တံခါးပေါက်တစ်ခုမှာ ခေါင်းညှပ်နေခဲ့တဲ့ ပြာကလပ်စိန်​ကြောင်လေးကြောင့် အရေးပေါ်ကယ်ဆယ်ရေးခေါ်ခဲ့ရတဲ့အဖြစ်



Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျွန်တော်တို့ဟာ 2020 ကိုဘယ်လိုဖြတ်သန်းနေရတဲ့အကြောင်းဖော်ပြဖို့အတွက် ပိုမှန်ကန်တဲ့နည်းတွေကို စဉ်းစားမရဖြစ်နေကြရပါတယ်။မကြာသေးမီက မလေးရှားနိုင်ငံ Penangမြို့ရှိ တံခါးပေါက်အောက်ပိုင်းက အပေါက်သေးသေးလေးတစ်ခုမှာညပ်နေတဲ့ကြောင်ရဲ့အဖြစ်ဟာ လူအများကို သဘောမကျဘဲ မရယ်မောဘဲ မနေနိုင်စေခဲ့ပါဘူး။Info Roadblock JPJ / POLIS ရဲ့ Facebook စာမျက်နှာပေါ်က မျှဝေထားတဲ့ဓာတ်ပုံတွေအရ သနားဖို့ကောင်းတဲ့ကြောင်ကလေးရဲ့ခေါင်းဟာ တံခါးတစ်ဖက်မှာ ထွက်နေပြီး သူ့ခန္ဓာကိုယ်က အခြားတစ်ဖက်မှာ ကျန်နေတာကိုတွေ့ရမှာပါ။ ကျေးဇူးတင်စွာနဲ့ မီးသတ်သမားတစ်စုက ဒီအခြေအနေကိုဖြေရှင်းပြီး ချစ်စရာကောင်းတဲ့ကြောင်လေးကို ဘေးကင်းကင်းနဲ့ထုတ်ယူပေးနိုင်ခဲ့ပါတယ်။

ကြောင်ရဲ့လည်ပင်းနားကသစ်သားအပိုင်းအစတွေကို ဘေးကင်းစွာဖယ်ရှားပေးဖို့ မီးသတ်သမားတွေက တံခါးတစ်ချပ်လုံးကိုဖြတ်ပစ်လိုက်ပုံရပါတယ်။တလောတုန်းကလည်း ထိုင်းနိုင်ငံကမီးခိုးအနက်ဆင်းရှိတဲ့ကြောင်တစ်ကောင်ဟာ အိမ်ကနေသုံးရက်လုံးလုံးပျောက်သွားခဲ့ပြီး ဈေးထဲက ငါးတွေကိုလည်း အကြွေးနဲ့အလကားစားခဲ့ပါသေးတယ်။ကြောင်လေးတွေဟာ အဲလိုချစ်ဖို့ကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေပါ။စာဖတ်သူတို့ဆီမှာကော အဲလိုချစ်ဖို့ကောင်းတဲ့ကြောင်လေးတွေ ရှိပါသလား။

Jasmine (Mckzone Daily)

  • Leave a Comment