သခင္ရဲ႕ အၿငိဳးႀကီးစြာ လက္စားေခ်ျခင္းကို ခံလိုက္ရတဲ့ ေခြးေလးေတြ

အိမ္ေမြးေခြးေလးေတြအေတာ္မ်ားမ်ားက ပစၥည္းေတြကို ကိုက္ဖ်က္တတ္တဲ့အက်င့္မ်ိဳး႐ွိၾကပါတယ္ ။ အထူးသျဖင့္ သခင္ျဖစ္သူေတြရဲ႕ အိမ္စီးဖိနပ္အပါးေလးေတြကို စီးစရာမ႐ွိေတာ့ေလာက္ေအာင္ ကိုက္ဖ်က္တတ္တာမ်ိဳးပါ ။ ဒီတစ္ေခါက္ေဖာ္ျပမဲ့ ေခြးေလးေတြကေတာ့ သခင္ျဖစ္သူ အရမ္းႀကိဳက္ႏွစ္သက္တဲ့ ဖိနပ္ကိုမွ ကိုက္ျဖဲမိခဲ့လို႔ ၊ သခင္ျဖစ္သူက အေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ရၿပီး အၿငိဳးႀကီးစြာ ေခြးေလးေတြရဲ႕ အႀကိဳက္ဆံုးအ႐ုပ္ေလးကိုမွ ျပန္ၿပီး ကိုက္ျဖဲဖ်က္ဆီးပစ္လိုက္ပါတယ္ ။ ေခြးေလးေတြမွာေတာ့ ကိုယ့္အမွားေၾကာင့္ အႀကိဳက္ဆံုး အ႐ုပ္ေလးဆံုး႐ႈံးလိုက္ရလို႔ မ်က္ႏွာတငယ္ေလးနဲ႔ ဝမ္းနည္းေနခဲ့ၾကပါေတာ့တယ္ ။ ေနာက္ဆို သခင့္ပစၥည္းေတြ မကိုက္ျဖဲရဲေလာက္ေတာ့ေအာင္ ေခြးေလးေတြက မွတ္မွတ္သားသား ျဖစ္ေနေလာက္ပါၿပီ ။

1

2

3

4

Jasmine (Mckzone Daily)

Source: 小回忆 Little Memories

Unicode

အိမ်မွေးခွေးလေးတွေအတော်များများက ပစ္စည်းတွေကို ကိုက်ဖျက်တတ်တဲ့အကျင့်မျိုးရှိကြပါတယ် ။ အထူးသဖြင့် သခင်ဖြစ်သူတွေရဲ့ အိမ်စီးဖိနပ်အပါးလေးတွေကို စီးစရာမရှိတော့လောက်အောင် ကိုက်ဖျက်တတ်တာမျိုးပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ခွေးလေးတွေကတော့ သခင်ဖြစ်သူ အရမ်းကြိုက်နှစ်သက်တဲ့ ဖိနပ်ကိုမှ ကိုက်ဖြဲမိခဲ့လို့ ၊ သခင်ဖြစ်သူက အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ရပြီး အငြိုးကြီးစွာ ခွေးလေးတွေရဲ့ အကြိုက်ဆုံးအရုပ်လေးကိုမှ ပြန်ပြီး ကိုက်ဖြဲဖျက်ဆီးပစ်လိုက်ပါတယ် ။ ခွေးလေးတွေမှာတော့ ကိုယ့်အမှားကြောင့် အကြိုက်ဆုံး အရုပ်လေးဆုံးရှုံးလိုက်ရလို့ မျက်နှာတငယ်လေးနဲ့ ဝမ်းနည်းနေခဲ့ကြပါတော့တယ် ။ နောက်ဆို သခင့်ပစ္စည်းတွေ မကိုက်ဖြဲရဲလောက်တော့အောင် ခွေးလေးတွေက မှတ်မှတ်သားသား ဖြစ်နေလောက်ပါပြီ ။

Jasmine (Mckzone Daily)

  • Leave a Comment