ပိုင္ရွင္ထံျပန္ေရာက္ဖို႔ ၁၄ရက္အတြင္း ၆၂မိုင္ေလာက္လမ္းေလၽွာက္ခဲ့တဲ့ ေခြးေလး

ပိုင္ရွင္ေတြထံျပန္ေရာက္ဖို့ Golden retriever ေခြးေလးတစ္ေကာင္ဟာ ၁၄ရက္အတြင္း ၆၂မိုင္ေလာက္လမ္းေလၽွာက္ခဲ့ရၿပီး ေျခသည္းေတြလည္း ေသြးထြက္ေနခဲ့ပါတယ္။တ႐ုတ္နိုင္ငံအေရွ႕ေတာင္ပိုင္း Jiangsuျပည္နယ္ Qidongၿမိဳ့ရွိပိုင္ရွင္ျဖစ္သူေတြဟာ အိမ္ကို ျပန္လည္ျပဳျပင္မြမ္းမံဖို့လုပ္ေနတာေၾကာင့္ Ping Anလို့ေခၚတဲ့ ေခြးမေလးကို ၂နာရီအၾကာကားေမာင္းသြားရတဲ့ Nantongၿမိဳ့ကသူငယ္ခ်င္းအိမ္ကို ခနပို့ထားခဲ့တာပါ။အဲ့ဒီအိမ္ကိုပို့ၿပီးေလးလအၾကာမွာ အဆိုပါပိုင္ရွင္မိသားစုကလည္း ေခြးေလး အိမ္မွာမရွိေနတာေၾကာင့္ ဟာတသာသာနဲ႔ဝမ္းနည္းပက္လက္ျဖစ္ခဲ့ၾကရပါတယ္။

ဒါေပမဲ့ ေနာက္ႏွစ္ပတ္အၾကာမွာေတာ့ Qidongၿမိဳ့ျပင္ရွိ ႐ုံးတစ္ခုရဲ့အလုပ္သမားတစ္စုက ကိုယ္အေလးခ်ိန္အေတာ္ေလးက်သြားၿပီး ေျခသည္းမွာလည္းဒဏ္ရာအျပည့္နဲ႔ေခြးမေလးကို ေတြ႕ခဲ့ၾကပါတယ္။ေျခကုန္လက္ပန္းက်ေနခဲ့တဲ့ Ping Anေလးရဲ့ပုံကို ေတြ႕ၾကမွာပါ။ကယ္ဆယ္ေပးခဲ့တဲ့လူေတြက ပိုင္ရွင္ေတြကို ရွာမေတြ႕တာေၾကာင့္ သူမစိတ္ဓာတ္က်ေနခဲ့တယ္လို့ ဆိုထားၿပီး ေခြးမေလးရဲ့ပုံေတြကို တ႐ုတ္ social media ေပၚတင္ခဲ့တာေၾကာင့္ ပိုင္ရွင္ေတြက အလ်င္အျမန္ေရာက္လာခဲ့ၾကပါတယ္။

ဗီဒီယိုထဲမွာ ပိုင္ရွင္ေတြက ေခြးမေလးကို စိတ္မေကာင္းစြာနဲ႔ ေပြ႕ဖက္ေပးရင္း”Ping An နင္ႀကိဳးစားခဲ့တယ္။နင္အခုခ်ိန္ကစ အိမ္မွာဘဲေနရေတာ့မယ္၊ငါတို့နင့္ကို ဘယ္ေတာ့မွ အေဝးမပို့ေတာ့ပါဘူး”လို့ေျပာေနခဲ့ၿပီး ေခြးမေလးရဲ့ဒဏ္ရာေတြကို ကုသေပးဖို့ အိမ္ကို ေခၚျပန္သြားခဲ့ၾကပါတယ္။အဲ့တာေၾကာင့္ မလိုအပ္ဘဲ ေခြးမွမဟုတ္ တျခားကိုယ့္ရဲ့အခ်စ္ကေလးေတြကို ဘယ္ေတာ့မွ ကိုယ့္နဲ႔ေဝးရာကို မပို့မိေစၾကပါနဲ႔ အလကားသက္သက္ သူတို့ေလးေတြကိုဒဏ္ရာေပးေနသလိုျဖစ္ရပါတယ္။

