သိန္းေထာင္ခ်ီေပးရတဲ့ ဇိမ္ခံကားႀကီးကို ျပသာနာေပးလြန္းလို႔ဆိုၿပီး မီး႐ႈိ့ဖ်က္ဆီးပစ္လိုက္တဲ့ Vlogger (႐ုပ္သံ)

႐ု႐ွားႏိုင္ငံက YouTuber တစ္ဦးဟာ သူ႔ရဲ႕ RM 696,000 ( ျမန္မာေငြ သိန္း 2ေထာင္ေက်ာ္) တန္ေၾကး႐ွိတဲ့ ဇိမ္ခံကားႀကီးက ျပသာနာေပးလြန္းလို႔ဆိုၿပီး ၊ ျပသာနာေျဖ႐ွင္းတဲ့ နည္းလမ္းအေနနဲ႔ အဆိုပါကားႀကီးကို မီး႐ႈိ့ဖ်က္ဆီးပစ္လိုက္ပါတယ္ ။ Mikhail Litivin အမည္႐ွိတဲ့ အဆိုပါအမ်ိဳးသားက ႐ု႐ွားဘာသာစကားအေနနဲ႔ ‘ Burn Burn Clear ‘ လို႔ အဓိပၸါယ္ရတဲ့ စာတစ္ေၾကာင္းကိုေရးသားၿပီး အဆိုပါ video ကို ၿပီးခဲ့တဲ့ October 24 ရက္ေန႔က YouTube မွာ ေဝမ်ွခဲ့ၿပီးေနာက္ 6ရက္အတြင္း ၾကည့္႐ႈသူေပါင္း 13,500,000 အထိ ရ႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ျဖစ္စဥ္ကေတာ့ Litivin က အဆိုပါကားကို လြန္ခဲ့တဲ့ 10 လခန္႔က ဝယ္ယူခဲ့တာျဖစ္ၿပီး ၊ ကားက အျမဲတမ္း ျပသာနာျဖစ္ေနခဲ့တာပါ ။ 10 လအတြင္း အဆိုပါကားကို မိုင္ႏႈန္း 15,000 KM သာ ေမာင္းခဲ့ရၿပီး ၊ ကား service centre ကို 4 ႀကိမ္ပို႔ခဲ့ရေၾကာင္း ၊ ေနာက္ဆံုးကားက ျပင္ဖို႔လံုးဝလိုအပ္ေနလို႔ ကားဝပ္ေ႐ွာ့ကိုလည္းပို႔ခဲ့ေသးေၾကာင္း သိရပါတယ္ ။

အဆိုပါကားေၾကာင့္ ေငြေၾကးကုန္က်စရိတ္ေတြ အေတာ္မ်ားခဲ့လို႔ ေနာက္ဆံုးကားကို ဓာတ္ဆီနဲ႔ေလာင္းၿပီး မီး႐ႈိ့ဖ်က္ဆီးပစ္ခဲ့ပါေတာ့တယ္ ။ ကားကိုမီး႐ႈိ့ေနခ်ိန္အတြင္းမွာလည္း Litivin က ဝက္အူေခ်ာင္းကိုသာ အားရပါးရစားေသာက္ေနခဲ့ၿပီး video အဆံုးသက္မွာေတာ့ သူ႔ရဲ႕ကားအေဟာင္းကိုသာစီးၿပီး အဆိုပါေနရာကေတာ့ ေအးေဆးတည္ၿငိမ္စြာထြက္ခြာသြားခဲ့ပါတယ္ ။

Jasmine (Mckzoe Daily)

Source: worldofbuzz

Unicode

ရုရှားနိုင်ငံက YouTuber တစ်ဦးဟာ သူ့ရဲ့ RM 696,000 ( မြန်မာငွေ သိန်း 2ထောင်ကျော်) တန်ကြေးရှိတဲ့ ဇိမ်ခံကားကြီးက ပြသာနာပေးလွန်းလို့ဆိုပြီး ၊ ပြသာနာဖြေရှင်းတဲ့ နည်းလမ်းအနေနဲ့ အဆိုပါကားကြီးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ် ။ Mikhail Litivin အမည်ရှိတဲ့ အဆိုပါအမျိုးသားက ရုရှားဘာသာစကားအနေနဲ့ ‘ Burn Burn Clear ‘ လို့ အဓိပ္ပါယ်ရတဲ့ စာတစ်ကြောင်းကိုရေးသားပြီး အဆိုပါ video ကို ပြီးခဲ့တဲ့ October 24 ရက်နေ့က YouTube မှာ ဝေမျှခဲ့ပြီးနောက် 6ရက်အတွင်း ကြည့်ရှုသူပေါင်း 13,500,000 အထိ ရရှိခဲ့ကြောင်း သိရှိရပါတယ် ။ ဖြစ်စဉ်ကတော့ Litivin က အဆိုပါကားကို လွန်ခဲ့တဲ့ 10 လခန့်က ဝယ်ယူခဲ့တာဖြစ်ပြီး ၊ ကားက အမြဲတမ်း ပြသာနာဖြစ်နေခဲ့တာပါ ။ 10 လအတွင်း အဆိုပါကားကို မိုင်နှုန်း 15,000 KM သာ မောင်းခဲ့ရပြီး ၊ ကား service centre ကို 4 ကြိမ်ပို့ခဲ့ရကြောင်း ၊ နောက်ဆုံးကားက ပြင်ဖို့လုံးဝလိုအပ်နေလို့ ကားဝပ်ရှော့ကိုလည်းပို့ခဲ့သေးကြောင်း သိရပါတယ် ။

အဆိုပါကားကြောင့် ငွေကြေးကုန်ကျစရိတ်တွေ အတော်များခဲ့လို့ နောက်ဆုံးကားကို ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတော့တယ် ။ ကားကိုမီးရှို့နေချိန်အတွင်းမှာလည်း Litivin က ဝက်အူချောင်းကိုသာ အားရပါးရစားသောက်နေခဲ့ပြီး video အဆုံးသက်မှာတော့ သူ့ရဲ့ကားအဟောင်းကိုသာစီးပြီး အဆိုပါနေရာကတော့ အေးဆေးတည်ငြိမ်စွာထွက်ခွာသွားခဲ့ပါတယ် ။

Jasmine (Mckzoe Daily)

  • Leave a Comment