၇၈ႏွစ္အရြယ္ခင္ပြန္းနဲ႔၁၈ႏွစ္အရြယ္ဇနီးတို့ လက္ထက္ၿပီး၂၂ရက္ေျမာက္ေန႔မွာ ကြာရွင္းျပတ္စဲ

လြန္ခဲ့တဲ့တစ္လခန္႔က အင္ဒိုနီးရွားနိုင္ငံ အေနာက္ဂ်ာဗားျပည္နယ္ Subangၿမိဳ့မွာ အသက္ ၇၈ႏွစ္အရြယ္အမ်ိဳးသားက အသက္၁၈ႏွစ္အရြယ္မိန္းကေလးကို လက္ထပ္ခဲ့တာေၾကာင့္ အိုးေလးတေက်ာ္ျဖစ္သြားခဲ့ပါတယ္။ဒါေပမဲ့ သူတို့ဇနီးေမာင္ႏွံဟာ လက္ထက္ၿပီး ၂၂ရက္အၾကာ ၿပီးခဲ့တဲ့ေအာက္တိုဘာ ၃၀ ေသာၾကာေန႔မွာ ကြာရွင္းျပတ္စဲသြားခဲ့ၾကပါၿပီ။ခင္ပြန္းျဖစ္သူက ဇနီးကို ကြာရွင္းစာတစ္ေစာင္ေပးပို့ခဲ့ၿပီးေနာက္ Abah Sarna နဲ႔ Noni Navita တို့ဟာ သူတို့ရဲ့၂၂ရက္သာရွိေသးတဲ့အိမ္ေထာင္ေရးကို အဆုံးသတ္ခဲ့ၾကေၾကာင္း Harian Metroသတင္းအရ သိရပါတယ္။ဇနီးသည္ Noniရဲ့အမ အသက္၂၉ႏွစ္အရြယ္ lyan က သူမညီမနဲ႔Abahတို့အၾကား ဘာျပႆနာမွမျဖစ္ဘဲ အဲ့လိုသတင္းၾကားသိရေတာ့ သူ႔တို့မိသားစုက တုန္လွုပ္သြားခဲ့ရၿပီး “အက်ိဳးနဲ႔အေၾကာင္းမရွိဘဲ အဲ့လိုကိစၥျဖစ္လာေတာ့ ငါအေတာ္ေလးshockျဖစ္သြားခဲ့တယ္”လို့ ဆိုထားပါတယ္။

“ကၽြန္မတို့မိသားစုက Abahနဲ႔ဘာျပႆနာမွမရွိပါဘူး၊ဒါေပမဲ့ ျပႆနာက Abahနဲ႔လက္ထက္ပြဲကို ကန္႔ကြက္ခ်င္ခဲ့တဲ့သူ႔မိသားစုဆီမွာ ရွိတာျဖစ္မယ္၊”လို့ဆိုထားတဲ့အျပင္ Abahရဲ့လုပ္ရပ္က သူမမိသားစုကိုသိကၡာက်ေစၿပီး ညီမျဖစ္သူ Noniကိုလည္း စိတ္ဓာတ္က်ေစေၾကာင္း ဆိုထားပါတယ္။”စာကိုလက္ခံရၿပီးေတာ့ ငါ့ညီမက တစ္ေန႔လုံးအစားမစားခဲ့ဘူး၊ဒါမဲ့ အခုေတာ့ အေျခအေနပိုေကာင္းလာၿပီ”လို့ ဆိုထားပါေသးတယ္။အရင္တေလာက lyanဟာ ညီမ Noniက Abahနဲ႔ရတဲ့ ကိုယ္ဝန္ကိုလြယ္ထားရတာေၾကာင့္ ကြားရွင္းဖို့စြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့ပါေသးတယ္။”ဒီစြပ္စြဲခ်က္က လုံးဝမမွန္ကန္ပါဘူး။ဒီကိစၥကို ေျဖရွင္းဖို့ ႏွစ္ဖက္မိသားစုေတြ႕ဆုံေဆြးေႏြးဖို့လိုတယ္”လို့ lyanက ဆိုပါတယ္။

