အမႈိက္ေတြေလ်ာ့ခ်သြားေစဖို႔ ဌက္ေလးေတြအတြက္ ပုလင္းဖုံးကိုအစာနဲ႔လဲလွယ္ႏိုင္တဲ့စက္တစ္မ်ိဳး တီထြင္ေပးခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

တိရိစာၦန္ေတြ အဓိပၸါယ္ရွိတဲ့လွည့္ကြက္ေတြေလ့လာသင္ယူေနတာကိုျမင္ရျခင္းက ကြၽန္ေတာ္တို႔ရဲ႕စိတ္ကို ၾကည္ႏူးေစပါတယ္။ဥပမာ ေရခဲေသတၱာထဲက ဘီယာဘူးကို ယူလာေပးႏိုင္တဲ့ ေခြးေလးတစ္ေကာင္လိုေပါ့။ဒါေပမဲ့ ဒီေန႔ေခတ္ႀကီးမွာ အဲဒါေတြထက္ပိုေကာင္းတဲ့ နည္းလမ္းေတြကို စေတြးသင့္ပါတယ္။စက္႐ုပ္တီထြင္မႈနဲ႔ပတ္သက္တဲ့အလုပ္လုပ္ကိုင္ေနတဲ့ Hans Forsberg အမည္ရွိတဲ့ အမ်ိဳးသားဟာ ဟာ သူ႔ရဲ႕ဗဟုသုတေတြနဲ႔ အိမ္ေနာက္ေဖးမွာရွိတဲ့ ေတာ႐ိုင္းဌက္မိသားစုကို ေလ့က်င့္တဲ့အေနနဲ႔ အမႈိက္ေတြကိုအစာနဲ႔လဲလွယ္ႏိုင္တဲ့စက္တစ္လုံးကို တီထြင္ေပးခဲ့ပါတယ္။တစ္ေန႔မွာ Hansဟာ သူ႔အိမ္ေနာက္ေဖးက ေနထိုင္တာၾကာၿပီး အသက္ႀကီးပုံရတဲ့ ဌက္ဇနီးေမာင္ႏွံက အိမ္တံခါးအျပင္ဘက္ရွိရႈပ္ေထြးေနတဲ့ေသာ့ခေလာက္ေတြကို အေခ်ာင္ရဖို႔ေခ်ာင္းေနၾကတာကို ျမင္ခဲ့ၿပီးေနာက္ သူဟာအႀကံတစ္ခုရခဲ့ပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ က်ီးကန္းေတြလိုဘဲ သူတို႔လဲ ခိုးတာကို ႀကိဳက္ႏွစ္သက္ၾကၿပီး ဒါေပမဲ့ ဒီဌက္ေတြက ပိုအဓိပၸါယ္ရွိတဲ့အလုပ္ကို လုပ္ႏိုင္ၾကလိမ့္မယ္လို႔ ယုံၾကည္ေနခဲ့ပါတယ္။အဲတာနဲ႔ သူဟာ အင္တာနက္ေပၚမွာ ဘယ္သူမွ မလုပ္ဖူးေသးတဲ့ ဥယ်ာဥ္ပတ္ပတ္လည္မွာရွိတဲ့ အမႈိက္ေတြကို စုေဆာင္းႏိုင္ရန္ ဌက္ေလးေတြကို အစာနဲ႔အမႈိက္လဲလွယ္ဖို႔ ေလ့က်င့္ေပးႏိုင္တဲ့စက္ကိုတီထြင္ခဲ့ပါတယ္။အဲဒီစက္ထဲမွာ အဓိကအစိတ္အပိုင္းေတြနဲ႔လုပ္ငန္းစဥ္ေတြမ်ားစြာပါဝင္ေနပါတယ္။ပုလင္းဖုံးတစ္ခုကို ျပန္လည္အႏိုင္ျပဳႏိုင္တဲ့အေပါက္ထဲကို ထည့္လိုက္ရင္ ေျမပဲနဲ႔အျခားအစာေတြပါတဲ့ပုံးထဲရွိအစာေတြက ပိုက္ထဲကေနတဆင့္ ထြက္က်လာႏိုင္တာေၾကာင့္ ဌက္ေတြကိုပါ တခါတည္း ေလ့က်င့္သင္ၾကားေပးသလို ျဖစ္ေနပါတယ္။

အဆိုပါ စက္အနီးကို ကင္မရာနဲ႔တပ္ဆင္႐ိုက္ကူးထားတာေၾကာင့္ ဌက္ေတြရဲ႕ အိမ္အနီးအနားမွာရွိတဲ့ပုလင္းဖုံးေတြကို အစာနဲ႔လာလဲလွယ္ေနၾကတာကိုေတြ႕ရမွာပါ။အဲတာကို ၾကည့္ျခင္းအားျဖင့္ ဌက္ေလးေတြကလည္း မွတ္ဉာဏ္ေကာင္းတဲ့ သတၱဝါထဲပါဝင္ေနတာကို သိရွိနားလည္လိုက္ရမွာပါ။အဆိုပါဗီဒီယိုကို မွ်ေဝခဲ့ၿပီးေနာက္ Netizen ေတြက တအံ့တဩနဲ႔ ခ်ီးက်ဴးခဲ့ၾကၿပီး “စိတ္မေကာင္းစရာဘဲ ဌက္ေတြအဲ့ဒီလိုလုပ္ႏိုင္ေနတဲ့အခ်ိန္မွာ လူေတြက မလုပ္ႏိုင္ေနဘူး”၊အဲ့ဒီဌက္ေတြက အရမ္းေတာ္တာဘဲ ငါအေသအခ်ာေျပာႏိုင္တယ္သူတို႔က အိမ္နီးခ်င္းေတြထက္ ထက္ျမက္တယ္”စတဲ့ မွတ္ခ်က္မ်ားစြာ ေပးခဲ့ၾကပါေသးတယ္။အဲလိုစက္ကို စဥ္းစားတီထြင္ႏိုင္တဲ့ Hansကို ေလးစားမိသလို ဌက္ေလးေတြ ေတာ္ၿပီးထက္ျမက္ေနတာကိုလည္း ခ်ီးက်ဴးမိေနပါတယ္။

Jasmine (Mckzoe Daily)

Source: boredpanda

Unicode

တိရိစ္ဆာန်တွေ အဓိပ္ပါယ်ရှိတဲ့လှည့်ကွက်တွေလေ့လာသင်ယူနေတာကိုမြင်ရခြင်းက ကျွန်တော်တို့ရဲ့စိတ်ကို ကြည်နူးစေပါတယ်။ဥပမာ ရေခဲသေတ္တာထဲက ဘီယာဘူးကို ယူလာပေးနိုင်တဲ့ ခွေးလေးတစ်ကောင်လိုပေါ့။ဒါပေမဲ့ ဒီနေ့ခေတ်ကြီးမှာ အဲဒါတွေထက်ပိုကောင်းတဲ့ နည်းလမ်းတွေကို စတွေးသင့်ပါတယ်။စက်ရုပ်တီထွင်မှုနဲ့ပတ်သက်တဲ့အလုပ်လုပ်ကိုင်နေတဲ့ Hans Forsberg အမည်ရှိတဲ့ အမျိုးသားဟာ ဟာ သူ့ရဲ့ဗဟုသုတတွေနဲ့ အိမ်နောက်ဖေးမှာရှိတဲ့ တောရိုင်းဌက်မိသားစုကို လေ့ကျင့်တဲ့အနေနဲ့ အမှိုက်တွေကိုအစာနဲ့လဲလှယ်နိုင်တဲ့စက်တစ်လုံးကို တီထွင်ပေးခဲ့ပါတယ်။တစ်နေ့မှာ Hansဟာ သူ့အိမ်နောက်ဖေးက နေထိုင်တာကြာပြီး အသက်ကြီးပုံရတဲ့ ဌက်ဇနီးမောင်နှံက အိမ်တံခါးအပြင်ဘက်ရှိရှုပ်ထွေးနေတဲ့သော့ခလောက်တွေကို အချောင်ရဖို့ချောင်းနေကြတာကို မြင်ခဲ့ပြီးနောက် သူဟာအကြံတစ်ခုရခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ကျီးကန်းတွေလိုဘဲ သူတို့လဲ ခိုးတာကို ကြိုက်နှစ်သက်ကြပြီး ဒါပေမဲ့ ဒီဌက်တွေက ပိုအဓိပ္ပါယ်ရှိတဲ့အလုပ်ကို လုပ်နိုင်ကြလိမ့်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။အဲတာနဲ့ သူဟာ အင်တာနက်ပေါ်မှာ ဘယ်သူမှ မလုပ်ဖူးသေးတဲ့ ဥယျာဉ်ပတ်ပတ်လည်မှာရှိတဲ့ အမှိုက်တွေကို စုဆောင်းနိုင်ရန် ဌက်လေးတွေကို အစာနဲ့အမှိုက်လဲလှယ်ဖို့ လေ့ကျင့်ပေးနိုင်တဲ့စက်ကိုတီထွင်ခဲ့ပါတယ်။အဲဒီစက်ထဲမှာ အဓိကအစိတ်အပိုင်းတွေနဲ့လုပ်ငန်းစဉ်တွေများစွာပါဝင်နေပါတယ်။ပုလင်းဖုံးတစ်ခုကို ပြန်လည်အနိုင်ပြုနိုင်တဲ့အပေါက်ထဲကို ထည့်လိုက်ရင် မြေပဲနဲ့အခြားအစာတွေပါတဲ့ပုံးထဲရှိအစာတွေက ပိုက်ထဲကနေတဆင့် ထွက်ကျလာနိုင်တာကြောင့် ဌက်တွေကိုပါ တခါတည်း လေ့ကျင့်သင်ကြားပေးသလို ဖြစ်နေပါတယ်။

အဆိုပါ စက်အနီးကို ကင်မရာနဲ့တပ်ဆင်ရိုက်ကူးထားတာကြောင့် ဌက်တွေရဲ့ အိမ်အနီးအနားမှာရှိတဲ့ပုလင်းဖုံးတွေကို အစာနဲ့လာလဲလှယ်နေကြတာကိုတွေ့ရမှာပါ။အဲတာကို ကြည့်ခြင်းအားဖြင့် ဌက်လေးတွေကလည်း မှတ်ဉာဏ်ကောင်းတဲ့ သတ္တဝါထဲပါဝင်နေတာကို သိရှိနားလည်လိုက်ရမှာပါ။အဆိုပါဗီဒီယိုကို မျှဝေခဲ့ပြီးနောက် Netizen တွေက တအံ့တဩနဲ့ ချီးကျူးခဲ့ကြပြီး “စိတ်မကောင်းစရာဘဲ ဌက်တွေအဲ့ဒီလိုလုပ်နိုင်နေတဲ့အချိန်မှာ လူတွေက မလုပ်နိုင်နေဘူး”၊အဲ့ဒီဌက်တွေက အရမ်းတော်တာဘဲ ငါအသေအချာပြောနိုင်တယ်သူတို့က အိမ်နီးချင်းတွေထက် ထက်မြက်တယ်”စတဲ့ မှတ်ချက်များစွာ ပေးခဲ့ကြပါသေးတယ်။အဲလိုစက်ကို စဉ်းစားတီထွင်နိုင်တဲ့ Hansကို လေးစားမိသလို ဌက်လေးတွေ တော်ပြီးထက်မြက်နေတာကိုလည်း ချီးကျူးမိနေပါတယ်။

Jasmine (Mckzoe Daily)

  • Leave a Comment