မုန္တိုင္းေၾကာင့္ ပ်က္ဆီးသြားတဲ့ သစ္ပင္ႀကီးကို ေပ 50 အျမင့္႐ွိတဲ့ ဧရာမလက္ႀကီးအျဖစ္ ဖန္တီးပံုေဖာ္ခဲ့သူ

Simon O’Rourke အမည္႐ွိတဲ့ သစ္သားပန္းပုပညာ႐ွင္ဟာ ေပ 50 အျမင့္႐ွိၿပီး ေကာင္းကင္ဖက္ကိုေျမာက္ပင့္ေနတဲ့ ဧရာမလက္ႀကီးရဲ႕အေၾကာင္းကို သူ႔ရဲ႕ social media ေပၚမွာ ေဝမ်ွခဲ့ပါတယ္ ။ အဆိုပါ ဧရာမလက္ပံုစံ သစ္သားပန္းပုႀကီးကို ‘ Giant Hand of Vyrnwy ‘ လို႔ အမည္မွည့္ေခၚထားေၾကာင္း သိ႐ွိရပါတယ္ ။ ပန္းပုဆရာကေတာ့ ‘ Wales မွာ သစ္ပင္ႀကီးတစ္ပင္က မုန္တိုင္းေၾကာင့္ ပ်က္ဆီးသြားမွန္း ကြၽန္ေတာ့္သူငယ္ခ်င္း ေျပာျပလို႔ သိခဲ့ရပါတယ္ ၊ အဲ့ေၾကာင့္ သက္ဆိုင္တဲ့တာဝန္႐ွိသူေတြကို ပန္းပုထုခြင့္ရဖို႔ ခြင့္ေတာင္ခဲ့ၿပီး ေနာက္ဆံုး အထင္ကရအမွတ္အသားအေနနဲ႔ ဧရာမလက္ႀကီးကို ထုလုပ္ဖို႔အေၾကာင္းဖန္လာခဲ့တာပါ ‘ ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ ဒါ့အျပင္ ဒီလို ဧရာမလက္ပံုစံပန္းပုကို ကိုယ္ပိုင္အေနနဲ႔ မွာယူမယ္ဆိုရင္ေတာ့ $ 12,000 က်သင့္မွာ ျဖစ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

1

2

3

4

5

6

Jasmine (Mckzoe Daily)

Source: boredpanda

Unicode

Simon O’Rourke အမည်ရှိတဲ့ သစ်သားပန်းပုပညာရှင်ဟာ ပေ 50 အမြင့်ရှိပြီး ကောင်းကင်ဖက်ကိုမြောက်ပင့်နေတဲ့ ဧရာမလက်ကြီးရဲ့အကြောင်းကို သူ့ရဲ့ social media ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ အဆိုပါ ဧရာမလက်ပုံစံ သစ်သားပန်းပုကြီးကို ‘ Giant Hand of Vyrnwy ‘ လို့ အမည်မှည့်ခေါ်ထားကြောင်း သိရှိရပါတယ် ။ ပန်းပုဆရာကတော့ ‘ Wales မှာ သစ်ပင်ကြီးတစ်ပင်က မုန်တိုင်းကြောင့် ပျက်ဆီးသွားမှန်း ကျွန်တော့်သူငယ်ချင်း ပြောပြလို့ သိခဲ့ရပါတယ် ၊ အဲ့ကြောင့် သက်ဆိုင်တဲ့တာဝန်ရှိသူတွေကို ပန်းပုထုခွင့်ရဖို့ ခွင့်တောင်ခဲ့ပြီး နောက်ဆုံး အထင်ကရအမှတ်အသားအနေနဲ့ ဧရာမလက်ကြီးကို ထုလုပ်ဖို့အကြောင်းဖန်လာခဲ့တာပါ ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။ ဒါ့အပြင် ဒီလို ဧရာမလက်ပုံစံပန်းပုကို ကိုယ်ပိုင်အနေနဲ့ မှာယူမယ်ဆိုရင်တော့ $ 12,000 ကျသင့်မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzoe Daily)

  • Leave a Comment