ေျမးေလး​ေတြရဲ႕ဓာတ္ပံု နဲ႔ ပိုက္ဆံအခ်ိဳ႕ ေပ်ာက္ဆံုးသြားတဲ့အဘြားအိုကို ရ​ေအာင္ေျခရာခံလိုက္ခဲ့တဲ့ ေက်ာင္းသား

Cypress ေကာလိပ္ေက်ာင္းသားတစ္ဦးျဖစ္တဲ့ Luan Nguyen ဟာ ကယ္လီဖိုးနီးယားျပည္နယ္၊ Garden Grove မွာေတြ႕ ခဲ့တဲ့ သက္ႀကီးရြယ္အိုအမ်ိဳးသမီးတစ္ဦးရဲ့ ပိုင္ဆိုင္မွုေတြကို ျပန္ေပးခဲ့ၿပီးေနာက္ ေႏြးေထြးတဲ့ႏွလုံးသားကိုပိုင္ဆိုင္ထားတဲ့ ဗီယက္နမ္အေမရိကန္လူမ်ိဳးေတြရဲ့စာရင္းမွာ ပါဝင္ဖို့ ေတာင္းဆိုခံခဲ့ပါတယ္။Luan Nguyen ဟာ ေငြထုတ္ဖို့ Westminster ႏွင့္ Brookhurst ရဲ့ေထာင့္ရွိ အေမရိကဘဏ္တစ္ခုသို့ ဦးတည္ေနတုန္း အသက္ ၇၅ ႏွစ္ရွိျဖစ္တဲ့ဗီယက္နမ္အဖြားတစ္ဦးက သူ႔ဆီခ်ဥ္းကပ္လာၿပီး ေဒၚလာ ၂၀ တန္ဖိုးရွိတဲ့ပန္းစည္းအခ်ိဳ့ကိုဝယ္ယူမလားလို့ေမးခဲ့ပါတယ္။မၾကာေသးမီကမွ ေဆး႐ုံဆင္းလာၿပီး စိတ္ေဖာက္ျပန္မွုေရာဂါခံစားေနရတဲ့အဆိုပါအဖြားဟာ အသက္ ၈၂ ႏွစ္ရွိၿပီျဖစ္တဲ့ခင္ပြန္းျဖစ္သူ ႏွင့္အတူေနထိုင္ရင္း စီးပြါးေရးအျဖစ္ ပန္းေတြကိုေရာင္းခ်ေနခဲ့ပါတယ္။အဲ့တာနဲ႔ Luan Nguyen ဟာ သူမရဲ့ပန္းစည္းကို ဝယ္ယူခဲ့ပါတယ္။

ဒါေပမဲ့ ပန္းစည္းထဲမွာပါေနတဲ့မိန္းကေလးငယ္ႏွစ္ဦးရဲ့ဓာတ္ပုံနဲ႔ေဒၚလာ ၁,၅၀၀ ကို ေတြ႕လိုက္တဲ့အခ်ိန္မွာေတာ့ သူဟာအိမ္ကိုျပန္ေရာက္ေနခဲ့ပါၿပီ။သူဟာ ဓာတ္ပုံနဲ႔ေငြေတြကိုေပးဖို့ အဖြားဆီကိုျပန္သြားခဲ့ၿပီး အဖြားကိုေနရာအႏွံလိုက္ရွာခဲ့ေပမဲ့ မေတြ႕ခဲ့ရပါဘူး။ဒါေပမဲ့ တနလၤာေန႔မွာေတာ့ အင္တာနက္နဲ႔လူမွု့မီဒီယာေတြရဲ့ေက်းဇူးေၾကာင့္ သူတို့ႏွစ္ဦးေပ်ာ္ရႊင္စြာျပန္လည္ဆုံဆည္းခဲ့ၾကၿပီး သူမရဲ့ေျမးေတြအတြက္ခြဲထားတဲ့ေငြျဖစ္တယ္လို့ အဖြားကဆိုခဲ့ပါတယ္။ေဆး႐ုံတက္ခ်ိန္တုန္းက သူမဆီမွာေဒၚလာ ၁,၇၀၀ ရွိေနခဲ့ၿပီး ပန္းေတြအတြက္ ေဒၚလာ၂၀၀ သုံးခဲ့တာေၾကာင့္ ေဒၚလာ၁,၅၀၀သာက်န္ခဲ့ပါတယ္။သူမရဲ့စိတ္ေဖာက္ျပန္မွုေၾကာင့္ ပစၥည္းေနရာအထားလႊဲကာ ပန္းစည္းထဲကို မွားထည့္ခဲ့မိတာပါ။

“ေနာက္ဆုံးတစ္ေခါက္ ကၽြန္ေတာ္တို့ ဖုန္းနဲ႔စကားေျပာေတာ့ အဖြားက ကၽြန္ေတာ္နဲ႔ေတြ႕ဆုံခဲ့တာကိုမမွတ္မိေတာ့ဘူး”လို့ Nguyen ကဆိုခဲ့ပါတယ္။အဖြားဟာ ေျမးမေလးႏွစ္ေယာက္ကို အရမ္းခ်စ္ၿပီး ဓာတ္ပုံကိုလည္း သူမနဲ႔အတူတစ္ခ်ိန္လုံးရွိေနခဲ့တာပါ။Luan Nguyen ရဲ့ေႏြးေထြးတဲ့ႏွလုံးသားေလးနဲ႔ ေကာင္းမြန္တဲ့အက်င့္စရိုက္ေတြေၾကာင့္ Netizen ေတြက ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။အဲ့လိုေႏြးေထြးတဲ့ႏွလုံးသားပိုင္ရွင္ေတြ ရွိေနျခင္းဟာ သက္ႀကီးရြယ္အိုေတြ၊ဘဝေပးကံေၾကာင့္ မျပည့္စုံေနတတ္တဲ့ လူေတြအတြက္ အမ်ားႀကီး အက်ိဳးရွိေစပါတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

Cypress ကောလိပ်ကျောင်းသားတစ်ဦးဖြစ်တဲ့ Luan Nguyen ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Garden Grove မှာတွေ့ ခဲ့တဲ့ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးခဲ့ပြီးနောက် နွေးထွေးတဲ့နှလုံးသားကိုပိုင်ဆိုင်ထားတဲ့ ဗီယက်နမ်အမေရိကန်လူမျိုးတွေရဲ့စာရင်းမှာ ပါဝင်ဖို့ တောင်းဆိုခံခဲ့ပါတယ်။Luan Nguyen ဟာ ငွေထုတ်ဖို့ Westminster နှင့် Brookhurst ရဲ့ထောင့်ရှိ အမေရိကဘဏ်တစ်ခုသို့ ဦးတည်နေတုန်း အသက် ၇၅ နှစ်ရှိဖြစ်တဲ့ဗီယက်နမ်အဖွားတစ်ဦးက သူ့ဆီချဉ်းကပ်လာပြီး ဒေါ်လာ ၂၀ တန်ဖိုးရှိတဲ့ပန်းစည်းအချို့ကိုဝယ်ယူမလားလို့မေးခဲ့ပါတယ်။မကြာသေးမီကမှ ဆေးရုံဆင်းလာပြီး စိတ်ဖောက်ပြန်မှုရောဂါခံစားနေရတဲ့အဆိုပါအဖွားဟာ အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ခင်ပွန်းဖြစ်သူ နှင့်အတူနေထိုင်ရင်း စီးပွါးရေးအဖြစ် ပန်းတွေကိုရောင်းချနေခဲ့ပါတယ်။အဲ့တာနဲ့ Luan Nguyen ဟာ သူမရဲ့ပန်းစည်းကို ဝယ်ယူခဲ့ပါတယ်။

ဒါပေမဲ့ ပန်းစည်းထဲမှာပါနေတဲ့မိန်းကလေးငယ်နှစ်ဦးရဲ့ဓာတ်ပုံနဲ့ဒေါ်လာ ၁,၅၀၀ ကို တွေ့လိုက်တဲ့အချိန်မှာတော့ သူဟာအိမ်ကိုပြန်ရောက်နေခဲ့ပါပြီ။သူဟာ ဓာတ်ပုံနဲ့ငွေတွေကိုပေးဖို့ အဖွားဆီကိုပြန်သွားခဲ့ပြီး အဖွားကိုနေရာအနှံလိုက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ရပါဘူး။ဒါပေမဲ့ တနင်္လာနေ့မှာတော့ အင်တာနက်နဲ့လူမှု့မီဒီယာတွေရဲ့ကျေးဇူးကြောင့် သူတို့နှစ်ဦးပျော်ရွှင်စွာပြန်လည်ဆုံဆည်းခဲ့ကြပြီး သူမရဲ့မြေးတွေအတွက်ခွဲထားတဲ့ငွေဖြစ်တယ်လို့ အဖွားကဆိုခဲ့ပါတယ်။ဆေးရုံတက်ချိန်တုန်းက သူမဆီမှာဒေါ်လာ ၁,၇၀၀ ရှိနေခဲ့ပြီး ပန်းတွေအတွက် ဒေါ်လာ၂၀၀ သုံးခဲ့တာကြောင့် ဒေါ်လာ၁,၅၀၀သာကျန်ခဲ့ပါတယ်။သူမရဲ့စိတ်ဖောက်ပြန်မှုကြောင့် ပစ္စည်းနေရာအထားလွှဲကာ ပန်းစည်းထဲကို မှားထည့်ခဲ့မိတာပါ။

“နောက်ဆုံးတစ်ခေါက် ကျွန်တော်တို့ ဖုန်းနဲ့စကားပြောတော့ အဖွားက ကျွန်တော်နဲ့တွေ့ဆုံခဲ့တာကိုမမှတ်မိတော့ဘူး”လို့ Nguyen ကဆိုခဲ့ပါတယ်။အဖွားဟာ မြေးမလေးနှစ်ယောက်ကို အရမ်းချစ်ပြီး ဓာတ်ပုံကိုလည်း သူမနဲ့အတူတစ်ချိန်လုံးရှိနေခဲ့တာပါ။Luan Nguyen ရဲ့နွေးထွေးတဲ့နှလုံးသားလေးနဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်တွေကြောင့် Netizen တွေက ချီးကျူးစကားဆိုခဲ့ပါတယ်။အဲ့လိုနွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေ ရှိနေခြင်းဟာ သက်ကြီးရွယ်အိုတွေ၊ဘဝပေးကံကြောင့် မပြည့်စုံနေတတ်တဲ့ လူတွေအတွက် အများကြီး အကျိုးရှိစေပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment