ေဘးမဲ့ေတာမွာအေပ်ာ္တမ္းဓာတ္ပုံရိုက္ရင္း အလြန္ရွားပါးတဲ့အနက္ေရာင္က်ားရဲ့ပုံကို ရိုက္ယူနိုင္ခဲ့တဲ့ ေက်ာင္းသား

အသက္ ၂၇ ႏွစ္အရြယ္ Soumen Bajpayee ဟာ အိႏၵိယနိုင္ငံ Odishaၿမိဳ့ အေရွ႕ဘက္ရွိ Simlipal Reserve ႏွင့္ Nandankanan ေဘးမဲ့ေတာမွာ ရွားပါး Melanistic က်ားနက္တစ္ေကာင္ရဲ့ဓာတ္ပုံကိုရိုက္ယူနိုင္ခဲ့ပါတယ္။ငွက္ေတြနဲ႔ေမ်ာက္ေတြကိုေစာင့္ၾကည့္ေနတုန္း ေက်ာင္းသားေတြဟာ ေၾကာင္ႀကီးတစ္ေကာင္ကိုသတိထားမိလိုက္ၾကေပမဲ့ သူတို့ဘာေတြ႕ခဲ့လဲဆိုတာကို မသိခဲ့ၾကပါဘူး။တကယ္ေတာ့ က်ားနက္ေတြဟာ ဘဂၤလားက်ားေတြျဖစ္ၿပီး Pseudo-melanism လို့ေခၚၾကပါတယ္။သူတို့ရဲ့အနက္ေရာင္အစင္းၾကားေတြက တစ္ေၾကာင္းနဲ႔တစ္ေၾကာင္းအရမ္းနီးကပ္ေနတာေၾကာင့္ သူတို့ရဲ့လိေမၼာ္ေရာင္သားေမြးကိုမေတြ႕နိုင္ပါဘူး။ေၾကာင္နဲ႔ ဆင္တဲ့ဘဂၤလားရိုးရာက်ားေတြဟာ လူသားေတြျမင္ေတြ႕ရခဲတဲ့ေတာရိုင္းတိရိစၧာန္ တစ္မ်ိဳးပါ။

“Melanistic က်ားနဲ႔ပတ္သက္ၿပီး စိတ္ကူးထဲမရွိခဲ့ေပမဲ့ ႐ုတ္တရက္ေတာအုပ္ထဲေပၚလာၿပီး စကၠန႔္အနည္းငယ္ဘဲ ေနၿပီး သစ္ပင္ေတြေနာက္ထဲ ဝင္သြားခဲ့တယ္။အစပိုင္းမွာေတာ့ လုံးဝကြဲျပားျခားနားတဲ့က်ားနက္တစ္ေကာင္ကိုေတြ႕လိုက္ရေတာ့ ဘာေတြျဖစ္ခဲ့လဲဆိုတာေတာင္ေသခ်ာမသိေတာ့ဘူး။အရင္ကက်ားေတြ အမ်ားႀကီးေတြ႕ခဲ့ဖူးေပမယ့္ ဒီက်ားနက္ကလုံးဝကြဲထြက္ေနတယ္။စကၠန႔္အနည္းငယ္စာဘဲ ငါ ေတြ႕လိုက္ရေပမဲ့ အရမ္းေက်းဇူးတင္မိတယ္”လို့ Soumen ကေျပာျပခဲ့ပါတယ္။သူတို့က ဒီက်ားနက္ေတြကို တျခားက်ားေတြနဲ႔မိတ္ဖြဲ႕နိုင္ဖို့ေမၽွာ္လင့္ထားၾကၿပီး ဒါမွ Melanistic သားေပါက္ေတြကိုပိုေတြ႕ရနိုင္ေၾကာင္း ကမၻာ့ေတာရိုင္းတိရစၧာန္ ရန္ပုံေငြအဖြဲ႕ရဲ့အဆိုအရ က်ားအေကာင္ေရ ၃၉၀၀ သာ ေဘးမဲ့ေတာမွာ က်န္ရွိေနၿပီးအနက္ေရာင္က်ားေတြရဲ့အေရအတြက္က နည္းပါးေၾကာင္းလည္း ဆိုထားပါတယ္။

Jasmine (Mckzone Daily)

Source: Metro

Unicode

အသက် ၂၇ နှစ်အရွယ် Soumen Bajpayee ဟာ အိန္ဒိယနိုင်ငံ Odishaမြို့ အရှေ့ဘက်ရှိ Simlipal Reserve နှင့် Nandankanan ဘေးမဲ့တောမှာ ရှားပါး Melanistic ကျားနက်တစ်ကောင်ရဲ့ဓာတ်ပုံကိုရိုက်ယူနိုင်ခဲ့ပါတယ်။ငှက်တွေနဲ့မျောက်တွေကိုစောင့်ကြည့်နေတုန်း ကျောင်းသားတွေဟာ ကြောင်ကြီးတစ်ကောင်ကိုသတိထားမိလိုက်ကြပေမဲ့ သူတို့ဘာတွေ့ခဲ့လဲဆိုတာကို မသိခဲ့ကြပါဘူး။တကယ်တော့ ကျားနက်တွေဟာ ဘင်္ဂလားကျားတွေဖြစ်ပြီး Pseudo-melanism လို့ခေါ်ကြပါတယ်။သူတို့ရဲ့အနက်ရောင်အစင်းကြားတွေက တစ်ကြောင်းနဲ့တစ်ကြောင်းအရမ်းနီးကပ်နေတာကြောင့် သူတို့ရဲ့လိမ္မော်ရောင်သားမွေးကိုမတွေ့နိုင်ပါဘူး။ကြောင်နဲ့ ဆင်တဲ့ဘင်္ဂလားရိုးရာကျားတွေဟာ လူသားတွေမြင်တွေ့ရခဲတဲ့တောရိုင်းတိရိစ္ဆာန် တစ်မျိုးပါ။

“Melanistic ကျားနဲ့ပတ်သက်ပြီး စိတ်ကူးထဲမရှိခဲ့ပေမဲ့ ရုတ်တရက်တောအုပ်ထဲပေါ်လာပြီး စက္ကန့်အနည်းငယ်ဘဲ နေပြီး သစ်ပင်တွေနောက်ထဲ ဝင်သွားခဲ့တယ်။အစပိုင်းမှာတော့ လုံးဝကွဲပြားခြားနားတဲ့ကျားနက်တစ်ကောင်ကိုတွေ့လိုက်ရတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာတောင်သေချာမသိတော့ဘူး။အရင်ကကျားတွေ အများကြီးတွေ့ခဲ့ဖူးပေမယ့် ဒီကျားနက်ကလုံးဝကွဲထွက်နေတယ်။စက္ကန့်အနည်းငယ်စာဘဲ ငါ တွေ့လိုက်ရပေမဲ့ အရမ်းကျေးဇူးတင်မိတယ်”လို့ Soumen ကပြောပြခဲ့ပါတယ်။သူတို့က ဒီကျားနက်တွေကို တခြားကျားတွေနဲ့မိတ်ဖွဲ့နိုင်ဖို့မျှော်လင့်ထားကြပြီး ဒါမှ Melanistic သားပေါက်တွေကိုပိုတွေ့ရနိုင်ကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ရဲ့အဆိုအရ ကျားအကောင်ရေ ၃၉၀၀ သာ ဘေးမဲ့တောမှာ ကျန်ရှိနေပြီးအနက်ရောင်ကျားတွေရဲ့အရေအတွက်က နည်းပါးကြောင်းလည်း ဆိုထားပါတယ်။

Jasmine (Mckzone Daily)

Be the first to comment on "ေဘးမဲ့ေတာမွာအေပ်ာ္တမ္းဓာတ္ပုံရိုက္ရင္း အလြန္ရွားပါးတဲ့အနက္ေရာင္က်ားရဲ့ပုံကို ရိုက္ယူနိုင္ခဲ့တဲ့ ေက်ာင္းသား"

Leave a comment

Your email address will not be published.


*