ယခင္က Abah Sarnaနဲ႔ Noniတို့ရဲ့လက္ထက္ပြဲဟာ အသက္အရြယ္ကြာျခားေနမွုေၾကာင့္ social media ေပၚမွာ အာ႐ုံစိုက္မွုမ်ားစြာရရွိခဲ့ပါၿပီး Abahရဲ့ Noniကို ေပးပို့တဲ့ ေမာ္ေတာ္ဆိုင္ကယ္၊ေမြ႕ယာနဲ႔ဘီဒိုစတဲ့ပစၥည္းေတြကို truckကားနဲ႔ေတာင္တင္ရလို့ လူသိမ်ားေက်ာ္ၾကားသြားခဲ့ပါေသးတယ္။Abah Sarnaရဲ့မဂၤလာလက္ဖြဲ႕ပစၥည္းဟာ စုစုေပါင္းတန္ဖိုး ရင္းဂစ္ ၂၈၄၁ ပမာဏအထိရွိေနခဲ့တာပါ။အသက္ငယ္ငယ္ဇနီးက အရင္မထားခဲ့ဘဲ ခင္ပြန္းသည္အဘိုးဘက္က အရင္ကြာရွင္းစာခ်ဳပ္ပို့ခဲ့တယ္ဆိုေတာ့ အိမ္ေထာင္ေရးကိစၥအေၾကာင္းအျဖာျဖာကို မရွင္းျပတတ္ေတာ့ပါဘူး။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လွန်ခဲ့တဲ့တစ်လခန့်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် Subangမြို့မှာ အသက် ၇၈နှစ်အရွယ်အမျိုးသားက အသက်၁၈နှစ်အရွယ်မိန်းကလေးကို လက်ထပ်ခဲ့တာကြောင့် အိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ သူတို့ဇနီးမောင်နှံဟာ လက်ထက်ပြီး ၂၂ရက်အကြာ ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ သောကြာနေ့မှာ ကွာရှင်းပြတ်စဲသွားခဲ့ကြပါပြီ။ခင်ပွန်းဖြစ်သူက ဇနီးကို ကွာရှင်းစာတစ်စောင်ပေးပို့ခဲ့ပြီးနောက် Abah Sarna နဲ့ Noni Navita တို့ဟာ သူတို့ရဲ့၂၂ရက်သာရှိသေးတဲ့အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ကြကြောင်း Harian Metroသတင်းအရ သိရပါတယ်။ဇနီးသည် Noniရဲ့အမ အသက်၂၉နှစ်အရွယ် lyan က သူမညီမနဲ့Abahတို့အကြား ဘာပြဿနာမှမဖြစ်ဘဲ အဲ့လိုသတင်းကြားသိရတော့ သူ့တို့မိသားစုက တုန်လှုပ်သွားခဲ့ရပြီး “အကျိုးနဲ့အကြောင်းမရှိဘဲ အဲ့လိုကိစ္စဖြစ်လာတော့ ငါအတော်လေးshockဖြစ်သွားခဲ့တယ်”လို့ ဆိုထားပါတယ်။

“ကျွန်မတို့မိသားစုက Abahနဲ့ဘာပြဿနာမှမရှိပါဘူး၊ဒါပေမဲ့ ပြဿနာက Abahနဲ့လက်ထက်ပွဲကို ကန့်ကွက်ချင်ခဲ့တဲ့သူ့မိသားစုဆီမှာ ရှိတာဖြစ်မယ်၊”လို့ဆိုထားတဲ့အပြင် Abahရဲ့လုပ်ရပ်က သူမမိသားစုကိုသိက္ခာကျစေပြီး ညီမဖြစ်သူ Noniကိုလည်း စိတ်ဓာတ်ကျစေကြောင်း ဆိုထားပါတယ်။”စာကိုလက်ခံရပြီးတော့ ငါ့ညီမက တစ်နေ့လုံးအစားမစားခဲ့ဘူး၊ဒါမဲ့ အခုတော့ အခြေအနေပိုကောင်းလာပြီ”လို့ ဆိုထားပါသေးတယ်။အရင်တလောက lyanဟာ ညီမ Noniက Abahနဲ့ရတဲ့ ကိုယ်ဝန်ကိုလွယ်ထားရတာကြောင့် ကွားရှင်းဖို့စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါသေးတယ်။”ဒီစွပ်စွဲချက်က လုံးဝမမှန်ကန်ပါဘူး။ဒီကိစ္စကို ဖြေရှင်းဖို့ နှစ်ဖက်မိသားစုတွေ့ဆုံဆွေးနွေးဖို့လိုတယ်”လို့ lyanက ဆိုပါတယ်။

ယခင်က Abah Sarnaနဲ့ Noniတို့ရဲ့လက်ထက်ပွဲဟာ အသက်အရွယ်ကွာခြားနေမှုကြောင့် social media ပေါ်မှာ အာရုံစိုက်မှုများစွာရရှိခဲ့ပါပြီး Abahရဲ့ Noniကို ပေးပို့တဲ့ မော်တော်ဆိုင်ကယ်၊မွေ့ယာနဲ့ဘီဒိုစတဲ့ပစ္စည်းတွေကို truckကားနဲ့တောင်တင်ရလို့ လူသိများကျော်ကြားသွားခဲ့ပါသေးတယ်။Abah Sarnaရဲ့မင်္ဂလာလက်ဖွဲ့ပစ္စည်းဟာ စုစုပေါင်းတန်ဖိုး ရင်းဂစ် ၂၈၄၁ ပမာဏအထိရှိနေခဲ့တာပါ။အသက်ငယ်ငယ်ဇနီးက အရင်မထားခဲ့ဘဲ ခင်ပွန်းသည်အဘိုးဘက်က အရင်ကွာရှင်းစာချုပ်ပို့ခဲ့တယ်ဆိုတော့ အိမ်ထောင်ရေးကိစ္စအကြောင်းအဖြာဖြာကို မရှင်းပြတတ်တော့ပါဘူး။

Jasmine (Mckzone Daily)

  • Leave a Comment