လူပြောများပြီး ကျော်ကြားနေတဲ့ ဂျပန်နိုင်ငံက ကြောင်ဘုရားကျောင်း


1

2

3

4

5

6

7

8

9

10

11

12

13

14

15

16

17

18

19

20

21

22

23

24

Jasmine (Mckzone Daily)

Source: boredpanda

Unicode

ကြောင်လေးတွေကို ရူးရူးမူးမူးချစ်ကြတဲ့သူတွေအတွက်ကတော့ ဂျပန်နိုင်ငံကနေရာလေးတစ်ခုက ဆွဲဆောင်အံ့သြမှုတွေနဲ့ ပြည့်နှက်စေမှာပါ ။ အဲတာကတော့ ဂျပန်နိုင်ငံ Kyoto မြို့မှာရှိတဲ့ Meow Meow Temple ဆိုတဲ့ ကြောင်ဘုရားကျောင်းလေးပါပဲ ။ အဆိုပါ ဘုရားကျောင်လေးမှာတော့ ဘုန်းတော်ကြီးအနေနဲ့ Koyuki ကြောင်လေးရှိပြီး ၊ အခြားလက်ထောက်အကူ ကြောင်လေးတွေလည်းရှိကြောင်း ဘုရားကျောင်းရဲ့ပိုင်ရှင်ကပြောပြခဲ့ပါတယ် ။ ဘုရားကျောင်လေးထဲရောက်ပြီဆိုတာနဲ့ Koyuki အမည်ရှိတဲ့ ကြောင်လေးက ကြိုဆိုနှုတ်ဆက်မှာဖြစ်ပြီး ၊ အစားအသောက်တွေကိုလည်း မှာယူစားသောက်လို့ရကြောင်းသိရှိရပါတယ် ။ ဘုရားကျောင်းလေးထဲမှာတော့ ကြောင်ပန်းချီပုံတွေ ၊ ရုပ်တုတွေနဲ့ ပြည့်နှက်နေပြီး အဆိုပါရုပ်တုတွေကိုလိုချင်ရင်လည်း ဝယ်ယူလို့ရကြောင်းသိရှိရပါတယ် ။ အဆိုပါနေရာလေးကတော့ ကြောင်ချစ်တဲ့သူတွေအတွက် ရည်ရွယ်ချက်နဲ့ဆောက်လုပ်ထားတဲ့နေရာလေးဖြစ်ကြောင်း သိရှိရပါတယ် ။ Kyoto မြို့ကိုရောက်ဖြစ်ရင်တော့ အဆိုပါ Meow Meow Temple ဆိုတဲ့နေရာလေးကို အရောက်သွားပြီး လည်ပတ်သင့်ပါတယ်လေ ။

Jasmine (Mckzone Daily)

  • Leave a Comment