ေျမးမေလးရဲ့ဂ်င္းေဘာင္းဘီအျပဲကို ျပဲေနတယ္ထင္ၿပီး ေသခ်ာျပန္ဖာခ်ဳပ္ေပးခဲ့လို႔ နာမည္ႀကီးေနခဲ့တဲ့ အဖြားအို

ဂ်ပန္ဆယ္ေက်ာ္သက္မိန္းကေလးရဲ့ဂ်င္းေဘာင္းဘီဟာ အဖြားျဖစ္သူ လက္စြမ္းျပမွုေၾကာင့္ ရယ္စရာေကာင္းတဲ့ေဘာင္းဘီအသြင္ေျပာင္းသြားခဲ့ပါတယ္။၁၉၉၀ခုႏွစ္တုန္းက လူႀကိဳက္မ်ားခဲ့တဲ့ဂ်င္းေဘာင္းဘီကို ယေန႔ေခတ္မွာေတာ့ ဒူးေခါင္း၊ေပါင္ေပၚစတဲ့ ကိုယ္ႀကိဳက္တဲ့ေနရာမွာ တမင္ျဖဲၿပီး အေပါက္အျပဲေတြနဲ႔ေခတ္ေရစီးေၾကာင္းအရ ဝတ္ဆင္လာၾကတာကို သိၾကမွာပါ။ဂ်ပန္Twitter အသုံးျပဳသူ Tomomiဆိုတဲ့ မိန္းကေလးဟာ ေခတ္မီတဲ့ဖက္ရွင္ေရစီးေၾကာင္းေနာက္ကို အမီလိုက္နိုင္သူတစ္ဦးပါ။ဒါေပမဲ့ Tomomiရဲ့အဖြား Shizuက သူမရဲ့ဂ်င္းေဘာင္းဘီအျပဲကို ျပဲေနတယ္လို့ထင္ၿပီး သူမအတြက္ ေသေသခ်ာခ်ာေလး ဖာခ်ဳပ္ေပးခဲ့ပါတယ္။ျပဲေနတဲ့အေပါက္ရဲ့ေဘးအနားေအာက္ကို အထည္စေလးနဲ႔ ေဖာက္မျမင္ရေအာင္ ေသခ်ာခ်ဴပ္ထားတာကို ေတြ႕ရမွာပါ။

ေဘာင္းဘီကိုျမင္ၿပီး ရယ္ေနခဲ့တဲ့Tomomi က အဖြားနဲ႔သူနဲ႔တြဲရိုက္ထားတဲ့ပုံနဲ႔ဖာထားတဲ့ေဘာင္းဘီပုံကို Twitter ေပၚတင္ခဲ့ၿပီးေနာက္ မၾကာမီမွာဘဲ ျပန္shareေပးတဲ့လူမ်ားလာၿပီး လူသိမ်ားသြားခဲ့ပါတယ္။သူမရဲ့အဖြားျဖစ္သူကခ်က္ခ်င္း social media မွာ နာမည္ႀကီးသြားတာေၾကာင့္ အဖြားမွာ ေပ်ာ္လည္းေပ်ာ္ေနၿပီး နည္းနည္းလည္းရွက္ေနခဲ့တယ္လို့ Tomomi ကဆိုပါတယ္။အဖြား Shizuက trending အသစ္တစ္ခုကိုလုပ္လိုက္တယ္လို့ထင္ပါသလား၊ဒါေပမဲ့ ဂ်င္းေဘာင္းဘီဖာေပးခဲ့တာကိုၾကည့္ရင္ေတာ့ သူ႔ေျမးမေလးကို ဘယ္ေလာက္ခ်စ္ေနလိုက္မလဲဆိုတာကို ခန္႔မွန္းနိုင္ၾကမွာပါ။အတို၊အျပဲ၊အေပါက္ေတြေပးမဝတ္တတ္တဲ့ အိမ္ကအေမ၊အေဖေတြလိုေပါ့။

Jasmine (Mckzone Daily)

Source: nextshark

Unicode

ဂျပန်ဆယ်ကျော်သက်မိန်းကလေးရဲ့ဂျင်းဘောင်းဘီဟာ အဖွားဖြစ်သူ လက်စွမ်းပြမှုကြောင့် ရယ်စရာကောင်းတဲ့ဘောင်းဘီအသွင်ပြောင်းသွားခဲ့ပါတယ်။၁၉၉၀ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ဂျင်းဘောင်းဘီကို ယနေ့ခေတ်မှာတော့ ဒူးခေါင်း၊ပေါင်ပေါ်စတဲ့ ကိုယ်ကြိုက်တဲ့နေရာမှာ တမင်ဖြဲပြီး အပေါက်အပြဲတွေနဲ့ခေတ်ရေစီးကြောင်းအရ ဝတ်ဆင်လာကြတာကို သိကြမှာပါ။ဂျပန်Twitter အသုံးပြုသူ Tomomiဆိုတဲ့ မိန်းကလေးဟာ ခေတ်မီတဲ့ဖက်ရှင်ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်သူတစ်ဦးပါ။ဒါပေမဲ့ Tomomiရဲ့အဖွား Shizuက သူမရဲ့ဂျင်းဘောင်းဘီအပြဲကို ပြဲနေတယ်လို့ထင်ပြီး သူမအတွက် သေသေချာချာလေး ဖာချုပ်ပေးခဲ့ပါတယ်။ပြဲနေတဲ့အပေါက်ရဲ့ဘေးအနားအောက်ကို အထည်စလေးနဲ့ ဖောက်မမြင်ရအောင် သေချာချူပ်ထားတာကို တွေ့ရမှာပါ။

ဘောင်းဘီကိုမြင်ပြီး ရယ်နေခဲ့တဲ့Tomomi က အဖွားနဲ့သူနဲ့တွဲရိုက်ထားတဲ့ပုံနဲ့ဖာထားတဲ့ဘောင်းဘီပုံကို Twitter ပေါ်တင်ခဲ့ပြီးနောက် မကြာမီမှာဘဲ ပြန်shareပေးတဲ့လူများလာပြီး လူသိများသွားခဲ့ပါတယ်။သူမရဲ့အဖွားဖြစ်သူကချက်ချင်း social media မှာ နာမည်ကြီးသွားတာကြောင့် အဖွားမှာ ပျော်လည်းပျော်နေပြီး နည်းနည်းလည်းရှက်နေခဲ့တယ်လို့ Tomomi ကဆိုပါတယ်။အဖွား Shizuက trending အသစ်တစ်ခုကိုလုပ်လိုက်တယ်လို့ထင်ပါသလား၊ဒါပေမဲ့ ဂျင်းဘောင်းဘီဖာပေးခဲ့တာကိုကြည့်ရင်တော့ သူ့မြေးမလေးကို ဘယ်လောက်ချစ်နေလိုက်မလဲဆိုတာကို ခန့်မှန်းနိုင်ကြမှာပါ။အတို၊အပြဲ၊အပေါက်တွေပေးမဝတ်တတ်တဲ့ အိမ်ကအမေ၊အဖေတွေလိုပေါ့။

Jasmine (Mckzone Daily)

  • Leave a Comment