ဘုရားေက်ာင္းဝန္းမွာ ဖင္ေျပာင္နဲ႔ဓာတ္ပုံရိုက္တင္ခဲ့ၿပီးေနာက္ အခ်ဳပ္ထဲေရာက္သြားခဲ့ရတဲ့ gayစုံတြဲ

လူသိမ်ားတဲ့ “Traveling _Butts”အေကာင့္ပဲ့ကိုင္ရွင္ Travisနဲ႔ Joseph Dasilvaဆိုတဲ့အေမရိကန္gayစုံတြဲဟာ ထိုင္းနိုင္ငံမွာ ျပည္ႏွင္ဒဏ္ေပးခံလိုက္ရပါတယ္။သူတို့စုံတြဲရဲ့ အရင္းႏွီးဆုံးသူငယ္ခ်င္း Robert Rodriguezက ထိုင္းနိုင္ငံ Don Mueangအျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ အဖမ္းခံထားရၿပီးေနာက္ ႏွစ္ရက္ေျမာက္ေန႔မွာ သူတို့နဲ႔ စကားေျပာခဲ့ရၿပီး သူတို့က အဆင္ေျပေနေပမဲ့ အနည္းငယ္ေၾကာက္ေနေၾကာင္း ဆိုထားပါတယ္။အေၾကာင္းက သူတို့စုံတြဲဟာ ထိုင္းနိုင္ငံရွိ တန္ခိုးႀကီးျမင့္ျမတ္တဲ့ဘုရားေက်ာင္းေတြ အထူးသျဖင့္ အာ႐ုံဦးရဲ့ဘုရားေက်ာင္းေတာ္လို့ေခၚတဲ့ Wat Arunမွာ ဖင္ေျပာင္နဲ႔ဓာတ္ပုံရိုက္တင္ခဲ့ၿပီးေနာက္ အဆိုပါ႐ုပ္ပံုေတြဟာ ထိုင္းမွာပ်ံ႕ႏွံ့သြားတာေၾကာင့္ ရဲအရာရွိေတြက အဆိုပါစုံတြဲနိုင္ငံျပန္မဲ့ေန႔ ေလဆိပ္မွာတင္ ဖမ္းဆီးကာ အခ်ဳပ္ထဲထည့္ခဲ့ၾကပါတယ္။

၃၈ႏွစ္အရြယ္ Josephနဲ႔ ၃၆ႏွစ္အရြယ္ Travisတို့ဟာ အခ်ဳပ္ထဲမွာ အစပိုင္း ဒဏ္ေငြ ဘတ္ ၅,၀၀၀(ေဒၚလာ ၁၅၃)ေပးေဆာင္ခဲ့ရၿပီး စစ္ေဆးမွုအၿပီးမွာေတာ့ သူတို့စုံတြဲဟာ အျမင္မေတာ္တဲ့ရာဇဝတ္မွုေတြက်ဴးလြန္ခဲ့တာေၾကာင့္ ထိုင္းနိုင္ငံမွာ ႏွစ္ေပါင္းမ်ားစြာ ျပင္းထန္တဲ့ ျပစ္ဒဏ္ခ်မွတ္ခံရနိုင္ေၾကာင္း သတင္းေတြၾကားသိခဲ့ရပါတယ္။

ဒါမဲ့ ၅ရက္ေျမာက္ေန႔မွာေတာ့ ထိုင္းတရား႐ုံးက အဆိုပါစုံတြဲအား စြဲခ်က္တင္ျခင္းကို ပယ္ဖ်က္ေပးဖို့ ဆုံးျဖတ္ခ်က္ထုတ္ျပန္ခဲ့ၿပီး ျပည္ႏွင္ဒဏ္ေပးဖို့အတြက္ သူတို့စုံတြဲကို လူဝင္မွုႀကီးၾကပ္ေရးဌာနသို့ ျပန္လည္ပို့ေဆာင္ေပးခဲ့ၾကပါတယ္။သူတို့စုံတြဲဟာ နိုင္ငံတကာကို ခရီးသြားရင္း ဖင္ေျပာင္နဲ႔ဓာတ္ပုံရိုက္ခဲ့သမၽွ ျပႆနာမရွိခဲ့ေပမဲ့ ဗုဒၶဘာသာနိုင္ငံမွဘဲ မေရာက္စဖူးအခ်ဳပ္ထဲလည္းေရာက္သြားခဲ့ရၿပီး ျပည္ႏွင္ဒဏ္ပါတစ္ခါတည္း ရသြားခဲ့ရပါေတာ့တယ္။စိတ္ဝင္စားစရာတစ္ခုက online မွာ ေက်ာ္ၾကားေနတဲ့အဆိုပါ “Traveling _Butts”အေကာင့္က သူတို့နဲ႔မသက္ဆိုင္ေၾကာင္း Travisကဆိုထားခဲ့ပါေသးတယ္။

Jasmine (Mckzone Daily)

Source: nextshark

Unicode

လူသိများတဲ့ “Traveling _Butts”အကောင့်ပဲ့ကိုင်ရှင် Travisနဲ့ Joseph Dasilvaဆိုတဲ့အမေရိကန်gayစုံတွဲဟာ ထိုင်းနိုင်ငံမှာ ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။သူတို့စုံတွဲရဲ့ အရင်းနှီးဆုံးသူငယ်ချင်း Robert Rodriguezက ထိုင်းနိုင်ငံ Don Mueangအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဖမ်းခံထားရပြီးနောက် နှစ်ရက်မြောက်နေ့မှာ သူတို့နဲ့ စကားပြောခဲ့ရပြီး သူတို့က အဆင်ပြေနေပေမဲ့ အနည်းငယ်ကြောက်နေကြောင်း ဆိုထားပါတယ်။အကြောင်းက သူတို့စုံတွဲဟာ ထိုင်းနိုင်ငံရှိ တန်ခိုးကြီးမြင့်မြတ်တဲ့ဘုရားကျောင်းတွေ အထူးသဖြင့် အာရုံဦးရဲ့ဘုရားကျောင်းတော်လို့ခေါ်တဲ့ Wat Arunမှာ ဖင်ပြောင်နဲ့ဓာတ်ပုံရိုက်တင်ခဲ့ပြီးနောက် အဆိုပါရုပ်ပုံတွေဟာ ထိုင်းမှာပျံ့နှံ့သွားတာကြောင့် ရဲအရာရှိတွေက အဆိုပါစုံတွဲနိုင်ငံပြန်မဲ့နေ့ လေဆိပ်မှာတင် ဖမ်းဆီးကာ အချုပ်ထဲထည့်ခဲ့ကြပါတယ်။

၃၈နှစ်အရွယ် Josephနဲ့ ၃၆နှစ်အရွယ် Travisတို့ဟာ အချုပ်ထဲမှာ အစပိုင်း ဒဏ်ငွေ ဘတ် ၅,၀၀၀(ဒေါ်လာ ၁၅၃)ပေးဆောင်ခဲ့ရပြီး စစ်ဆေးမှုအပြီးမှာတော့ သူတို့စုံတွဲဟာ အမြင်မတော်တဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကြောင့် ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ခံရနိုင်ကြောင်း သတင်းတွေကြားသိခဲ့ရပါတယ်။

ဒါမဲ့ ၅ရက်မြောက်နေ့မှာတော့ ထိုင်းတရားရုံးက အဆိုပါစုံတွဲအား စွဲချက်တင်ခြင်းကို ပယ်ဖျက်ပေးဖို့ ဆုံးဖြတ်ချက်ထုတ်ပြန်ခဲ့ပြီး ပြည်နှင်ဒဏ်ပေးဖို့အတွက် သူတို့စုံတွဲကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါတယ်။သူတို့စုံတွဲဟာ နိုင်ငံတကာကို ခရီးသွားရင်း ဖင်ပြောင်နဲ့ဓာတ်ပုံရိုက်ခဲ့သမျှ ပြဿနာမရှိခဲ့ပေမဲ့ ဗုဒ္ဓဘာသာနိုင်ငံမှဘဲ မရောက်စဖူးအချုပ်ထဲလည်းရောက်သွားခဲ့ရပြီး ပြည်နှင်ဒဏ်ပါတစ်ခါတည်း ရသွားခဲ့ရပါတော့တယ်။စိတ်ဝင်စားစရာတစ်ခုက online မှာ ကျော်ကြားနေတဲ့အဆိုပါ “Traveling _Butts”အကောင့်က သူတို့နဲ့မသက်ဆိုင်ကြောင်း Travisကဆိုထားခဲ့ပါသေးတယ်။

Jasmine (Mckzone Daily)

  • Leave a Comment