2 နှစ်အကြာမှ ခင်ပွန်းဖြစ်သူဟာ ထိပ်ပြောင်ပြီးဆံပင်တုတစ်ချိန်လုံးစွပ်ထားခဲ့တာကို သိရှိခဲ့ရလို့ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တဲ့ ဇနီးသည်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တချို့အမျိုးသားတွေဟာ ထိပ်ပြောင်ရင်ပြောင်သလိုဘဲနေတတ်ကြပေမဲ့ တချို့တွေကတော့ အများတကာ မမြင်မသိရအောင် ဆံပင်အတုတွေစွပ်ထားတတ်ကြပါတယ်။Gulf News ရဲ့ဖော်ပြချက်အရ အိန္ဒိယနိုင်ငံ Thaneမြို့ရှိ အသက် ၂၇ နှစ်အရွယ် အရည်အချင်းပြည့်တဲ့စာရင်းကိုင်တစ်ယောက်ရဲ့ခင်ပွန်းဟာ သူ့ရဲ့ထိပ်ပြောင်နေတဲ့ခေါင်းကို ဆံပင်တုနဲ့ဖုံးကွယ်ထားခဲ့ပြီး ဇနီးသည်က သူမကိုလိမ်လည်ခဲ့တာကြောင့် ရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။

အစီရင်ခံစာမှာ အကယ်လို့ ထိပ်ပြောင်ပြီးဆံပင်တုကိုတစ်ချိန်လုံးစွတ်ထားခဲ့တာကို သိရှိခဲ့ရရင် လွန်ခဲ့တဲ့နှစ်နှစ်မှာကတည်းက သူ့ကို လက်ထပ်ခဲ့မှာမဟုတ်ကြောင်း၊လက်ထက်ပြီးနောက် သူမခင်ပွန်းထိပ်ပြောင်နေတာကိုသိခဲ့ရပြီး ယောက္ခမဖြစ်သူက သူမကို အဲတာက အရေးကြီးလေးနက်တဲ့ကိစ္စမဟုတ်ဘူးလို့ပြောခဲ့ကြောင်း ဇနီးသည်ကဆိုထားပါတယ်။အဆိုပါကိစ္စကို Naya Nagar ရဲစခန်းမှာ အိန္ဒိယပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၆ နှင့် ၅၀၀ အရစစ်ဆေးမေးမြန်းခဲ့ပြီး Thane တရားရုံးကခင်ပွန်းဖြစ်သူကို အလျော့ပေးအညံ့ခံဖို့တောင်းဆိုခဲ့ပြီးနောက် ခင်ပွန်းသည်ကအသနားခံစာတင်သွင်းခဲ့ရပါတယ်။

ခင်ပွန်းဖြစ်သူကလည်း အစကတည်းက သူ့ဇနီးကို သူထိပ်ပြောင်နေတဲ့အကြောင်း ပြောပြထားသင့်ပါတယ်လေ။သူ့အဖြစ်ကို စိတ်မကောင်းပေမဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာအပေါ် ဇနီးသည်ရဲ့ယုံကြည်မှုကိုအလွှဲသုံးစားလုပ်သလို ဖြစ်သွားခဲ့တာပေါ့။ဇနီးသည်လည်း သူမစိတ်နှလုံးထဲမှာ ခင်ပွန်းရဲ့ထိပ်ပြောင်နေခြင်းနဲ့အရာအားလုံးကို လက်ခံနိုင်တဲ့အချိန်ရှိလာလိမ့်မယ် လို့လည်းမျှော်လင့်နေမိပါတယ်။ဒီကိစ္စကိုကော ခင်ဗျားတို့ဘယ်လိုထင်ပါသလဲ။

Jasmine (Mckzone Daily)

Be the first to comment on "2 နှစ်အကြာမှ ခင်ပွန်းဖြစ်သူဟာ ထိပ်ပြောင်ပြီးဆံပင်တုတစ်ချိန်လုံးစွပ်ထားခဲ့တာကို သိရှိခဲ့ရလို့ ရဲစခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တဲ့ ဇနီးသည်"

Leave a comment

Your email address will not be published.


*