လူလိမ္ေတြဆီကေန အစြမ္းထက္လြန္းတယ္ဆိုတဲ့ ‘အာလာဒင္မီးခြက္’ကို ေငြသိန္းရာခ်ီေပးၿပီး ဝယ္ယူမိခဲ့တဲ့ ဆရာဝန္

မၾကာေသးခင္က အိနၷိယႏိုင္ငံမွာ မယံုႏိုင္ေလာက္တဲ့အျဖစ္အပ်က္တစ္ခု ျဖစ္ပြားခဲ့ပါတယ္ ။ အဲဒါကေတာ့ ဆရာဝန္တစ္ေယာက္က လူလိမ္အဖြဲ႔တစ္ခုဆီကေန အာလာဒင္မီးခြက္ကို ယံုယံုၾကည္ၾကည္နဲ႔ ေငြေၾကးေျမာက္မ်ားစြာေပးၿပီး ဝယ္ယူမိခဲ့တာပါပဲ ။ မ်က္လွည့္ျပသလို နည္းလမ္းနဲ႔ လူလိမ္ေတြက ဆရာဝန္ကို လိမ္လည္လွည့္စားခဲ့တာျဖစ္တဲ့အျပင္ အာလာဒင္မီးခြက္ထဲက မီးခြက္ေစာင့္ဘီလူး genie အေနနဲ႔ေတာင္ ဟန္ေဆာင္ခဲ့ေသးေၾကာင္း သိ႐ွိရပါတယ္ ။ ပထမဆံုး လူလိမ္ေတြလာေရာက္လည္ပတ္စဥ္က အာလာဒင္ ဆိုသူက ဆရာဝန္ေ႐ွ႕သို႔ေရာက္႐ွိလာခဲ့ေသးေၾကာင္း အမွန္တကယ္ေတာ့ အဆိုပါလူက လူလိမ္ေတြအဖြဲ႔ထဲက လူတစ္ေယာက္ျဖစ္ၿပီး အာလာဒင္အေနနဲ႔ ဟန္ေဆာင္ထားသူျဖစ္ေၾကာင္း သိရပါတယ္ ။

အျဖစ္အပ်က္တစ္ခုလံုးကေတာ့ ဆရာဝန္ဟာ လူလိမ္အဖြဲ႔ရဲ႕မိခင္လို႔ယူဆရတဲ့ အဘြားအိုတစ္ေယာက္ကို ကုသေပးရင္းနဲ႔ စခဲ့တာပါ ။ ‘ သူတို႔ကြၽန္ေတာ့္ကို သူတို႔အိမ္ကိုလာလည္ခဲ့တဲ့ baba (ဘုရားသခင္) ဆိုတဲ့သူအေၾကာင္းေျပာျပတယ္ ၊ ၿပီးေတာ့ ကြၽန္ေတာ့္ကို ဦးေႏွာက္ေဆးေၾကာလိုက္ၿပီး အယူအဆအသစ္ေတြအတင္းသြက္သြင္းၿပီး baba ဆိုတဲ့သူကို ေတြ႔ဆံုဖို႔ ေျပာခဲ့တယ္ ‘ ဆိုၿပီး ဆရာဝန္က ေျပာျပခဲ့ပါတယ္ ။

အဆိုပါ အာလာဒင္မီးခြက္ဟာ ခ်မ္းသာျခင္း ၊ က်န္းမာျခင္း နဲ႔ ကံေကာင္းေစတဲ့အရာကို ယူေဆာင္ေပးတယ္လို႔ ေျပာဆိုခဲ့ၾကပါတယ္ ။ လူလိမ္ေတြက RM 830,000 ( ျမန္မာေငြ သိန္း 3ေထာင္ေက်ာ္) နဲ႔ မီးခြက္ကို ေရာင္းဖို႔လုပ္ခဲ့ေပမဲ့ အရင္ဆံုး RM 173,000 ( သိန္း 600 ကိုသာ) အရင္ဆံုး ေပးသြင္းဖို႔ ေျပာဆိုခဲ့ပါတယ္ ။ ကံေကာင္းစြာနဲ႔ ပထမဆံုးအႀကိမ္ေငြေပးသြင္းၿပီးေနာက္ ဆရာဝန္က လိမ္လည္လွည့္စားခံလိုက္ရမွန္း သိ႐ွိခဲ့ပါတယ္ ။ ထို႔ေနာက္ ဆရာဝန္က ရဲအရာ႐ွိေတြကိုတိုင္ၾကားၿပီး အမႈဖြင့္ခဲ့လို႔ လူလိမ္ႏွစ္ဦးကို ဖမ္းမိခဲ့ၿပီ ၊ က်န္ သံသယ႐ွိသူ အမ်ိဳးသမီးကိုေတာ့ ဖမ္းမမိေသးဘဲ လြတ္ေျမာက္ေနေသးေၾကာင္း သိ႐ွိရပါတယ္ ။ ဒါေၾကာင့္ ဘယ္အရာဘဲျဖစ္ျဖစ္ လြယ္လြယ္နဲ႔ မယံုၾကည္ၾကဖို႔ သတိေပးေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က အိန္နိယနိုင်ငံမှာ မယုံနိုင်လောက်တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။ အဲဒါကတော့ ဆရာဝန်တစ်ယောက်က လူလိမ်အဖွဲ့တစ်ခုဆီကနေ အာလာဒင်မီးခွက်ကို ယုံယုံကြည်ကြည်နဲ့ ငွေကြေးမြောက်များစွာပေးပြီး ဝယ်ယူမိခဲ့တာပါပဲ ။ မျက်လှည့်ပြသလို နည်းလမ်းနဲ့ လူလိမ်တွေက ဆရာဝန်ကို လိမ်လည်လှည့်စားခဲ့တာဖြစ်တဲ့အပြင် အာလာဒင်မီးခွက်ထဲက မီးခွက်စောင့်ဘီလူး genie အနေနဲ့တောင် ဟန်ဆောင်ခဲ့သေးကြောင်း သိရှိရပါတယ် ။ ပထမဆုံး လူလိမ်တွေလာရောက်လည်ပတ်စဉ်က အာလာဒင် ဆိုသူက ဆရာဝန်ရှေ့သို့ရောက်ရှိလာခဲ့သေးကြောင်း အမှန်တကယ်တော့ အဆိုပါလူက လူလိမ်တွေအဖွဲ့ထဲက လူတစ်ယောက်ဖြစ်ပြီး အာလာဒင်အနေနဲ့ ဟန်ဆောင်ထားသူဖြစ်ကြောင်း သိရပါတယ် ။

အဖြစ်အပျက်တစ်ခုလုံးကတော့ ဆရာဝန်ဟာ လူလိမ်အဖွဲ့ရဲ့မိခင်လို့ယူဆရတဲ့ အဘွားအိုတစ်ယောက်ကို ကုသပေးရင်းနဲ့ စခဲ့တာပါ ။ ‘ သူတို့ကျွန်တော့်ကို သူတို့အိမ်ကိုလာလည်ခဲ့တဲ့ baba (ဘုရားသခင်) ဆိုတဲ့သူအကြောင်းပြောပြတယ် ၊ ပြီးတော့ ကျွန်တော့်ကို ဦးနှောက်ဆေးကြောလိုက်ပြီး အယူအဆအသစ်တွေအတင်းသွက်သွင်းပြီး baba ဆိုတဲ့သူကို တွေ့ဆုံဖို့ ပြောခဲ့တယ် ‘ ဆိုပြီး ဆရာဝန်က ပြောပြခဲ့ပါတယ် ။

အဆိုပါ အာလာဒင်မီးခွက်ဟာ ချမ်းသာခြင်း ၊ ကျန်းမာခြင်း နဲ့ ကံကောင်းစေတဲ့အရာကို ယူဆောင်ပေးတယ်လို့ ပြောဆိုခဲ့ကြပါတယ် ။ လူလိမ်တွေက RM 830,000 ( မြန်မာငွေ သိန်း 3ထောင်ကျော်) နဲ့ မီးခွက်ကို ရောင်းဖို့လုပ်ခဲ့ပေမဲ့ အရင်ဆုံး RM 173,000 ( သိန်း 600 ကိုသာ) အရင်ဆုံး ပေးသွင်းဖို့ ပြောဆိုခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ ပထမဆုံးအကြိမ်ငွေပေးသွင်းပြီးနောက် ဆရာဝန်က လိမ်လည်လှည့်စားခံလိုက်ရမှန်း သိရှိခဲ့ပါတယ် ။ ထို့နောက် ဆရာဝန်က ရဲအရာရှိတွေကိုတိုင်ကြားပြီး အမှုဖွင့်ခဲ့လို့ လူလိမ်နှစ်ဦးကို ဖမ်းမိခဲ့ပြီ ၊ ကျန် သံသယရှိသူ အမျိုးသမီးကိုတော့ ဖမ်းမမိသေးဘဲ လွတ်မြောက်နေသေးကြောင်း သိရှိရပါတယ် ။ ဒါကြောင့် ဘယ်အရာဘဲဖြစ်ဖြစ် လွယ်လွယ်နဲ့ မယုံကြည်ကြဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzoe Daily)

  • Leave a Comment