တိရိစၧာန္ေလးေတြေပ်ာ္ရႊင္သြားေစဖို႔ ေဟာလိုဝင္းအျပင္အဆင္ေတြနဲ႔ စပရိုက္လုပ္ေပးခဲ့တဲ့ တိရိစၧာန္႐ုံ

တစ္ကမၻာလုံးဆိုင္ရာ COVID-19 ကူးစက္ေရာဂါဟာ လူသားတိုင္းကို ခက္ခဲက်ပ္တည္းေစၿပီး ကမၻာတစ္ဝွမ္းက တိရိစၧာန္ဥယ်ာဥ္ေတြကိုလည္း ခၽြင္းခ်က္မရွိပါဝင္ေစခဲ့ပါတယ္။Lockdown ကာလအတြင္း လူသူမလာေတာ့တာေၾကာင့္ အလုပ္သမားေတြဟာ ေထာင္နဲ႔ခ်ီတဲ့တိရိစၧာန္ေလးေတြကို အပ်င္းေျပေဖ်ာ္ေျဖမွုအသစ္အဆန္းေတြလုပ္ေပးဖို့ နည္းလမ္းေပါင္းမ်ားစြာကို ေန႔တိုင္းလိုလို ေခါင္းအခဲခံၿပီးစဥ္းစားရွာေဖြေနၾကရတာပါ။Belgiumနိုင္ငံ Brusselsၿမိဳ့က ဒီတိရိစၧာန္ဥယ်ာဥ္ကေတာ့ အေကာင္ေလးေတြ ေပ်ာ္ရႊင္မွုအနည္းငယ္ရသြားေအာင္ ေဟာလိုဝင္းအေငြ႕အသက္လို ေရႊဖ႐ုံသီးေတြနဲ႔အစာေတြကို ပစ္ခ်ေပးၿပီး အထူးေန႔တစ္ေန႔လို ျပဳလုပ္ေပးခဲ့ပါတယ္။ဥယ်ာဥ္ထဲမွာလည္း ဝါဝါဝင္းဝင္းေရႊဖ႐ုံသီးေတြနဲ႔ျပည့္ေနတာကို ေတြ႕ရမွာပါ။ကမၻာေပၚက သတၱဝါအားလုံးကို ဒုကၡေပးေနတဲ့ ဒီကပ္ေရာဂါဆိုးႀကီး အျမန္ၿပီးဆုံးသြားဖို့ ဆုေတာင္းရင္း တိရိစၧာန္ဥယ်ာဥ္က အျပစ္မဲ့အေကာင္ေလးတို့ တစူးတစမ္းနဲ႔ေရႊဖ႐ုံသီးစားေနၾကတဲ့ပုံေတြပါ ေဖာ္ျပေပးခဲ့လိုက္ပါတယ္။

1

2

3

4

5

6

7

8

9

10

11

12

Jasmine (Mckzone Daily)

Source: boredpanda

Unicode

တစ်ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါဟာ လူသားတိုင်းကို ခက်ခဲကျပ်တည်းစေပြီး ကမ္ဘာတစ်ဝှမ်းက တိရိစ္ဆာန်ဥယျာဉ်တွေကိုလည်း ချွင်းချက်မရှိပါဝင်စေခဲ့ပါတယ်။Lockdown ကာလအတွင်း လူသူမလာတော့တာကြောင့် အလုပ်သမားတွေဟာ ထောင်နဲ့ချီတဲ့တိရိစ္ဆာန်လေးတွေကို အပျင်းပြေဖျော်ဖြေမှုအသစ်အဆန်းတွေလုပ်ပေးဖို့ နည်းလမ်းပေါင်းများစွာကို နေ့တိုင်းလိုလို ခေါင်းအခဲခံပြီးစဉ်းစားရှာဖွေနေကြရတာပါ။Belgiumနိုင်ငံ Brusselsမြို့က ဒီတိရိစ္ဆာန်ဥယျာဉ်ကတော့ အကောင်လေးတွေ ပျော်ရွှင်မှုအနည်းငယ်ရသွားအောင် ဟောလိုဝင်းအငွေ့အသက်လို ရွှေဖရုံသီးတွေနဲ့အစာတွေကို ပစ်ချပေးပြီး အထူးနေ့တစ်နေ့လို ပြုလုပ်ပေးခဲ့ပါတယ်။ဥယျာဉ်ထဲမှာလည်း ဝါဝါဝင်းဝင်းရွှေဖရုံသီးတွေနဲ့ပြည့်နေတာကို တွေ့ရမှာပါ။ကမ္ဘာပေါ်က သတ္တဝါအားလုံးကို ဒုက္ခပေးနေတဲ့ ဒီကပ်ရောဂါဆိုးကြီး အမြန်ပြီးဆုံးသွားဖို့ ဆုတောင်းရင်း တိရိစ္ဆာန်ဥယျာဉ်က အပြစ်မဲ့အကောင်လေးတို့ တစူးတစမ်းနဲ့ရွှေဖရုံသီးစားနေကြတဲ့ပုံတွေပါ ဖော်ပြပေးခဲ့လိုက်ပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment