လမ်းသွားလမ်းလာတွေဆီကနေ အကြွေပြားစေ့လိုက်တောင်းပြီး စုဘူးထဲကို စုဆောင်းနေခဲ့တဲ့ ဌက်ကလေး



Jasmine (Mckzone Daily)

Source: nextshark

1

2

3

4

Unicode

တရုတ်နိုင်ငံ ပေကျင်းမြို့ရဲ့လူစည်ကားနေတဲ့လမ်းပေါ်က ငွေတွေကို ဘယ်လိုစုဆောင်းဖို့ ဝက်ရုပ်စုဘူးထဲကို ထည့်ပြနေတဲ့ လိမ္မာပါးနပ်တဲ့ဌက်လေးတစ်ကောင်ဟာ လမ်းသွားလမ်းလာတချို့ကို သွားနေရင်း ခနရပ်တန့်သွားအောင် လုပ်ခဲ့ပါတယ်။Daily Mail သတင်းအရ ကြည့်ရှုတဲ့ပရိသတ်အများအပြားဟာ ချစ်ဖို့ကောင်းတဲ့ဌက်လေးက သူတို့ရဲ့လက်ထဲရှိအကြွေပြားစေ့ကို နှုတ်သီးနဲ့ကောက်ယူပြီး ဝက်ရုပ်စုဘူးလေးထဲကို ထည့်နေတာကို စောင့်ကြည့်နေကြပြီး အမွေးထူထူသေးသေးလေးနဲ့အဆိုပါဌက်လေးဟာ ဘယ်လောက်ဘဲတန်ဖိုးမြင့်မြင့် ပိုက်ဆံစက္ကူရွက်ဖြစ်နေရင် မယူပါဘူး။

သူက ယွမ် ၅(ဒေါ်လာ ဝ.၇၆)ဒါမှမဟုတ် အဲဒီထက်တန်ဖိုးမြင့်တဲ့ ဒင်္ဂါးပြားတွေကိုသာ လက်ခံစုဆောင်းတာပါ။ပရိသတ်တွေထဲမှ အံ့ဩနေခဲ့တဲ့လူတစ်ဦးက ပိုင်ရှင်ဖြစ်သူအား ယွမ် ၁၀၀ကဲ့သို့ အကျိုးအမြတ်များများရစေမယ့်ငွေကို လိုက်တောင်းဖို့ ဌက်လေးကို လေ့ကျင့်ပေးကြည့်ပါလားလို့ နောက်ပြောင်ခဲ့ပါသေးတယ်။ဒါပေမဲ့ အဲ့နည်းလမ်းက ဘယ်လိုမှ ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။နောက်ထပ် လူတစ်ဦးက ဌက်ရဲ့စုဘူးထဲကို ပိုက်ဆံစက္ကူရွက်ထည့်ဖို့ ကြံခဲ့ပေးမဲ့ မအောင်မြင်ခဲ့ပါဘူး။အဆိုပါဌက်က “ငါစောင့်ရှောက်ပေးမယ်”လို့ စပြီးတုံ့ပြန်ခဲ့တဲ့အဲဒီလူကိုတောင် လျစ်လျူရှုထားခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment