ခါးနာလို႔ စစ္ေဆးၾကည့္လိုက္ေတာ့ ပုံမွန္မဟုတ္ဘဲ ရွားပါးေမြးရာပါ ေက်ာက္ကပ္သုံးခုပါ႐ွိေနခဲ့တဲ့ အမ်ိဳးသား

အသက္ ၃၈ႏွစ္အရြယ္အမ်ိဳးသားတစ္ဦးဟာ ခါးေနာက္ေက်ာနာက်င္ကိုက္ခဲေနတာေၾကာင့္ Brazilနိုင္ငံ São Pauloၿမိဳ့က Do Rimေဆး႐ုံမွာ ဆရာဝန္နဲ႔တိုင္ပင္ၿပီး သူ႔ေရာဂါျဖစ္ပြါးရတဲ့အေၾကာင္းအရင္းကို သိရဖို့ အထရာေဆာင္းရိုက္ၾကည့္လိုက္ေတာ့ ဆရာဝန္ေတြက ပုံမွန္မဟုတ္ဘဲ မူမမွန္ျဖစ္ေနတဲ့ ေက်ာက္ကပ္ကိုေတြ႕ရွိခဲ့ၾကပါတယ္။အဆိုပါအမ်ိဳးသားမွာ ေမြးရာပါေက်ာက္ကပ္သုံးခုရွိေနခဲ့တာပါ။ပုံမွန္ကိုက္ခဲျခင္းေၾကာင့္မဟုတ္ဘဲ အဆိုပါ ပိုေနတဲ့ ေက်ာက္ကပ္ေၾကာင့္ သူတစ္ခ်ိန္လုံးနာက်င္ကိုက္ခဲေနခဲ့ရတာပါ။သူ႔ရဲ့(CT)scanအေျဖရလဒ္အရ ခါးပိုင္း lumbar 4(L4)နဲ႔ lumbar 5(L5)ၾကားမွာ အဝိုင္းခ်ပ္တစ္ခုက ရွိေနခဲ့တာပါ။

ပုံမွန္ဆို ေက်ာက္ကပ္ႏွစ္ဖက္စလုံးဆီက သူတို့နဲ႔သက္ဆိုင္တဲ့ureterပိုက္တစ္ေခ်ာင္းဆီကို ဆီးအိမ္နဲ႔ဆက္ထားေပမဲ့ အဆိုပါအမ်ိဳးသားမွာေတာ့ ဘက္ဖက္ေက်ာက္ကပ္က ureterပိုက္ေခ်ာင္းက ဘယ္ဖက္ဆီးအိမ္နဲ႔ဆက္ေနတာမွန္ေပမဲ့ အလားတူ ပိုေနတဲ့ေက်ာက္ကပ္ရဲ့ပိုက္ေခ်ာင္းကလည္း ဘယ္ဖက္ဆီးအိမ္နဲ႔ ခ်ိတ္ဆက္ေနၿပီး ညာဖက္တင္ပါးဆုံအေပၚကေက်ာက္ကပ္ရဲ့ပိုက္ေခ်ာင္းေတာ့ ပုံမွန္တိုင္း ညာဖက္ဆီးအိမ္နဲ႔ခ်ိတ္ဆက္ေနေၾကာင္း ေဒါက္တာ Jose O နဲ႔ ေဒါက္တာ Renato D Foresto တို့က New Englandေဆးပညာဂ်ာနယ္မွာ ရွင္းျပခဲ့ပါတယ္။သူ႔ရဲ့ဘယ္ဖက္ေက်ာက္ကပ္ပုံတူပြါးရျခင္းက အခ်ိန္မတိုင္မီ ဘယ္ဖက္ဥသေႏၶသားေလာင္းကို ခြဲထုတ္ခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း ဆရာဝန္ေတြရဲ့ေရးသားထားတဲ့ေဆးမွတ္တမ္းအရ သိရွိရပါတယ္။

ေဆးပညာဆိုင္ရာစာေပေတြမွာ အဲ့ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး အစီရင္ခံစာ ၁၀၀နီးပါးရွိခဲ့ၿပီး အဖ်ား၊ေသြးတိုး၊ဝမ္းဗိုက္ပိုင္းအဆင္မေျပမွု သို့မဟုတ္ ေထြျပားတဲ့အစုလိုက္ေရာဂါလကၡဏာေတြခံစားရတတ္ေၾကာင္း NCBIကဆိုထားပါတယ္။ေဒါက္တာ Forestoက ဒီလိုအျဖစ္မ်ိဳးတစ္ခါမွ မၾကဳံဖူးသလို လူနာရဲ့က်န္းမာေရး တခုခုမွားယြင္းေနတယ္လို့ စိုးရိမ္ၿပီးေဆးစစ္ခဲ့ၿပီးေနာက္ ရလဒ္က အေတာ္ေလးအံ့ဩခဲ့ရၿပီး လူနာကလည္း ခါးနာတာကလႊဲလို့ သူ႔ရဲ့ေက်ာက္ကပ္လုပ္ေဆာင္မွုက ပုံမွန္ဘဲျဖစ္ေနခဲ့တယ္လို့ IFL Scienceကို ေျဖၾကားထားပါတယ္။ဒါေၾကာင့္ တစ္ခုခုေနထိုင္မေကာင္းျဖစ္လာရင္ ေဆး႐ုံခ်က္ခ်င္းသြားစစ္ေဆးသင့္ပါတယ္။

Jasmine (Mckzone Daily)

Source: elitereaders

Unicode

အသက် ၃၈နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ခါးနောက်ကျောနာကျင်ကိုက်ခဲနေတာကြောင့် Brazilနိုင်ငံ São Pauloမြို့က Do Rimဆေးရုံမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး သူ့ရောဂါဖြစ်ပွါးရတဲ့အကြောင်းအရင်းကို သိရဖို့ အထရာဆောင်းရိုက်ကြည့်လိုက်တော့ ဆရာဝန်တွေက ပုံမှန်မဟုတ်ဘဲ မူမမှန်ဖြစ်နေတဲ့ ကျောက်ကပ်ကိုတွေ့ရှိခဲ့ကြပါတယ်။အဆိုပါအမျိုးသားမှာ မွေးရာပါကျောက်ကပ်သုံးခုရှိနေခဲ့တာပါ။ပုံမှန်ကိုက်ခဲခြင်းကြောင့်မဟုတ်ဘဲ အဆိုပါ ပိုနေတဲ့ ကျောက်ကပ်ကြောင့် သူတစ်ချိန်လုံးနာကျင်ကိုက်ခဲနေခဲ့ရတာပါ။သူ့ရဲ့(CT)scanအဖြေရလဒ်အရ ခါးပိုင်း lumbar 4(L4)နဲ့ lumbar 5(L5)ကြားမှာ အဝိုင်းချပ်တစ်ခုက ရှိနေခဲ့တာပါ။

ပုံမှန်ဆို ကျောက်ကပ်နှစ်ဖက်စလုံးဆီက သူတို့နဲ့သက်ဆိုင်တဲ့ureterပိုက်တစ်ချောင်းဆီကို ဆီးအိမ်နဲ့ဆက်ထားပေမဲ့ အဆိုပါအမျိုးသားမှာတော့ ဘက်ဖက်ကျောက်ကပ်က ureterပိုက်ချောင်းက ဘယ်ဖက်ဆီးအိမ်နဲ့ဆက်နေတာမှန်ပေမဲ့ အလားတူ ပိုနေတဲ့ကျောက်ကပ်ရဲ့ပိုက်ချောင်းကလည်း ဘယ်ဖက်ဆီးအိမ်နဲ့ ချိတ်ဆက်နေပြီး ညာဖက်တင်ပါးဆုံအပေါ်ကကျောက်ကပ်ရဲ့ပိုက်ချောင်းတော့ ပုံမှန်တိုင်း ညာဖက်ဆီးအိမ်နဲ့ချိတ်ဆက်နေကြောင်း ဒေါက်တာ Jose O နဲ့ ဒေါက်တာ Renato D Foresto တို့က New Englandဆေးပညာဂျာနယ်မှာ ရှင်းပြခဲ့ပါတယ်။သူ့ရဲ့ဘယ်ဖက်ကျောက်ကပ်ပုံတူပွါးရခြင်းက အချိန်မတိုင်မီ ဘယ်ဖက်ဥသန္ဓေသားလောင်းကို ခွဲထုတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဆရာဝန်တွေရဲ့ရေးသားထားတဲ့ဆေးမှတ်တမ်းအရ သိရှိရပါတယ်။

ဆေးပညာဆိုင်ရာစာပေတွေမှာ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး အစီရင်ခံစာ ၁၀၀နီးပါးရှိခဲ့ပြီး အဖျား၊သွေးတိုး၊ဝမ်းဗိုက်ပိုင်းအဆင်မပြေမှု သို့မဟုတ် ထွေပြားတဲ့အစုလိုက်ရောဂါလက္ခဏာတွေခံစားရတတ်ကြောင်း NCBIကဆိုထားပါတယ်။ဒေါက်တာ Forestoက ဒီလိုအဖြစ်မျိုးတစ်ခါမှ မကြုံဖူးသလို လူနာရဲ့ကျန်းမာရေး တခုခုမှားယွင်းနေတယ်လို့ စိုးရိမ်ပြီးဆေးစစ်ခဲ့ပြီးနောက် ရလဒ်က အတော်လေးအံ့ဩခဲ့ရပြီး လူနာကလည်း ခါးနာတာကလွှဲလို့ သူ့ရဲ့ကျောက်ကပ်လုပ်ဆောင်မှုက ပုံမှန်ဘဲဖြစ်နေခဲ့တယ်လို့ IFL Scienceကို ဖြေကြားထားပါတယ်။ဒါကြောင့် တစ်ခုခုနေထိုင်မကောင်းဖြစ်လာရင် ဆေးရုံချက်ချင်းသွားစစ်ဆေးသင့်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment