ေသဆံုးသြားခဲ့ၿပီလို႔ ယူဆခဲ့ၾကလို႔ အေအးတိုက္အေခါင္းတလားထဲမွာ နာရီ 20 ခန္႔ပိတ္မိေနခဲ့တဲ့ အမ်ိဳးသားရဲ႕အဆံုးသတ္ ( ႐ုပ္သံ)

မိသားစုက ကြယ္လြန္သြားၿပီလို့ေၾကာျငာခဲ့ၿပီးေနာက္ အေအးတိုက္အေခါင္းတလားကေန ကယ္ဆယ္နိုင္ခဲ့တဲ့အမ်ိဳးသားတစ္ဦးဟာ ရက္အနည္းငယ္အၾကာမွာဘဲ တကယ္ေသဆုံးသြားခဲ့ပါတယ္။အိႏၵိယနိုင္ငံ Tamil Naduျပည္နယ္ Kandhampattiရြာက နာမက်န္းျဖစ္ကာ အိပ္ယာထဲမွာဘဲလဲေလ်ာင္းေနခဲ့ရတဲ့ အသက္ ၇၄ႏွစ္အရြယ္ ပင္စင္စားအမ်ိဳးသား Balasubramanian Kumar ဟာ ၿပီးခဲ့တဲ့တနလၤာေန႔မွာ ခႏၶာကိုယ္မလွုပ္ရွားေတာ့တာေၾကာင့္ မိသားစုေဆြမ်ိဳးေတြက ကြယ္လြန္သြားၿပီလို့ေၾကာျငာကာ ဓေလ့ထုံးစံအရခႏၶာကိုယ္ကို ထိန္းသိမ္းနိုင္ဖို့ အေအးတိုက္အေခါင္းထဲကို ထည့္ထားခဲ့တာပါ။

လွုပ္ရွားေနတာကိုသတိထားမိၿပီး ဝန္ထမ္းေတြအျပင္မထုတ္ေပးခ်ိန္အထိ Mr Kumarဟာ အေအးတိုက္အေခါင္းထဲမွာ၂၀နာရီ အၾကာေနခဲ့ရၿပီး ေဆး႐ုံသို့ေခၚေဆာင္သြားခဲ့ေပမဲ့ ေသာၾကာေန႔မွာေတာ့ သူဟာေသဆုံးျခင္းကို မေရွာင္လႊဲနိုင္ခဲ့ပါဘူး။ေဆး႐ုံမွူး ေဒါက္တာ Balajinathan က ကယ္ဆယ္လိုက္ၿပီးေနာက္ Mr Kumar ဟာေရာဂါေၾကာင့္ဆက္တိုက္ေမ့ေမ်ာေနခဲ့ၿပီး အဆုတ္နဲ႔ဆိုင္တဲ့ျပႆနာေတြေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း BBC သတင္းကို ေျပာထားပါတယ္။ဗီဒီယိုထဲအရ အေအးတိုုက္အေခါင္းထဲကMr Kumarဟာ အသက္ျပင္းျပင္းရွုေနၿပီးလွုပ္ေနခဲ့တာပါ။Mr Kumarရဲ့သတင္းဟာ ခ်က္ခ်င္းဘဲ အိႏၵိယနိုင္ငံရဲ့ေခါင္းႀကီးပိုင္းသတင္းျဖစ္သြားခဲ့ပါေသးတယ္။

အခုခ်ိန္မွာေတာ့ ရဲေတြဟာ Mr Kumar ေသဆုံးသြားတာကိုေၾကာျငာခဲ့ၿပီးေနာက္သက္ဆိုင္တဲ့က်န္းမာေရးစစ္ေဆးခ်က္ေတြ မျပဳလုပ္ခဲ့တဲ့အတြက္ သူ႔မိသားစုဝင္ေတြကို စစ္ေဆးေမးျမန္းလ်က္ရွိေနပါတယ္။Sooramangalam ရဲတပ္ဖြဲ႕မွစစ္ေဆးေရးမွူး Rajasekaran က အိႏၵိယရာဇဝတ္မွု ပုဒ္မ ၂၈၇(လူ႔အသက္အတြက္အႏၲရာယ္ရွိေစေသာအျပဳအမူမ်ား)နဲ႔ ပုဒ္မ ၃၃၆(အသက္အႏၲရာယ္ထိခိုက္ေစေသာလုပ္ရပ္သို့မဟုတ္ တျခားသူေတြရဲ့ကိုယ္ေရးကိုယ္တာ လုံျခဳံမွု)စတဲ့ ပုဒ္မေတြနဲ႔ အဆိုပါအမွုအား တရားဆြဲဆိုထားေၾကာင္း ဆိုထားပါတယ္။

Jasmine (Mckzone Daily)

Source: Metro

Unicode

မိသားစုက ကွယ်လွန်သွားပြီလို့ကြောငြာခဲ့ပြီးနောက် အအေးတိုက်အခေါင်းတလားကနေ ကယ်ဆယ်နိုင်ခဲ့တဲ့အမျိုးသားတစ်ဦးဟာ ရက်အနည်းငယ်အကြာမှာဘဲ တကယ်သေဆုံးသွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံ Tamil Naduပြည်နယ် Kandhampattiရွာက နာမကျန်းဖြစ်ကာ အိပ်ယာထဲမှာဘဲလဲလျောင်းနေခဲ့ရတဲ့ အသက် ၇၄နှစ်အရွယ် ပင်စင်စားအမျိုးသား Balasubramanian Kumar ဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ခန္ဓာကိုယ်မလှုပ်ရှားတော့တာကြောင့် မိသားစုဆွေမျိုးတွေက ကွယ်လွန်သွားပြီလို့ကြောငြာကာ ဓလေ့ထုံးစံအရခန္ဓာကိုယ်ကို ထိန်းသိမ်းနိုင်ဖို့ အအေးတိုက်အခေါင်းထဲကို ထည့်ထားခဲ့တာပါ။

လှုပ်ရှားနေတာကိုသတိထားမိပြီး ဝန်ထမ်းတွေအပြင်မထုတ်ပေးချိန်အထိ Mr Kumarဟာ အအေးတိုက်အခေါင်းထဲမှာ၂၀နာရီ အကြာနေခဲ့ရပြီး ဆေးရုံသို့ခေါ်ဆောင်သွားခဲ့ပေမဲ့ သောကြာနေ့မှာတော့ သူဟာသေဆုံးခြင်းကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။ဆေးရုံမှူး ဒေါက်တာ Balajinathan က ကယ်ဆယ်လိုက်ပြီးနောက် Mr Kumar ဟာရောဂါကြောင့်ဆက်တိုက်မေ့မျောနေခဲ့ပြီး အဆုတ်နဲ့ဆိုင်တဲ့ပြဿနာတွေကြောင့် သေဆုံးသွားခဲ့ကြောင်း BBC သတင်းကို ပြောထားပါတယ်။ဗီဒီယိုထဲအရ အအေးတိုက်အခေါင်းထဲကMr Kumarဟာ အသက်ပြင်းပြင်းရှုနေပြီးလှုပ်နေခဲ့တာပါ။Mr Kumarရဲ့သတင်းဟာ ချက်ချင်းဘဲ အိန္ဒိယနိုင်ငံရဲ့ခေါင်းကြီးပိုင်းသတင်းဖြစ်သွားခဲ့ပါသေးတယ်။

အခုချိန်မှာတော့ ရဲတွေဟာ Mr Kumar သေဆုံးသွားတာကိုကြောငြာခဲ့ပြီးနောက်သက်ဆိုင်တဲ့ကျန်းမာရေးစစ်ဆေးချက်တွေ မပြုလုပ်ခဲ့တဲ့အတွက် သူ့မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းလျက်ရှိနေပါတယ်။Sooramangalam ရဲတပ်ဖွဲ့မှစစ်ဆေးရေးမှူး Rajasekaran က အိန္ဒိယရာဇဝတ်မှု ပုဒ်မ ၂၈၇(လူ့အသက်အတွက်အန္တရာယ်ရှိစေသောအပြုအမူများ)နဲ့ ပုဒ်မ ၃၃၆(အသက်အန္တရာယ်ထိခိုက်စေသောလုပ်ရပ်သို့မဟုတ် တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာ လုံခြုံမှု)စတဲ့ ပုဒ်မတွေနဲ့ အဆိုပါအမှုအား တရားဆွဲဆိုထားကြောင်း ဆိုထားပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ေသဆံုးသြားခဲ့ၿပီလို႔ ယူဆခဲ့ၾကလို႔ အေအးတိုက္အေခါင္းတလားထဲမွာ နာရီ 20 ခန္႔ပိတ္မိေနခဲ့တဲ့ အမ်ိဳးသားရဲ႕အဆံုးသတ္ ( ႐ုပ္သံ)"

Leave a comment

Your email address will not be published.


*