ခင္ပြန္းသည္ အလုပ္အရမ္းမ်ားေနတာေၾကာင့္ အျခားအမ်ိဳးသား 300 ေက်ာ္ကို သူမနဲ႔ပတ္သက္ဖို႔ ေသြးေဆာင္ျဖားေယာင္းခဲ့တဲ့ ဇနီးသည္

လူရာေပါင္း၊ေထာင္ေပါင္းမ်ားစြာတို့ရဲ့ ေငြနဲ႔အျခားအရာေတြကို လိမ္လည္လွည့္စားဖို့ ကိုယ္ေရးကိုယ္တာအခ်က္အလက္အတုေတြနဲ႔ေထာင္ေခ်ာက္ဆင္ျခင္းဟာ ကမၻာႀကီးအတြက္ အသစ္အဆန္းမဟုတ္ေတာ့ပါဘူး။ခင္ပြန္းကအလုပ္အရမ္းမ်ားေနတာေၾကာင့္ ေပ်ာ္ရႊင္မွုေတြရနိုင္ဖို့ တျခားေယာက်္ားေတြကို လိမ္လည္လွည့္စားခဲ့တဲ့တ႐ုတ္နိုင္ငံ ေဘဂ်င္းၿမိဳ့က ဒီကေလးႏွစ္ေယာက္အေမရဲ့အျဖစ္လိုေပါ့။အဆိုပါကေလးႏွစ္ေယာက္အေမZhang ဟာ ၂၀၁၇ ခုႏွစ္ေလာက္တုန္းမွာ Zhang မွအျခားနာမည္Zhou Moအျဖစ္ နာမည္အတုသုံးကာ ခင္ပြန္းမရွိတဲ့မိခင္တစ္ဦးအျဖစ္အေယာင္ေဆာင္ၿပီး သံသယကင္းတဲ့အမ်ိဳးသားေတြကို သူမနဲ႔ပတ္သက္ဖို့ ေသြးေဆာင္ျဖားေယာင္းခဲ့ပါတယ္။သူမဟာ ေပ်ာ္ရႊင္တဲ့အခ်စ္ကိုရွာေဖြဖို့အျပင္ ယြမ္ ၄၀၀,၀၀၀ကို သူမကေလးႏွစ္ေယာက္ကို ျပဳစုဖို့၊အိမ္ဌားခ၊ေဆးကုသမွုစရိတ္ေတြအတြက္ လိုအပ္တာေၾကာင့္ ကူညီေပးဖို့ဟန္ေဆာင္ေတာင္းခံခဲ့ၿပီး သူမရဲ့အခ်စ္ကို အသုံးခ်ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဩဂုတ္လမွာ Zhangရဲ့အေၾကာင္းကိုေနာက္ခံလိုက္စစ္ေဆးခဲ့ေတာ့ လိမ္လည္မွုေတြခံရေခ်ရွိတဲ့သားေကာင္ျဖစ္သူတစ္ဦးက သူမရဲ့အေၾကာင္းစုံကိုထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီေနာက္မွာေတာ့ အာဏာပိုင္ေတြက Zhang ကိုဖမ္းဆီးခဲ့ၿပီး Zhang ရဲ့မိသားစုဝင္ေတြက အတိတ္ကႏွစ္ႏွစ္တာကာလအတြင္းသူမဘာေတြလုပ္ခဲ့လဲဆိုတာကို မသိခဲ့ၾကပါဘူး။ဖမ္းဆီးၿပီးတစ္လအၾကာမွာမွ သူမရရွိတဲ့ေငြအားလုံးကို အြန္လိုင္းေလာင္းကစားမွာသုံးစြဲခဲ့ေၾကာင္းဝန္ခံခဲ့ပါတယ္။အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ခင္ပြန္းျဖစ္သူဟာ တုန္လွုပ္သြားခဲ့ရပါတယ္။လက္ရွိမွာေတာ့ Zhang ကိုေထာင္ဒဏ္ရွစ္ႏွစ္ႏွင့္ငါးလ ခ်မွတ္ထားၿပီး တစ္ခ်ိန္တည္းမွာဘဲ ယြမ္ ၄၀,၀၀၀ ဒဏ္ရိုက္ခံရဖြယ္လည္းရွိေနပါတယ္။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူရာပေါင်း၊ထောင်ပေါင်းများစွာတို့ရဲ့ ငွေနဲ့အခြားအရာတွေကို လိမ်လည်လှည့်စားဖို့ ကိုယ်ရေးကိုယ်တာအချက်အလက်အတုတွေနဲ့ထောင်ချောက်ဆင်ခြင်းဟာ ကမ္ဘာကြီးအတွက် အသစ်အဆန်းမဟုတ်တော့ပါဘူး။ခင်ပွန်းကအလုပ်အရမ်းများနေတာကြောင့် ပျော်ရွှင်မှုတွေရနိုင်ဖို့ တခြားယောကျ်ားတွေကို လိမ်လည်လှည့်စားခဲ့တဲ့တရုတ်နိုင်ငံ ဘေဂျင်းမြို့က ဒီကလေးနှစ်ယောက်အမေရဲ့အဖြစ်လိုပေါ့။အဆိုပါကလေးနှစ်ယောက်အမေZhang ဟာ ၂၀၁၇ ခုနှစ်လောက်တုန်းမှာ Zhang မှအခြားနာမည်Zhou Moအဖြစ် နာမည်အတုသုံးကာ ခင်ပွန်းမရှိတဲ့မိခင်တစ်ဦးအဖြစ်အယောင်ဆောင်ပြီး သံသယကင်းတဲ့အမျိုးသားတွေကို သူမနဲ့ပတ်သက်ဖို့ သွေးဆောင်ဖြားယောင်းခဲ့ပါတယ်။သူမဟာ ပျော်ရွှင်တဲ့အချစ်ကိုရှာဖွေဖို့အပြင် ယွမ် ၄၀၀,၀၀၀ကို သူမကလေးနှစ်ယောက်ကို ပြုစုဖို့၊အိမ်ဌားခ၊ဆေးကုသမှုစရိတ်တွေအတွက် လိုအပ်တာကြောင့် ကူညီပေးဖို့ဟန်ဆောင်တောင်းခံခဲ့ပြီး သူမရဲ့အချစ်ကို အသုံးချခဲ့ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လမှာ Zhangရဲ့အကြောင်းကိုနောက်ခံလိုက်စစ်ဆေးခဲ့တော့ လိမ်လည်မှုတွေခံရချေရှိတဲ့သားကောင်ဖြစ်သူတစ်ဦးက သူမရဲ့အကြောင်းစုံကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အာဏာပိုင်တွေက Zhang ကိုဖမ်းဆီးခဲ့ပြီး Zhang ရဲ့မိသားစုဝင်တွေက အတိတ်ကနှစ်နှစ်တာကာလအတွင်းသူမဘာတွေလုပ်ခဲ့လဲဆိုတာကို မသိခဲ့ကြပါဘူး။ဖမ်းဆီးပြီးတစ်လအကြာမှာမှ သူမရရှိတဲ့ငွေအားလုံးကို အွန်လိုင်းလောင်းကစားမှာသုံးစွဲခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ခင်ပွန်းဖြစ်သူဟာ တုန်လှုပ်သွားခဲ့ရပါတယ်။လက်ရှိမှာတော့ Zhang ကိုထောင်ဒဏ်ရှစ်နှစ်နှင့်ငါးလ ချမှတ်ထားပြီး တစ်ချိန်တည်းမှာဘဲ ယွမ် ၄၀,၀၀၀ ဒဏ်ရိုက်ခံရဖွယ်လည်းရှိနေပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment