ေတာထဲက ႐ိုင္းစိုင္းတဲ့ ေမ်ာက္အုပ္စုတစ္စုနဲ႔ အေကာင္းဆုံးမိတ္ေဆြျဖစ္လာခဲ့တဲ့ အသက္၂ ႏွစ္အ႐ြယ္ေကာင္ေလး (႐ုပ္သံ)

အိႏၵိယႏိုင္ငံ Bangalore ၿမိဳ႕အနီးရွိ အသက္ ၂ ႏွစ္အ႐ြယ္ေကာင္ေလးတစ္ဦးျဖစ္တဲ့ Samarth Bangari ဟာ ႐ိုင္းစိုင္းတဲ့ langurေမ်ာက္အမ်ိဳးအစား ေမ်ာက္ဂိုဏ္းတစ္ဂိုဏ္းနဲ႔ ထူးျခားတဲ့ခင္မင္ရင္းႏွီးမႈေၾကာင့္ Jungle စာအုပ္ထဲရွိ မ်က္ေမွာက္ေခတ္ Mowgli အျဖစ္ သတ္မွတ္ခံလိုက္ရပါတယ္။Bangaloreၿမိဳ႕မွ ကီလိုမီတာ ၄၀၀ အကြာမွာတည္ရွိတဲ့ေက်း႐ြာတစ္႐ြာမွာ Bangari ဟာ တိရိစာၦန္ေတြနဲ႔အတူကစားေနတုန္း ႏွစ္ဒါဇင္နီးပါး မီးခိုးေရာင္အဆင္ရွိတဲ့ langur ေမ်ာက္မ်ားေရာက္လာခဲ့ကာ Bangari နဲ႔တရင္းတႏွီးခင္မင္စြာရွိေနခဲ့တာကို ပထမဦးဆုံးအႀကိမ္အေနနဲ႔ ျမင္ဖူးေၾကာင္း AFP AsiaOne ကေဖာ္ျပထားပါတယ္။

ဦးေလးျဖစ္သူ Barama Reddy က ေမ်ာက္အေကာင္၂၀ က Bangariအား တိုက္ခိုက္မွာကိုစိုးရိမ္ေနခဲ့ေပမဲ့ အစားအစာေတြေဝမွ်ေပးေနတဲ့ Bangari ရဲ႕ေရွ႕မွာ langur ေမ်ာက္ေတြဟာ တစုတေဝးနဲ႔ ေအးေဆးတည္ၿငိမ္စြာ ရွိေနခဲ့ၾကပါတယ္။အဲဒီေန႔ကစၿပီး Langur ေမ်ာက္အုပ္စုဟာ သူတို႔သူငယ္ခ်င္းျဖစ္တဲ့ Bangari ရဲ႕႐ြာကို တစ္ရက္မွမလြတ္ဘဲ ပုံမွန္သြားလာတတ္ၾကသလို Bangari ရဲ႕အိမ္အထိကိုေရာက္လာကာ Bangari အိပ္ေနရင္ေတာင္ Bangari ကိုႏိုးတတ္ၿပီး မထရင္ တစ္နာရီ၊ ႏွစ္နာရီေလာက္ၾကာေအာင္ေစာင့္ေနတတ္ၾကပါေသးတယ္။Langur ေမ်ာက္ေတြနဲ႔ Bangari တို႔အၾကားက ထူးဆန္းတဲ့ခင္မင္ရင္းႏွီးမႈဟာ တျခား႐ြာသားေတြကို စိတ္ဝင္တစားရွိေစခဲ့ပါတယ္။

တခ်ိဳ႕က Bangari နဲ႔Langur ေမ်ာက္ေတြအေၾကာင္း တေစ့တေစာင္းသိရဖို႔ အိမ္ကို မၾကာခနလာေခ်ာင္းတတ္ၾကၿပီး ေမ်ာက္ေတြနဲ႔ဆက္သြယ္မႈရွိမရွိကိုသိေစဖို႔အတြက္ ကေလးငယ္တစ္ဦးကို Bangari ရဲ႕ေဘးမွာထားခဲ့ေပမဲ့ ေမ်ာက္ေတြက စိမ္းေနတဲ့မ်က္ႏွာသစ္ကို ရန္လိုတဲ့အျပဳအမူေတြနဲ႔ျပသခဲ့ပါေသးတယ္။အဲတာနဲ႔ ႐ြာသူ႐ြာသားေတြက အဲဒီေကာင္ေလးတစ္ဦးတည္းသာ langur ေမ်ာက္အုပ္စုနဲ႔အဆက္အသြယ္လုပ္ႏိုင္ေၾကာင္း ေကာက္ခ်က္ခ်ခဲ့ရပါတယ္။လူတိုင္းက Bangari ကိုထူးျခားတဲ့ကေလးလို႔ ထင္ျမင္ေနၾကၿပီး ေမ်ာက္ေတြနဲ႔ စကားေျပာႏိုင္တယ္လို႔ ယုံၾကည္ေနၾကတယ္လို႔ Reddy က သတင္းေထာက္ေတြကိုေျပာၾကားခဲ့ပါတယ္။

Jasmine (Mckzoe Daily)

Source: nextshark

Unicode

အိန္ဒိယနိုင်ငံ Bangalore မြို့အနီးရှိ အသက် ၂ နှစ်အရွယ်ကောင်လေးတစ်ဦးဖြစ်တဲ့ Samarth Bangari ဟာ ရိုင်းစိုင်းတဲ့ langurမျောက်အမျိုးအစား မျောက်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ထူးခြားတဲ့ခင်မင်ရင်းနှီးမှုကြောင့် Jungle စာအုပ်ထဲရှိ မျက်မှောက်ခေတ် Mowgli အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Bangaloreမြို့မှ ကီလိုမီတာ ၄၀၀ အကွာမှာတည်ရှိတဲ့ကျေးရွာတစ်ရွာမှာ Bangari ဟာ တိရိစ္ဆာန်တွေနဲ့အတူကစားနေတုန်း နှစ်ဒါဇင်နီးပါး မီးခိုးရောင်အဆင်ရှိတဲ့ langur မျောက်များရောက်လာခဲ့ကာ Bangari နဲ့တရင်းတနှီးခင်မင်စွာရှိနေခဲ့တာကို ပထမဦးဆုံးအကြိမ်အနေနဲ့ မြင်ဖူးကြောင်း AFP AsiaOne ကဖော်ပြထားပါတယ်။

ဦးလေးဖြစ်သူ Barama Reddy က မျောက်အကောင်၂၀ က Bangariအား တိုက်ခိုက်မှာကိုစိုးရိမ်နေခဲ့ပေမဲ့ အစားအစာတွေဝေမျှပေးနေတဲ့ Bangari ရဲ့ရှေ့မှာ langur မျောက်တွေဟာ တစုတဝေးနဲ့ အေးဆေးတည်ငြိမ်စွာ ရှိနေခဲ့ကြပါတယ်။အဲဒီနေ့ကစပြီး Langur မျောက်အုပ်စုဟာ သူတို့သူငယ်ချင်းဖြစ်တဲ့ Bangari ရဲ့ရွာကို တစ်ရက်မှမလွတ်ဘဲ ပုံမှန်သွားလာတတ်ကြသလို Bangari ရဲ့အိမ်အထိကိုရောက်လာကာ Bangari အိပ်နေရင်တောင် Bangari ကိုနိုးတတ်ပြီး မထရင် တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင်စောင့်နေတတ်ကြပါသေးတယ်။Langur မျောက်တွေနဲ့ Bangari တို့အကြားက ထူးဆန်းတဲ့ခင်မင်ရင်းနှီးမှုဟာ တခြားရွာသားတွေကို စိတ်ဝင်တစားရှိစေခဲ့ပါတယ်။

တချို့က Bangari နဲ့Langur မျောက်တွေအကြောင်း တစေ့တစောင်းသိရဖို့ အိမ်ကို မကြာခနလာချောင်းတတ်ကြပြီး မျောက်တွေနဲ့ဆက်သွယ်မှုရှိမရှိကိုသိစေဖို့အတွက် ကလေးငယ်တစ်ဦးကို Bangari ရဲ့ဘေးမှာထားခဲ့ပေမဲ့ မျောက်တွေက စိမ်းနေတဲ့မျက်နှာသစ်ကို ရန်လိုတဲ့အပြုအမူတွေနဲ့ပြသခဲ့ပါသေးတယ်။အဲတာနဲ့ ရွာသူရွာသားတွေက အဲဒီကောင်လေးတစ်ဦးတည်းသာ langur မျောက်အုပ်စုနဲ့အဆက်အသွယ်လုပ်နိုင်ကြောင်း ကောက်ချက်ချခဲ့ရပါတယ်။လူတိုင်းက Bangari ကိုထူးခြားတဲ့ကလေးလို့ ထင်မြင်နေကြပြီး မျောက်တွေနဲ့ စကားပြောနိုင်တယ်လို့ ယုံကြည်နေကြတယ်လို့ Reddy က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။

Jasmine (Mckzoe Daily)

Be the first to comment on "ေတာထဲက ႐ိုင္းစိုင္းတဲ့ ေမ်ာက္အုပ္စုတစ္စုနဲ႔ အေကာင္းဆုံးမိတ္ေဆြျဖစ္လာခဲ့တဲ့ အသက္၂ ႏွစ္အ႐ြယ္ေကာင္ေလး (႐ုပ္သံ)"

Leave a comment

Your email address will not be published.


*