ႏွာေခါင္းေပၚကထူးျခားတဲ့အသည္းပုံ အမွတ္အသားေၾကာင့္ လူခ်စ္လူခင္ေပါမ်ားေနတဲ့ ေခြးေလး

Wiley လို႔ေခၚတဲ့ ၁ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အျဖဴအနက္ကြက္ၾကား ေခြးကေလးဟာ သူ႔ရဲ႕ႏွာေခါင္းေပၚကထူးျခားတဲ့အသည္းပုံ အမွတ္အသားေၾကာင့္ အင္တာနက္ေပၚမွာ လူသိမ်ားေက်ာ္ၾကားလာခဲ့ပါတယ္။Oklahoma ျပည္နယ္နဲ႔Colorado ျပည္နယ္ၾကားမွာ ေနထိုင္တဲ့ အသက္၂၆ႏွစ္အ႐ြယ္ Lexi Smithဟာ ၿပီးခဲ့တဲ့ႏွစ္ Saint Patrickေန႔က လမ္းေပၚတေနရာမွာ Wileyကိုေတြ႕ခဲ့ၿပီး ေခြးေလးရဲ႕ခ်စ္စရာေကာင္းၿပီးထူးျခားတဲ့အမွတ္အသားေၾကာင့္ ေခြးေလးကိုေ႐ြးခ်ယ္ခဲ့တာ မဟုတ္ဘဲ Wiley ဟာ သူ႔ခႏၶာကိုယ္ထဲက ကိုယ္ရည္ကိုယ္ေသြးေတြကို စုစည္းထားတတ္ၿပီး သူမေတြ႕ဖူးခဲ့သမွ် ခ်စ္ဖို႔ေကာင္းတဲ့ေခြးေလးေတြထက္ ပိုသာကာ အျပင္မွာလည္း ဓာတ္ပုံထဲကထက္ ပိုခ်စ္ဖို႔ေကာင္းတယ္လို႔ဆိုထားပါတယ္။Smithက”ကြၽန္မတို႔ Colorado မွာေနထိုင္ရတာဟာ အရမ္းကံေကာင္းၿပီး ကစားႏိုင္ဖို႔နဲ႔စူးစမ္းဖို႔ က်ယ္ဝန္းတဲ့အလွဆုံးေနရာေတြရွိတယ္။ေတာင္တက္ျခင္းက Wiley ရဲ႕ အႏွစ္သက္ဆုံး လႈပ္ရွားမႈတစ္ခုျဖစ္တယ္”လို႔ ဆိုခဲ့ပါတယ္။

Wiley ဟာ ကားစီးရတာကိုအရမ္းႀကိဳက္ၿပီး ကားေရွ႕ထိုင္ခုံကေန တြဲဖက္ေလယာဥ္မႉးတစ္ေယာက္လိုထိုင္ကာ လိုက္စီးတတ္သလို သူအိပ္ခ်င္လာရင္ေတာ့ လူကိုအရမ္းတိုးေဝွ႔ပူးကပ္တတ္ပါေသးတယ္။Wiley ဟာ (Dalmatian ေခြးအမ်ိဳးအစားေတြမွာအျဖစ္မ်ားတဲ့စ႐ိုက္) တခါတေလေခါင္းမာတတ္ေပမဲ့ သူ႔ရဲ႕စစ္မွန္တဲ့စ႐ိုက္တစ္ခုကေတာ့ ပိုင္ရွင္ျဖစ္သူကို အဆက္မျပတ္ရယ္ေမာရေအာင္ ျပဳလုပ္ႏိုင္တာပါ။Wiley ဟာ သူေတြ႕သမွ်လူတိုင္းကိုခ်စ္ခင္ၿပီး သူငယ္ခ်င္းအသစ္ေတြရဖို႔အၿမဲစိတ္လႈပ္ရွားေနတတ္ပါတယ္။Wiley ကိုေလ့က်င့္ေပးရတာ အေတာ္ေလးလြယ္ကူၿပီး ပိုင္ရွင္ေတာင္းဆိုတဲ့စြန႔္စားမႈအဆန္းေတြကိုလည္းအေကာင္းဆုံးျဖစ္ေအာင္ တုံ႔ျပန္ေပးတတ္ပါေသးတယ္။Instagramမွာ Wileyရဲ႕လူသိမ်ားေက်ာ္ၾကားလာမႈေၾကာင့္ လူအမ်ားက လမ္းေပၚရွိ Dalmatian ေခြးအမ်ိဳးအစားေတြကိုသတိထားမိလာၾကပါတယ္။

လူေတာ္ေတာ္မ်ားမ်ားက အသည္းပုံႏွာေခါင္းနဲ႔ေခြးေလးကို သတိထားမိၾကေပမဲ့လည္း Dalmatian ေခြးအမ်ိဳးအစားကိုေတြ႕ဖို႔ ထိတ္လန႔္ေနေသးတဲ့လူေတြလည္းရွိေနပါတယ္။Smith မွာ ကိုယ္ပိုင္အေကာင့္တစ္ခုရွိေပမဲ့လည္း Wiley အားသီးသန႔္ထားေပးျခင္းက သူ႔ရဲ႕ဓာတ္ပုံအားလုံးကို သိုေလွာင္သိမ္းဆည္းႏိုင္ရန္နဲ႔ သူ႔ဘဝကို အရွိန္အဟုန္ျမႇင့္တက္လာေစရန္အတြက္ Wileyကိုအေကာင့္တစ္ခုဖြင့္ေပးဖို႔ Smith ကဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။”Wiley ရဲ႕အေကာင့္ ႀကီးထြားလာတာနဲ႔အမွ် ငါအၿမဲတမ္းအံ့ဩတုန္လႈပ္ခဲ့ေပမယ့္ အထူးသျဖင့္ အရမ္းေက်းဇူးတင္ေနမိခဲ့တယ္။ဒါက ေသခ်ာၿပီး ေပ်ာ္စရာေကာင္းတဲ့ စြန႔္စားမႈတစ္ခုျဖစ္ခဲ့ရတယ္။”လို႔ ဆိုထားပါေသးတယ္။ေခြးေလးရဲ႕ႏွာေခါင္းေပၚက အမွတ္အသားေလးက လုံးဝပုံက်ေနၿပီး တမင္ဆြဲထားသလိုျဖစ္ေနပါတယ္။အဲ့လို အမွတ္အသားေတြ ပုံက်ၿပီး ခ်စ္ဖို႔ေကာင္းေအာင္ ျဖစ္ေနေစတာက တိရိစာၦန္ေလးေတြမွာ အေတာ္ေလးကိုအျဖစ္ရွားပါတယ္။

3

4

5

6

7

8

9

10

11

12

13

15

16

17

18

19

Jasmine (Mckzoe Daily)

Source: boredpanda

Unicode

Wiley လို့ခေါ်တဲ့ ၁နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဖြူအနက်ကွက်ကြား ခွေးကလေးဟာ သူ့ရဲ့နှာခေါင်းပေါ်ကထူးခြားတဲ့အသည်းပုံ အမှတ်အသားကြောင့် အင်တာနက်ပေါ်မှာ လူသိများကျော်ကြားလာခဲ့ပါတယ်။Oklahoma ပြည်နယ်နဲ့Colorado ပြည်နယ်ကြားမှာ နေထိုင်တဲ့ အသက်၂၆နှစ်အရွယ် Lexi Smithဟာ ပြီးခဲ့တဲ့နှစ် Saint Patrickနေ့က လမ်းပေါ်တနေရာမှာ Wileyကိုတွေ့ခဲ့ပြီး ခွေးလေးရဲ့ချစ်စရာကောင်းပြီးထူးခြားတဲ့အမှတ်အသားကြောင့် ခွေးလေးကိုရွေးချယ်ခဲ့တာ မဟုတ်ဘဲ Wiley ဟာ သူ့ခန္ဓာကိုယ်ထဲက ကိုယ်ရည်ကိုယ်သွေးတွေကို စုစည်းထားတတ်ပြီး သူမတွေ့ဖူးခဲ့သမျှ ချစ်ဖို့ကောင်းတဲ့ခွေးလေးတွေထက် ပိုသာကာ အပြင်မှာလည်း ဓာတ်ပုံထဲကထက် ပိုချစ်ဖို့ကောင်းတယ်လို့ဆိုထားပါတယ်။Smithက”ကျွန်မတို့ Colorado မှာနေထိုင်ရတာဟာ အရမ်းကံကောင်းပြီး ကစားနိုင်ဖို့နဲ့စူးစမ်းဖို့ ကျယ်ဝန်းတဲ့အလှဆုံးနေရာတွေရှိတယ်။တောင်တက်ခြင်းက Wiley ရဲ့ အနှစ်သက်ဆုံး လှုပ်ရှားမှုတစ်ခုဖြစ်တယ်”လို့ ဆိုခဲ့ပါတယ်။

Wiley ဟာ ကားစီးရတာကိုအရမ်းကြိုက်ပြီး ကားရှေ့ထိုင်ခုံကနေ တွဲဖက်လေယာဉ်မှူးတစ်ယောက်လိုထိုင်ကာ လိုက်စီးတတ်သလို သူအိပ်ချင်လာရင်တော့ လူကိုအရမ်းတိုးဝှေ့ပူးကပ်တတ်ပါသေးတယ်။Wiley ဟာ (Dalmatian ခွေးအမျိုးအစားတွေမှာအဖြစ်များတဲ့စရိုက်) တခါတလေခေါင်းမာတတ်ပေမဲ့ သူ့ရဲ့စစ်မှန်တဲ့စရိုက်တစ်ခုကတော့ ပိုင်ရှင်ဖြစ်သူကို အဆက်မပြတ်ရယ်မောရအောင် ပြုလုပ်နိုင်တာပါ။Wiley ဟာ သူတွေ့သမျှလူတိုင်းကိုချစ်ခင်ပြီး သူငယ်ချင်းအသစ်တွေရဖို့အမြဲစိတ်လှုပ်ရှားနေတတ်ပါတယ်။Wiley ကိုလေ့ကျင့်ပေးရတာ အတော်လေးလွယ်ကူပြီး ပိုင်ရှင်တောင်းဆိုတဲ့စွန့်စားမှုအဆန်းတွေကိုလည်းအကောင်းဆုံးဖြစ်အောင် တုံ့ပြန်ပေးတတ်ပါသေးတယ်။Instagramမှာ Wileyရဲ့လူသိများကျော်ကြားလာမှုကြောင့် လူအများက လမ်းပေါ်ရှိ Dalmatian ခွေးအမျိုးအစားတွေကိုသတိထားမိလာကြပါတယ်။

လူတော်တော်များများက အသည်းပုံနှာခေါင်းနဲ့ခွေးလေးကို သတိထားမိကြပေမဲ့လည်း Dalmatian ခွေးအမျိုးအစားကိုတွေ့ဖို့ ထိတ်လန့်နေသေးတဲ့လူတွေလည်းရှိနေပါတယ်။Smith မှာ ကိုယ်ပိုင်အကောင့်တစ်ခုရှိပေမဲ့လည်း Wiley အားသီးသန့်ထားပေးခြင်းက သူ့ရဲ့ဓာတ်ပုံအားလုံးကို သိုလှောင်သိမ်းဆည်းနိုင်ရန်နဲ့ သူ့ဘဝကို အရှိန်အဟုန်မြှင့်တက်လာစေရန်အတွက် Wileyကိုအကောင့်တစ်ခုဖွင့်ပေးဖို့ Smith ကဆုံးဖြတ်ချက်ချခဲ့ပါတယ်။”Wiley ရဲ့အကောင့် ကြီးထွားလာတာနဲ့အမျှ ငါအမြဲတမ်းအံ့ဩတုန်လှုပ်ခဲ့ပေမယ့် အထူးသဖြင့် အရမ်းကျေးဇူးတင်နေမိခဲ့တယ်။ဒါက သေချာပြီး ပျော်စရာကောင်းတဲ့ စွန့်စားမှုတစ်ခုဖြစ်ခဲ့ရတယ်။”လို့ ဆိုထားပါသေးတယ်။ခွေးလေးရဲ့နှာခေါင်းပေါ်က အမှတ်အသားလေးက လုံးဝပုံကျနေပြီး တမင်ဆွဲထားသလိုဖြစ်နေပါတယ်။အဲ့လို အမှတ်အသားတွေ ပုံကျပြီး ချစ်ဖို့ကောင်းအောင် ဖြစ်နေစေတာက တိရိစ္ဆာန်လေးတွေမှာ အတော်လေးကိုအဖြစ်ရှားပါတယ်။

Jasmine (Mckzoe Daily)

  • Leave a Comment