တခ်ိဳ့အိမ္ေမြးေခြးေတြက ေနရာမေရြးဘဲ အစုံအိပ္တတ္ၾကေပမဲ့ ဂ်ပန္နိုင္ငံ Aomoriၿမိဳ့က Yuki Chan လိုေခၚတဲ့ေခြးမေလးကေတာ့ မုန္႔ထုပ္ေတြနဲ႔တူတဲ့အိပ္ရာတစ္မ်ိဳးတည္းကိုနဲ႔မွ အိပ္တတ္တာပါ။၃ႏွစ္အရြယ္Yukiေလးက အာလူးထုပ္ေစာင္ကအစ ေခါက္ဆြဲဘူးအိပ္ရာ၊တိုဖူးေခါင္းအုံးေတြနဲ႔မွ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တတ္ၿပီး လူအမ်ားစုက ဒီခ်စ္ဖို့ေကာင္းတဲ့ေခြးမေလးကို အၾကည့္မခြါခ်င္ၾကပါဘူး။ပိုင္ရွင္က သူ႔အတြက္ Twitter မွာ pageတစ္ခုဖြင့္ေပးထားၿပီး ကမၻာတစ္ဝွမ္းကပရိသတ္အခိုင္အမာလည္း ရရွိထားပါတယ္။
Yukiေလးက ခ်စ္ဖို့ေကာင္း႐ုံသာမက အလြန္သစၥာရွိတဲ့စရိုက္ေလးလည္း ရွိေနပါတယ္။ ကမၻာတစ္ဝွမ္းက ပရိသတ္ေတြက သူ႔ရဲ့ခ်စ္စရာေကာင္းတဲ့ကိုယ္ေနကိုယ္ဟန္ေၾကာင့္ ပိုသေဘာက်ၾကၿပီး Yukiေလးပုံေတြထဲမွာမွ မုန္႔ထုပ္ေတြထဲမွာအိပ္ေနတဲ့ပုံက လူႀကိဳက္အမ်ားဆုံးပုံပါ။ဘာလို့ဆိုေတာ့ သူ႔အေရာင္က မုန္႔ထုပ္နဲ႔ ဆင္တူေနပုံရၿပီး သူအိပ္ေပ်ာ္ေနတဲ့႐ုပ္ေလးကလည္း အရမ္းခ်စ္ဖို့ေကာင္းေနလို့ပါ။Yukiေလးကို ေန႔တိုင္းလည္း သန္႔ရွင္းေရးလုပ္ေပးရၿပီး ႐ုပ္ပိုင္းဆိုင္ရာ တက္ႂကြေနဖို့အတြက္ က်န္းမာေရးက အဓိကအေရးႀကီးတာေၾကာင့္ ပိုင္ရွင္ျဖစ္သူက မနက္တစ္ေခါက္ ညတစ္ေခါက္ ေလညင္းခံလမ္းေလၽွာက္ထြက္ေခၚေလ့ရွိပါေသးတယ္။သူအရမ္းႀကိဳက္တဲ့ အိပ္ရာခင္းေတြထဲ အိပ္ေပ်ာ္ေနခဲ့တဲ့ Yukiေလးရဲ့ ဓာတ္ပုံေလးေတြကိုလည္း ဆက္လက္ၾကည့္ရွုလိုက္ၾကပါအုန္း။
1
2
3
4
5
6
7
8
Jasmine (Mckzone Daily)
Source: boredpanda
Unicode
တချို့အိမ်မွေးခွေးတွေက နေရာမရွေးဘဲ အစုံအိပ်တတ်ကြပေမဲ့ ဂျပန်နိုင်ငံ Aomoriမြို့က Yuki Chan လိုခေါ်တဲ့ခွေးမလေးကတော့ မုန့်ထုပ်တွေနဲ့တူတဲ့အိပ်ရာတစ်မျိုးတည်းကိုနဲ့မှ အိပ်တတ်တာပါ။၃နှစ်အရွယ်Yukiလေးက အာလူးထုပ်စောင်ကအစ ခေါက်ဆွဲဘူးအိပ်ရာ၊တိုဖူးခေါင်းအုံးတွေနဲ့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်ပြီး လူအများစုက ဒီချစ်ဖို့ကောင်းတဲ့ခွေးမလေးကို အကြည့်မခွါချင်ကြပါဘူး။ပိုင်ရှင်က သူ့အတွက် Twitter မှာ pageတစ်ခုဖွင့်ပေးထားပြီး ကမ္ဘာတစ်ဝှမ်းကပရိသတ်အခိုင်အမာလည်း ရရှိထားပါတယ်။
Yukiလေးက ချစ်ဖို့ကောင်းရုံသာမက အလွန်သစ္စာရှိတဲ့စရိုက်လေးလည်း ရှိနေပါတယ်။ ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေက သူ့ရဲ့ချစ်စရာကောင်းတဲ့ကိုယ်နေကိုယ်ဟန်ကြောင့် ပိုသဘောကျကြပြီး Yukiလေးပုံတွေထဲမှာမှ မုန့်ထုပ်တွေထဲမှာအိပ်နေတဲ့ပုံက လူကြိုက်အများဆုံးပုံပါ။ဘာလို့ဆိုတော့ သူ့အရောင်က မုန့်ထုပ်နဲ့ ဆင်တူနေပုံရပြီး သူအိပ်ပျော်နေတဲ့ရုပ်လေးကလည်း အရမ်းချစ်ဖို့ကောင်းနေလို့ပါ။Yukiလေးကို နေ့တိုင်းလည်း သန့်ရှင်းရေးလုပ်ပေးရပြီး ရုပ်ပိုင်းဆိုင်ရာ တက်ကြွနေဖို့အတွက် ကျန်းမာရေးက အဓိကအရေးကြီးတာကြောင့် ပိုင်ရှင်ဖြစ်သူက မနက်တစ်ခေါက် ညတစ်ခေါက် လေညင်းခံလမ်းလျှောက်ထွက်ခေါ်လေ့ရှိပါသေးတယ်။သူအရမ်းကြိုက်တဲ့ အိပ်ရာခင်းတွေထဲ အိပ်ပျော်နေခဲ့တဲ့ Yukiလေးရဲ့ ဓာတ်ပုံလေးတွေကိုလည်း ဆက်လက်ကြည့်ရှုလိုက်ကြပါအုန်း။
Jasmine (Mckzone Daily)