သေဆုံးသွားခဲ့ချိန်ကျရင် မျက်ကြည်လွှာလှူဒါန်းချင်လွန်းလို့ပါဆိုတဲ့ ကင်ဆာရောဂါခံစားနေရတဲ့အမျိုးသမီးရဲ့ ဖြစ်ရပ်

လူတွေရဲ့ အသက်တွေကိုကယ်တင်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို မျက်မြင်ကိုယ်တွေ့တွေ့ရှိဖူးခဲ့ကြပြီလား ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံ ၊ Henan ပြည်နယ်မှာနေထိုင်တဲ့ Zhao အမည်ရှိတဲ့အမျိုးသမီးဟာလည်း တစ်ကယ့်လက်တွေ့ဘဝရဲ့ သူရဲကောင်းတစ်ဦးပါပဲ ။ သူမဟာ အမြဲတမ်းလိုလို သူမသေဆုံးသွားခဲ့ချိန်ကျရင် သူမရဲ့မျက်ကြည်လွှာကိုလှူ ဒါန်းပစ်လိုက်ဖို့ အမြဲစိတ်ဆန္ဒရှိနေသူပါ ။ သူမရဲ့ခင်ပွန်းဖြစ်သူ Mr.Li ၏ပြောဆိုချက်အရ သူမရဲ့ဆန္ဒကို ဖုန်းထဲမှာတောင်သိမ်းထားခဲ့သေးကြောင်း ပြောဆိုခဲ့ပါတယ် ။ သူမရဲ့ဆရာဝန်ကိုလည်း သူမရဲ့ဆန္ဒကိုပြောပြခဲ့လို့ ဆရာဝန်များကသူမကို မျက်ကြည်လွှာကျန်းမာနေစေဖို့ အမြဲမျက်စင်းခတ်ဆေးရည်ထည့်ပေးဖို့ အကြံပေးခဲ့ကြပါတယ် ။ ထို့ကြောင့် သူမဟာနေ့စဉ်နေ့တိုင် ဝေဒနာခံစားနေရရင်တောင်မှ မျက်စင်းခတ်ဆေးရည်ထည့်ခဲ့ပါတယ် ။ အထူးသဖြင့် သူမဘဝရဲ့နောက်ဆုံးအချိန်ကိုတောင်မှ မျက်စင်းခတ်ဆေးရည်ထည့်ခဲ့ပါသေးတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာလ 4 ရက်နေ့မှာတော့ Zhao ဟာကွယ်လွန်သွားခဲ့ပါတော့တယ် ။ ထို့ကြောင့် သူမရဲ့ခင်ပွန်းဟာဆေးရုံကိုအကြောင်းကြားပြီး သူမရဲ့မျက်ကြည်လွှာကိုလှူ ဒါန်းချင်ကြောင်း အကြောင်းကြားခဲ့ပါတယ် ။ နှစ်ရက်အကြာမှာတော့ သူမရဲ့မျက်ကြည်လွှာကို အခြားလူနာနှစ်ယောက်ဆီသို့ လွှဲပြောင်းပေးလိုက်တဲ့အတွက် အဆိုပါလူနာများဟာ ယခုချိန်မှာတော့ ကောင်းကောင်းပြန်မြင်နိုင်ပါပြီ ။

Mr.Li ဟာဇနီးဖြစ်သူရဲ့မျက်ကြည်လွှာကိုလက်ခံရရှိခဲ့တဲ့လူနာတစ်ယောက်ကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး ဇနီးဖြစ်သူရဲ့ဆန္ဒအမှန်တကယ်ပြည့်ဝသွားခဲ့ပုံကို ” ဒါက သူမရဲ့နောက်ဆုံးဆန္ဒပဲ ၊ သူမလုံးဝကျေနပ်သွားမှာ သေချာပါတယ် ” ဆိုပြီး ငိုကြွေးပြီးပြောဆိုခဲ့ပါတယ် ။ Mr.Li ရဲ့အကြောင်းကိုကြားသိကြပြီးနောက် လူအများက ကိုယ်အင်္ဂါလှူဒါန်းခြင်းဟာ လူပေါင်းမြောက်များစွာရဲ့အသက်ကိုကယ်တင်ပေးနိုင်သည့် မွန်မြတ်သောလှူ ဒါန်းခြင်းမျိုးဖြစ်သည့်အတွက် အတော်လေးအရေးပါကြောင်း လူတွေကိုပိုပြီးစိတ်ဝင်စားမှုဖြစ်စေခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

လူေတြရဲ႕ အသက္ေတြကိုကယ္တင္ေပးခဲ့ၾကတဲ့ သူရဲေကာင္းေတြကို မ်က္ျမင္ကိုယ္ေတြ႔ေတြ႔႐ွိဖူးခဲ့ၾကၿပီလား ။ ဒီတစ္ေခါက္မွာလည္း တ႐ုတ္ႏိုင္ငံ ၊ Henan ျပည္နယ္မွာေနထိုင္တဲ့ Zhao အမည္႐ွိတဲ့အမ်ိဳးသမီးဟာလည္း တစ္ကယ့္လက္ေတြ႔ဘဝရဲ႕ သူရဲေကာင္းတစ္ဦးပါပဲ ။ သူမဟာ အျမဲတမ္းလိုလို သူမေသဆံုးသြားခဲ့ခ်ိန္က်ရင္ သူမရဲ႕မ်က္ၾကည္လႊာကိုလွဴ ဒါန္းပစ္လိုက္ဖို႔ အျမဲစိတ္ဆႏၵ႐ွိေနသူပါ ။ သူမရဲ႕ခင္ပြန္းျဖစ္သူ Mr.Li ၏ေျပာဆိုခ်က္အရ သူမရဲ႕ဆႏၵကို ဖုန္းထဲမွာေတာင္သိမ္းထားခဲ့ေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သူမရဲ႕ဆရာဝန္ကိုလည္း သူမရဲ႕ဆႏၵကိုေျပာျပခဲ့လို႔ ဆရာဝန္မ်ားကသူမကို မ်က္ၾကည္လႊာက်န္းမာေနေစဖို႔ အျမဲမ်က္စင္းခတ္ေဆးရည္ထည့္ေပးဖို႔ အၾကံေပးခဲ့ၾကပါတယ္ ။ ထို႔ေၾကာင့္ သူမဟာေန႔စဥ္ေန႔တိုင္ ေဝဒနာခံစားေနရရင္ေတာင္မွ မ်က္စင္းခတ္ေဆးရည္ထည့္ခဲ့ပါတယ္ ။ အထူးသျဖင့္ သူမဘဝရဲ႕ေနာက္ဆံုးအခ်ိန္ကိုေတာင္မွ မ်က္စင္းခတ္ေဆးရည္ထည့္ခဲ့ပါေသးတယ္ ။

ၿပီးခဲ့တဲ့ စက္တင္ဘာလ 4 ရက္ေန႔မွာေတာ့ Zhao ဟာကြယ္လြန္သြားခဲ့ပါေတာ့တယ္ ။ ထို႔ေၾကာင့္ သူမရဲ႕ခင္ပြန္းဟာေဆးရံုကိုအေၾကာင္းၾကားၿပီး သူမရဲ႕မ်က္ၾကည္လႊာကိုလွဴ ဒါန္းခ်င္ေၾကာင္း အေၾကာင္းၾကားခဲ့ပါတယ္ ။ ႏွစ္ရက္အၾကာမွာေတာ့ သူမရဲ႕မ်က္ၾကည္လႊာကို အျခားလူနာႏွစ္ေယာက္ဆီသို႔ လႊဲေျပာင္းေပးလိုက္တဲ့အတြက္ အဆိုပါလူနာမ်ားဟာ ယခုခ်ိန္မွာေတာ့ ေကာင္းေကာင္းျပန္ျမင္ႏိုင္ပါၿပီ ။

Mr.Li ဟာဇနီးျဖစ္သူရဲ႕မ်က္ၾကည္လႊာကိုလက္ခံရရွိခဲ့တဲ့လူနာတစ္ေယာက္ကို ကိုယ္တိုင္သြားေရာက္ၾကည့္႐ႈခဲ့ၿပီး ဇနီးျဖစ္သူရဲ႕ဆႏၵအမွန္တကယ္ျပည့္ဝသြားခဲ့ပံုကို ” ဒါက သူမရဲ႕ေနာက္ဆံုးဆႏၵပဲ ၊ သူမလံုးဝေက်နပ္သြားမွာ ေသခ်ာပါတယ္ ” ဆိုၿပီး ငိုေႂကြးၿပီးေျပာဆိုခဲ့ပါတယ္ ။ Mr.Li ရဲ႕အေၾကာင္းကိုၾကားသိၾကၿပီးေနာက္ လူအမ်ားက ကိုယ္အဂၤါလႉဒါန္းျခင္းဟာ လူေပါင္းေျမာက္မ်ားစြာရဲ႕အသက္ကိုကယ္တင္ေပးႏိုင္သည့္ မြန္ျမတ္ေသာလွဴ ဒါန္းျခင္းမ်ိဳးျဖစ္သည့္အတြက္ အေတာ္ေလးအေရးပါေၾကာင္း လူေတြကိုပိုၿပီးစိတ္ဝင္စားမႈျဖစ္ေစခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "သေဆုံးသွားခဲ့ချိန်ကျရင် မျက်ကြည်လွှာလှူဒါန်းချင်လွန်းလို့ပါဆိုတဲ့ ကင်ဆာရောဂါခံစားနေရတဲ့အမျိုးသမီးရဲ့ ဖြစ်ရပ်"

Leave a comment

Your email address will not be published.


*