္း Global Times သတင္းကေဖာ္ျပထားပါတယ္။စက္႐ုံလုပ္သားေတြက မစင္ရွိဖိုင္ဘာေတြကိုထုတ္ယူၿပီး စကၠဴအျဖစ္သို့မေျပာင္းလဲမီ fructoseအက်န္ေတြကိုပါ ဖယ္ရွားရေသးေၾကာင္းလည္း ဆိုထားပါတယ္။

လူတခ်ိဳ့ကေတာ့ မစင္ကေနထုတ္လုပ္တာေၾကာင့္ စကၠဴမွာ ညစ္ညမ္းၿပီးအႏၲရာယ္ရွိတဲ့ဘက္တီးရီးယားေတြပါဝင္ေနမွာကို စိုးရိမ္ပူပန္ေနၾကပါတယ္။ဒါေပမဲ့ စကၠဴကုမၸဏီလက္ေထာက္မန္ေနဂ်ာ Zhou Chuanpingကို စကၠဴအျဖစ္သို့ မေျပာင္းမီ ဘယ္ဘက္တီးရီးယားကိုမဆိုသတ္ပစ္နိုင္ေအာင္ မစင္ကိုသတ္မွတ္ထားတဲ့မီးျဖင့္အပူေပးျပဳတ္ကာ ပိုးသတ္ထားတာေၾကာင့္ စိတ္ခ်ရေၾကာင္း၊သုေတသနစင္တာမွ မစင္ေတြကို သုံးရက္မွခုႏွစ္ရက္ၾကား တစ္ႀကိမ္စီသာ စုေဆာင္းေစေၾကာင္း ျပန္လည္ရွင္းျပထားပါတယ္။အဲ့လို ျပန္လည္ထုတ္လုပ္အသုံးျပဳျခင္းက ကမၻာႀကီးကို တစ္ဖက္တစ္လမ္းကေန ကူညီနိုင္ေပမဲ့ အဓိက က မစင္ရဲ့ဘက္တီးရီးယားပိုးေၾကာင့္ ေရာဂါျပန္မျဖစ္ရေအာင္ ပိုးသတ္စနစ္ကိုပိုမိုအေလးထားသင့္တယ္လို့လည္း စဥ္းစားမိပါတယ္။စာဖတ္သူတို့ေကာ ဘယ္လိုထင္ပါသလဲ။

Jasmine (Mckzone Daily)

Source: nextshark

Unicode

တရုတ်နိုင်ငံ Sichuanပြည်နယ်အခြေစိုက် ကုမ္ပဏီတစ်ခုဟာ ပန်ဒါဝက်ဝံရဲ့မစင်အညစ်အကြေးတွေကို ပြန်လည်အသုံးပြုပြီး တစ်ရှူးစက္ကူအဖြစ်ပြောင်းလဲထုတ်လုပ်ရန် တရုတ်ထိန်းသိမ်းရေးနှင့်သုတေသနစင်တာတို့နဲ့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။Sichuan Qianwei Fengshengဆိုတဲ့စက္ကူထုတ်လုပ်တဲ့ကုမ္ပဏီဟာ Dujiangyanမြို့၊Wolongမြို့နှင့် Bifengxiaမြို့တို့ရှိ သုတေသနာစင်တာအခြေစိုက်စခန်းသုံးခုမှ ထွက်ရှိတဲ့ ပန်ဒါအညစ်အကြေးနဲ့အစားအကြွင်းအကျန်တွေကို လည်ပြန်အသုံးပြုမည်ဖြစ်ကြောင်း တနင်္လာနေ့က ကြောငြာခဲ့ပါတယ်။သုတေသနစင်တာမှသုတေသီ Huang Yanရဲ့အဆိုအရ အရွယ်ရောက်ပြီးပန်ဒါတစ်ကောင်ဟာ တစ်နေ့ကို ဝါး ၁၂ကနေ၁၅ကီလိုဂရမ်အကြားစားသုံးနိုင်ပြီး ဝါးဟာ ပန်ဒါရဲ့အစာချေစနစ်ကို ရောက်သွားတဲ့အခါ fructoseလို့ခေါ်တဲ့အချိုဓာတ်တစ်မျိုးကို စုပ်ယူခံရပြီးနောက် ဖိုင်ဘာကြွယ်ဝတဲ့မစင် ၁၀ကီလိုဂရမ်ကို ထုတ်လုပ်ရရှိကြောင်း ဆိုထားပါတယ်။

ကုမ္ပဏီအနေနဲ့ သဘောတူညီချက်အရ အဓိကအပိုင်းက ပန်ဒါရဲ့မစင်ဖြစ်ပေမဲ့ ပန်ဒါတွေမစားဘဲထွေးထုတ်တဲ့စွန့်ပစ်ပစ္စည်းတွေရဲ့၅၀ ကီလိုဂရမ်ကိုပါ ယူသုံးမည်ဖြစ်ပါတယ်။သဘောတူညီမှုတွေမရှိခင်တုန်းက အဆိုပါအညစ်အကြေးစွန့်ပစ်ပစ္စည်းတွေကို မြေဩဇာအဖြစ် အသုံးပြုခဲ့ကြတာပါ။စက္ကူကုမ္ပဏီဥက္ကဌ Yang Chaolin က သဘောတူညီစာချုပ်ဟာ ပါဝင်တဲ့ပါတနာနှစ်ဖက်လုံးအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်းနှင့်”panda poo”အမှတ်တံဆိပ် တစ်ရှူးကို တစ်ဘူး ၄၃ယွမ်(ဒေါ်လာ ၆.၅၄)နဲ့ဈေးဦးရောင်းမည်ဖြစ်ကြောင်း Global Times သတင်းကဖော်ပြထားပါတယ်။စက်ရုံလုပ်သားတွေက မစင်ရှိဖိုင်ဘာတွေကိုထုတ်ယူပြီး စက္ကူအဖြစ်သို့မပြောင်းလဲမီ fructoseအကျန်တွေကိုပါ ဖယ်ရှားရသေးကြောင်းလည်း ဆိုထားပါတယ်။

လူတချို့ကတော့ မစင်ကနေထုတ်လုပ်တာကြောင့် စက္ကူမှာ ညစ်ညမ်းပြီးအန္တရာယ်ရှိတဲ့ဘက်တီးရီးယားတွေပါဝင်နေမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ဒါပေမဲ့ စက္ကူကုမ္ပဏီလက်ထောက်မန်နေဂျာ Zhou Chuanpingကို စက္ကူအဖြစ်သို့ မပြောင်းမီ ဘယ်ဘက်တီးရီးယားကိုမဆိုသတ်ပစ်နိုင်အောင် မစင်ကိုသတ်မှတ်ထားတဲ့မီးဖြင့်အပူပေးပြုတ်ကာ ပိုးသတ်ထားတာကြောင့် စိတ်ချရကြောင်း၊သုတေသနစင်တာမှ မစင်တွေကို သုံးရက်မှခုနှစ်ရက်ကြား တစ်ကြိမ်စီသာ စုဆောင်းစေကြောင်း ပြန်လည်ရှင်းပြထားပါတယ်။အဲ့လို ပြန်လည်ထုတ်လုပ်အသုံးပြုခြင်းက ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းကနေ ကူညီနိုင်ပေမဲ့ အဓိက က မစင်ရဲ့ဘက်တီးရီးယားပိုးကြောင့် ရောဂါပြန်မဖြစ်ရအောင် ပိုးသတ်စနစ်ကိုပိုမိုအလေးထားသင့်တယ်လို့လည်း စဉ်းစားမိပါတယ်။စာဖတ်သူတို့ကော ဘယ်လိုထင်ပါသလဲ။

Jasmine (Mckzone Daily)

  • Leave a Comment