Jasmine (Mckzone Daily)

Source: Metro

Unicode

ပိုင်ရှင်တွေထံပြန်ရောက်ဖို့ Golden retriever ခွေးလေးတစ်ကောင်ဟာ ၁၄ရက်အတွင်း ၆၂မိုင်လောက်လမ်းလျှောက်ခဲ့ရပြီး ခြေသည်းတွေလည်း သွေးထွက်နေခဲ့ပါတယ်။တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Jiangsuပြည်နယ် Qidongမြို့ရှိပိုင်ရှင်ဖြစ်သူတွေဟာ အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့လုပ်နေတာကြောင့် Ping Anလို့ခေါ်တဲ့ ခွေးမလေးကို ၂နာရီအကြာကားမောင်းသွားရတဲ့ Nantongမြို့ကသူငယ်ချင်းအိမ်ကို ခနပို့ထားခဲ့တာပါ။အဲ့ဒီအိမ်ကိုပို့ပြီးလေးလအကြာမှာ အဆိုပါပိုင်ရှင်မိသားစုကလည်း ခွေးလေး အိမ်မှာမရှိနေတာကြောင့် ဟာတသာသာနဲ့ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြရပါတယ်။

ဒါပေမဲ့ နောက်နှစ်ပတ်အကြာမှာတော့ Qidongမြို့ပြင်ရှိ ရုံးတစ်ခုရဲ့အလုပ်သမားတစ်စုက ကိုယ်အလေးချိန်အတော်လေးကျသွားပြီး ခြေသည်းမှာလည်းဒဏ်ရာအပြည့်နဲ့ခွေးမလေးကို တွေ့ခဲ့ကြပါတယ်။ခြေကုန်လက်ပန်းကျနေခဲ့တဲ့ Ping Anလေးရဲ့ပုံကို တွေ့ကြမှာပါ။ကယ်ဆယ်ပေးခဲ့တဲ့လူတွေက ပိုင်ရှင်တွေကို ရှာမတွေ့တာကြောင့် သူမစိတ်ဓာတ်ကျနေခဲ့တယ်လို့ ဆိုထားပြီး ခွေးမလေးရဲ့ပုံတွေကို တရုတ် social media ပေါ်တင်ခဲ့တာကြောင့် ပိုင်ရှင်တွေက အလျင်အမြန်ရောက်လာခဲ့ကြပါတယ်။

ဗီဒီယိုထဲမှာ ပိုင်ရှင်တွေက ခွေးမလေးကို စိတ်မကောင်းစွာနဲ့ ပွေ့ဖက်ပေးရင်း”Ping An နင်ကြိုးစားခဲ့တယ်။နင်အခုချိန်ကစ အိမ်မှာဘဲနေရတော့မယ်၊ငါတို့နင့်ကို ဘယ်တော့မှ အဝေးမပို့တော့ပါဘူး”လို့ပြောနေခဲ့ပြီး ခွေးမလေးရဲ့ဒဏ်ရာတွေကို ကုသပေးဖို့ အိမ်ကို ခေါ်ပြန်သွားခဲ့ကြပါတယ်။အဲ့တာကြောင့် မလိုအပ်ဘဲ ခွေးမှမဟုတ် တခြားကိုယ့်ရဲ့အချစ်ကလေးတွေကို ဘယ်တော့မှ ကိုယ့်နဲ့ဝေးရာကို မပို့မိစေကြပါနဲ့ အလကားသက်သက် သူတို့လေးတွေကိုဒဏ်ရာပေးနေသလိုဖြစ်ရပါတယ်။

Jasmine (Mckzone Daily)

  • Leave a Comment