ဦးနှောက်ချို့ယွင်းပြီးကိုယ်အင်္ဂါမလှုပ်ရှားနိုင်တဲ့သား 3ယောက်လုံးကို တစ်ကိုယ်တည်းပြုစုနေရတဲ့ Single အဖေ

မလေးရှားနိုင်ငံ Tumpat မြို့မှာနေထိုင်တဲ့ single အဖေတစ်ယောက်ဟာ မွေးဖွားလာစဉ်ကတည်းက ဦးနှောက်ချို့ယွင်းပြီးကိုယ်အင်္ဂါမလှုပ်ရှားနိုင်တဲ့( cerebral palsy ) ရောဂါခံစားနေရတဲ့ သား3ယောက်လုံးကို တစ်ကိုယ်တည်းစောင့်ရှောက်နေခဲ့တာပါ ။ ကလေးငယ်များဟာလည်း ကိုယ်လက်မလှုပ်ရှားနိုင်တဲ့အတွက် မွေးဖွားလာစဉ်ကတည်းက ယခုအချိန်ထိ အိပ်ယာထဲမှာသာလဲလှောင်နေခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ် ။ Mohd Zain Abdullah အမည်ရှိတဲ့ ကလေးတွေရဲ့ဖခင်ဖြစ်သူဟာ အချိန်ပိုင်းအလုပ်အနေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်လေ့ရှိပြီး ရရှိလာသောငွေကြေးများကိုတော့ သားဖြစ်သူတွေအတွက် အထူးလိုအပ်တဲ့နေရာတွေမှာသာ အသုံးပြုခြင်းဖြစ်ကြောင်းသိရှိရပါတယ် ။

ကလေးငယ်တွေကို တစ်ယောက်တည်းစောင့်ရှောက်ရတာဟာ လုံးဝမလွယ်ကူဘူးဆိုတာကိုသိပေမဲ့လည်း လွန်ခဲ့တဲ့2နှစ်က ရင်သားကင်ဆာနှင့်သေဆုံးသွားခဲ့ရတဲ့ဇနီးဖြစ်သူကိုပေးထားတဲ့ကတိတည်အောင် ကြိုးစားနေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ ဇနီးသည်က ကလေးငယ်တွေကိုစောင့်ရှောက်ပေးဖို့မှာကြားခဲ့တာဖြစ်လို့ အခက်အခဲတွေကိုနောင်တမရဘဲ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ သတ္တိရှိရှိ ခရီးဆက်နေခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ Mohd Zain တွင်အခြားသောကျန်းမာသန်စွမ်းသည့် သားသမီး4ယောက်ရှိပေမဲ့လည်း ယခုမသန်စွမ်သည့်ကလေး3ယောက်လုံးကိုတော့ သူတစ်ယောက်တည်းကသာ ရေချိုးသန့်စင်ပေးနေရသည့်အတွက် ကလေးတွေကို ချီသယ်မဖို့အတော်လေးကို အင်အားစိုက်ရကြောင်း ၊ သို့ပေမဲ့လည်း သူတို့လေးတွေကိုကျွေးမွေးဖို့အတွက် မောင်နှမအကြီး2ယောက်က ကူညီပေးလေ့ရှိကြောင်း ပြောဆိုခဲ့ပါတယ် ။

Mohd Zain တွင်အမြဲတည်ငြိမ်တဲ့ ဝင်ငွေမျိုးမရှိတဲ့အတွက် Social Welfare Department (JKM) မှ ငွေရေးကြေးရေးအတွက်လစဉ် RM 1,050 (မြန်မာငွေ 3သိန်းကျော် ဝန်းကျင်) ထောက်ပံ့နေလျက်ရှိကြောင်း သိရှိရပါတယ် ။ ထို့အပြင် Mohd Zain ၏အကြောင်းမှာ အတော်လေးပျံ့နှံသွားချိန်မှာတော့ အခြားသောထောက်ပံ့ကူညီပေးခဲ့သည့်သူများရရှိလာခဲ့သည့်အပြင် ၊ ကူညီမည့်စေတနာရှင်များကိုလည်း ဖုန်နံပတ်နှင့်တကွ ဘဏ်အကောင့်နံပတ်တွေပါဖော်ပြထားပြီး ဆက်သွယ်အကူအညီပေးနိုင်ကြောင်း worldofbuzz သတင်းမီဒီယာ တွင် ဖော်ပြထားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Zawgyi

မေလး႐ွားႏိုင္ငံ Tumpat ၿမိဳ႕မွာေနထိုင္တဲ့ single အေဖတစ္ေယာက္ဟာ ေမြးဖြားလာစဥ္ကတည္းက ဦးေႏွာက္ခ်ိဳ႕ယြင္းၿပီးကိုယ္အဂၤါမလႈပ္႐ွားႏိုင္တဲ့( cerebral palsy ) ေရာဂါခံစားေနရတဲ့ သား3ေယာက္လံုးကို တစ္ကိုယ္တည္းေစာင့္ေ႐ွာက္ေနခဲ့တာပါ ။ ကေလးငယ္မ်ားဟာလည္း ကိုယ္လက္မလႈပ္႐ွားႏိုင္တဲ့အတြက္ ေမြးဖြားလာစဥ္ကတည္းက ယခုအခ်ိန္ထိ အိပ္ယာထဲမွာသာလဲေလွာင္ေနခဲ့ရတာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ Mohd Zain Abdullah အမည္႐ွိတဲ့ ကေလးေတြရဲ႕ဖခင္ျဖစ္သူဟာ အခ်ိန္ပိုင္းအလုပ္အေနနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ ဝင္လုပ္ေလ့႐ွိၿပီး ရ႐ွိလာေသာေငြေၾကးမ်ားကိုေတာ့ သားျဖစ္သူေတြအတြက္ အထူးလိုအပ္တဲ့ေနရာေတြမွာသာ အသံုးျပဳျခင္းျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

ကေလးငယ္ေတြကို တစ္ေယာက္တည္းေစာင့္ေ႐ွာက္ရတာဟာ လံုးဝမလြယ္ကူဘူးဆိုတာကိုသိေပမဲ့လည္း လြန္ခဲ့တဲ့2ႏွစ္က ရင္သားကင္ဆာႏွင့္ေသဆံုးသြားခဲ့ရတဲ့ဇနီးျဖစ္သူကိုေပးထားတဲ့ကတိတည္ေအာင္ ႀကိဳးစားေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ ဇနီးသည္က ကေလးငယ္ေတြကိုေစာင့္ေ႐ွာက္ေပးဖို႔မွာၾကားခဲ့တာျဖစ္လို႔ အခက္အခဲေတြကိုေနာင္တမရဘဲ စိန္ေခၚမႈတစ္ရပ္အေနနဲ႔ သတၱိ႐ွိ႐ွိ ခရီးဆက္ေနခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။ Mohd Zain တြင္အျခားေသာက်န္းမာသန္စြမ္းသည့္ သားသမီး4ေယာက္႐ွိေပမဲ့လည္း ယခုမသန္စြမ္သည့္ကေလး3ေယာက္လံုးကိုေတာ့ သူတစ္ေယာက္တည္းကသာ ေရခ်ိဳးသန္႔စင္ေပးေနရသည့္အတြက္ ကေလးေတြကို ခ်ီသယ္မဖို႔အေတာ္ေလးကို အင္အားစိုက္ရေၾကာင္း ၊ သို႔ေပမဲ့လည္း သူတို႔ေလးေတြကိုေကြၽးေမြးဖို႔အတြက္ ေမာင္ႏွမအႀကီး2ေယာက္က ကူညီေပးေလ့႐ွိေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

Mohd Zain တြင္အျမဲတည္ၿငိမ္တဲ့ ဝင္ေငြမ်ိဳးမ႐ွိတဲ့အတြက္ Social Welfare Department (JKM) မွ ေငြေရးေၾကးေရးအတြက္လစဥ္ RM 1,050 (ျမန္မာေငြ 3သိန္းေက်ာ္ ဝန္းက်င္) ေထာက္ပံ့ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။ ထို႔အျပင္ Mohd Zain ၏အေၾကာင္းမွာ အေတာ္ေလးပ်ံ့ႏွံသြားခ်ိန္မွာေတာ့ အျခားေသာေထာက္ပံ့ကူညီေပးခဲ့သည့္သူမ်ားရ႐ွိလာခဲ့သည့္အျပင္ ၊ ကူညီမည့္ေစတနာ႐ွင္မ်ားကိုလည္း ဖုန္နံပတ္ႏွင့္တကြ ဘဏ္အေကာင့္နံပတ္ေတြပါေဖာ္ျပထားျပီး ဆက္သြယ္အကူအညီေပးႏိုင္ေၾကာင္း worldofbuzz သတင္းမီဒီယာ တြင္ ေဖာ္ျပထားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Be the first to comment on "ဦးနှောက်ချို့ယွင်းပြီးကိုယ်အင်္ဂါမလှုပ်ရှားနိုင်တဲ့သား 3ယောက်လုံးကို တစ်ကိုယ်တည်းပြုစုနေရတဲ့ Single အဖေ"

Leave a comment

Your email address will not be published.


*